Episode 6

4.3K 539 15
                                    

သူတို့နှစ်ယောက်ရဲ့စတင်တွေ့ဆုံမှုက မားမားစီစဉ်ပေးတဲ့ Blind Dateမှာပင်။

ချိန်းထားတဲ့အချိန်ထက်နောက်ကျနေတာကြောင့် ရှောင်းကျန့်မှာလောလောပြာပြာနဲ့ချိန်းထားတဲ့ကော်ဖီဆိုင်ထဲဝင်လာခဲ့သည်။

ဆိုင်ထဲမှာကလူရှင်းနေပြီးတစ်ဆိုင်လုံးမှာ ဆိုင်ဝန်ထမ်းများနဲ့ထိုကောင်လေးသာရှိသည်။

ဒီတစ်ခါမားမားစီစဉ်ပေးတဲ့ Blind Dateကဘာလို့ယောကျာ်းလေးနဲ့လဲ?

မားမားပြောလိုက်တဲ့အပေါ်ဖုံးအကျီလက်ရှည်မျိုးဝတ်ထားတာ ဒီကောင်လေးပဲရှိတာမို့ ရှောင်းကျန့်က ကောင်လေးဆီသွားပြီးထိုင်ခုံမှာဝင်ထိုင်ဖို့ခွင့်တောင်းလိုက်၏။

သို့သော် ထိုကောင်လေးကသူ့ကိုမျက်လုံးတစ်ချက်သာလှန်ကြည့်ပြီးဂိမ်းကိုသာအာရုံစိုက်ဆော့နေ၏။

ရှောင်းကျန့်မှာ ကောင်လေးဂိမ်းဆော့ပြီးမှစကားပြောကြတာပေါ့ဟု ဆုံးဖြတ်ချက်ချကာ ဂိမ်းဆေးပြီးသည်ထိစောင့်နေသည်။

သို့ပေမယ့်လည်း နာရီဝက်ကျော်ကျော်လောက်ထိထိုကောင်လေး၏အာရုံဟာ ဂိမ်းထဲမှာသာ။

မားမားကဘယ်လိုလူတွေနဲ့စီစဉ်ပေးနေလဲမသိဘူး...အိမ်ပြန်ရောက်မှပြောရဦးမယ်။

ကောင်လေးကဂိမ်းဆော့နေရင်းဖုန်းကိုစားပွဲပေါ်အကြမ်းပတမ်းပစ်ချလိုက်ကာ နှုတ်မှလည်းတစ်ချက်တစ်ချက်ဆဲကာ စားပွဲပေါ်ကကော်ဖီအေးကိုမော့သောက်လိုက်သေးသည်။ဒါတောင်အရှေ့မှာထိုင်နေတဲ့သူ့ကိုတစ်ချက်မကြည့်။

"ဒီမှာ‌ဗျ ဂိမ်းဆော့လို့ပြီးပြီလားဗျ...."

"ပြီးပြီလေ "

ဝမ်ရိပေါ်ကသူ့ဘယ်ဘက်ခြေထောက်ကိုညာဘက်ပေါင်ပေါ်မှာတင်ရင်းကော်ဖီတစ်ငုံသောက်ကာ ရှောင်းကျန့်ကိုမျက်ခုံးပင့်ကာဖြေတယ်။

နည်းနည်းမှ မယဉ်ကျေးဘူး။

"ဒါဆိုစမှိတ်ဆက်ကြရအောင်...ကျွန်တော့်နာမည်ကရှောင်းကျန့်ပါ...ဒီဘက်ကညီလေးက"

"ရိပေါ် ဝမ်ရိပေါ်"

စကားကအပိုစကားတစ်ခွန်းမှမပါ ဒါBlind Dateကိုလာနေသေးဟု ရှောင်းကျန့်စိတ်ထဲအနည်းငယ်ဆဲရေးလိုက်သည်။

ဆယ်နှစ်ငယ်တဲ့ငါ့ရည်းစားWhere stories live. Discover now