Episode 7

6K 597 29
                                    

ဝမ်ရိပေါ်က သူတို့ပထမဆုံးတွေ့တဲ့ကော်ဖီဆိုင်မှာတွေ့ဖို့ Wechatကနေတစ်ဆင့်စာပို့ပြီးချိန်းဆိုခဲ့သည်။

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ချိန်းဆိုမှုကိုခဏသာမျှတွေဝေခဲ့သော်လည်း "ကောင်းပြီ တွေ့ကြတာပေါ့"ဆိုပြီးစာပြန်ခဲ့၏။

ဒီကောင်လေးကခဏတာစိတ်ကစားချင်တာလားဆိုတာသူမသိတော့ဘူး။

သူကိုယ်တိုင်လည်းဝမ်ရိပေါ်ကိုသဘောကျပါသည်။

ဝမ်ရိပေါ်နဲ့သိခဲ့တဲ့အချိန်အတိုင်းအတာကခဏလေးပဲရှိသေးပေမယ့် ဒီကောင်လေးကသူ့ကုမ္မဏီထိတောင်လာပြီးကော်ဖီဘူးတွေလာပို့ခဲ့ဖူး၏။

ဗိုက်ဆာတယ်လို့ပြောမိလို့လဲ ညဘက်ကြီးမိုးတွေရွာနေတဲ့ကြား‌ကနေ မုန့်ဝယ်လာခဲ့ပေးဖူးလို့ သူနောက်ထပ်ဘာမှမပြောရဲလောက်အောင်ကိုဖြစ်ခဲ့ဖူးသည်။မဟုတ်ရင် ဝမ်ရိပေါ်ဆိုတဲ့သူ့ထက်ငယ်တဲ့အထက်တန်းကျောင်းသားလေးက

သူတို့အခြေအနေဟာရည်းစားမကျတကျအခြေအနေပင်ဖြစ်တာကြောင့် ကော်ဖီဆိုင်မှာ‌သွားတွေ့ရုံနဲ့ဘာမှဖြစ်သွားမှာမဟုတ်ချေ။

ရှောင်းကျန့်ဟာဝမ်ရိပေါ်ချိန်းထားတဲ့အချိန်ထက် နာရီဝက်စောကာရောက်နေခဲ့သည်။

"ဒီကအစ်ကိုကဝမ်ရိပေါ်ရဲ့အစ်ကိုလားဟင်?"

ဝမ်ရိပေါ်နဲ့ကျောင်းဝတ်စုံတူသည့်မိန်းကလေးဟာရှောင်းကျန့်ကိုမျက်လုံးလေးဝိုင်းလေးဝိုင်းကာမေးလာသည်။

"ညီမနာမည်ဝမ့်ရှင်းရီပါ ရိပေါ်ညီမကိုပြန်သဘောကျလာဖို့အစ်ကိုနားချပေးလို့ရနိုင်မလား"

ဒီခေတ်မိန်းက‌ေလးတွေကရဲတင်းလိုက်ကြတာ။

ထိုမိန်းက‌လေးထွက်သွားသည့်တိုင်အောင်ရှောင်းကျန့်မှာငူငူငိုငိုင်နဲ့ထိုင်နေမိ၏။

ဒီ'ကျောင်းမှာဝမ်ရိပေါ်ကိုမကြိုက်တဲ့မိန်းကလေးမရှိဘူး'ဆိုတဲ့ကျိုးချန်စကားကိုလည်းကြားယောင်ရင်းပေါ့။

သူတကယ်ဒီကောင်လေးနဲ့တွဲကြည့်သင့်လား?
၁၀နှစ်ငယ်တဲ့ကောင်လေးကိုယုံကြည်လို့ဖြစ်ပါ့မလား။

ဆယ်နှစ်ငယ်တဲ့ငါ့ရည်းစားWhere stories live. Discover now