Episode 2

5.1K 579 9
                                    

"မားမား ဒါကနှစ်ပုလင်းကြီးတောင်မှဘာလို့ဝယ်ထားတာလဲ အပိုကုန်အောင်...အရင်ပုလင်းကဝယ်ထားတာတောင်မကြာသေးဘူး"

ရှောင်းကျန့်ကသုံးသင့်တဲ့နေရာမှာပိုက်ဆံသုံးပေမယ့်မလိုအပ်တဲ့နေရာမှာပိုက်ဆံသုံးတာကိုမကြိုက်။

"ဘေးခန်းကကောင်လေးက မနေ့ကငှားသွားတဲ့ဟင်းချက်ဝိုင်လာပေးရင်သူ by one get oneရလို့လာပေးသွားတာပါအေ...မင်းမှာလဲ လူပျိုကြီးဆိုတဲ့အတိုင်းပဲ"

"မားမားကလဲ...ဒီလူပျိုကြီးဆိုတာကိုပဲလာခလုတ်တိုက်နေတော့တာပဲ"

"လူပျိုကြီးမဟုတ်လို့လားကွ"

ထမင်းစား စားပွဲထိပ်မှာသတင်းစာဖတ်နေရင်းထိုင်နေတဲ့‌့အဖေဖြစ်သူရှောင်းဝေကပါမိန်းမဖြစ်သူစကားကိုဝင်ထောက်ခံလိုက်၏။

"ငါ့သူငယ်ချင်းရဲ့သားလေးတောင်ဒုတိယကလေးရနေပြီ မင်းထက်တောင်အဲ့ကလေးက၅နှစ်ငယ်သေးတယ်"

"သူများကသူများ သားကသားလေပါးပါးရယ်"

ရှောင်းကျန့်ကပန်းကန်ထည့်ထားတဲ့ဝက်ပေါင်ခြောက်ကိုယူစားဖို့လုပ်တော့ ရှောင်းမိန်ကသားဖြစ်သူရဲ့လက်ကိုရိုက်လိုက်သည်။

"အဲ့တာဘေးခန်းကကောင်လေးဖို့"

ရှောင်းကျန့်မှာမိခင်ဖြစ်သူကိုအလွန်တရာမှာအံ့ဩမိသွားသည်။မနေ့ကမှမြင်ဖူးတဲ့လူကိုဘာကြောင့်ဒီလောက်တောင်ကောင်းနေရတာပါလဲ။

"ကောင်လေးကတစ်ယောက်ထဲနေရှာတာထင်တယ်။မိဘနဲ့အဝေးမှာနေရတော့ သူ့ခင်မျာအိမ်ကိုလွမ်းရှာမှာ...သားသားအဲ့ကောင်လေးကိုမင်းညီလိုသဘောထားပြီးဂရုစိုက်ပေးနော်"

"ဟုတ်...ဟုတ်"

ရှောင်းကျန့်ကရယ်ချင်နေတဲ့စိတ်ကိုနှုတ်ခမ်းကိုကိုက်ကာထိန်းလိုက်ရသည်။ဘယ်နှယ် ဝမ်ရိပေါ်လား အိမ်ကိုလွမ်းမှာ....မိဘတောင်မနိုင်လို့ လက်မြှောက်ထားရတာကို။

"သွားပေးလိုက်ဦး...မနက်ခင်းဆို‌ေတာ့ဗိုက်ဆာ‌ေနရှာမှာ"

နေဖင်ထိုးမှထတဲ့ဝမ်ရိပေါ်ကမနက်စာဆိုတာဘာမှန်းသိတောင်သိပါ့မလား။

ဆယ်နှစ်ငယ်တဲ့ငါ့ရည်းစားWhere stories live. Discover now