အပိုင်း ၉။

85 0 0
                                    

Jackson Center...မြင့်မားသည့်အဆောက်အဉီးကြီးက နယူးယောက်မြို့လယ်ခေါင်မှာ ထင်ထင်ရှားရှားကြီးရှိနေပြီး ရုံးခန်းများ လူနေအိမ်ခန်းများအပြင် စားသောက်ဆိုင်များနှင့် ကုန်တိုက်များကိုပါ တွဲဖွင့်လှစ်ထားတာမို့ လူစည်ကားလှသည်။ ထိုအဆောက်အဉီးကြီးရဲ့ အမြင့်ဆုံးအထပ်မှာ ဖွင့်လှစ်ထားသော ပစ္စည်းပျောက်က်ရှာဖွေရေး စင်တာ သည်ကားလူစိတ်ဝင်စားမှုခံရခြင်း အနည်းဆုံးသော လုပ်ငန်းတစ်ခုပင်။ တစ်လလုံးနေမှ ဧည့်သည်ဆိုလို့ လက်ငါးချောင်းပြည့်အောင် မလာတတ်တဲ့ ရုံးခန်းမှာ လူ‌ပေါင်း ၃၀ လောက် စုရုံးနေတာမို့ စုံစမ်းရေးကောင်တာက မိန်းကလေးခမျာ ဘာလုပ်ရမှန်းမသိအောင်ဖြစ်နေရတော့သည်။ဉက္ကဌရုံးခန်းထဲကထွက်လာတဲ့ ဝဝဖိုင့်ဖိုင့် Mr.Ryan ထွက်လာပြီး အားလုံးကို တစ်ပြေးညီနှုတ်ဆက်လိုက်သည်။"ကဲ .. စိတ်အေးအေးထားပြီး ထိုင်လိုက်ကြပါလား။ လာရင်းအကြောင်းအရာက အတူတူပဲဆိုတော့ ခေါင်းဆောင်တွေထွက်လာပြီး ပြောကြမယ်လေ။Roger, Samuel နဲ့ Pathanar Sarawut တို့သုံးဉီး ထွက်လာပြီး Royan နဲ့အတူ အခန်းထဲ လိုက်သွားကြသည်။Royan ဆီကို ရော်ဂျာတို့ရောက်လာရတဲ့ ရည်ရွယ်ချက်ကား ဇက် ဆိုတဲ့ အာရှသားကလေးရဲ့ တောင်းဆိုမှုကို အခြေခံပြီး Cobra mission team မြွေဟောက်စစ်ဆင်ရေးအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနှင့် အိမ်နီးခြင်းနိုင်ငံတွေထဲ လွယ်လွယ်ကူကူ ပြည်ဝင်ခွင့်ရဖို့ ၊ FBI နဲ့ interpol တို့ ကို CMT နဲ့ ပူးတွဲဆောင်ရွက်စေဖို့အတွက် ညွှန်ကြားပေးနိုင်မယ့် ခေါင်းဆောင်တစ်ယောက်ကို တွေ့ဖို့ တောင်းဆိုရန် ‌ရောက်လာကြတာဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတစ်ဘက်ကမ်း ထိုင်းနယ်စပ် အထူးရဲ ကွန်မန်ဒိုများကလည်း Dragon head ဂိုဏ်းရဲ့ ဘိန်းချက်ဖိုတွေကို ဝင်ဖမ်းချင်လို့ စောင့်နေတာကြာပြီ အခုလက်နက်မှောင်ခိုသွင်းမယ့် ကိစ္စ သတင်းရထားပြီးပြီ။ သတင်းမြုပ်သွားပြီး ထပ်စုံစမ်းလို့မရတာကြောင့် လိုင်စင်နဲ့သွင်းနေတဲ့ ကုန်ပစ္စည်းတွေကို ပူးတွဲစစ်ဆေးခွင့်ရနိုင်ဖို့ ခွင့်ပြုမိန့်ပေးနိုင်မည့်သူကို တွေ့ချင်တာကြောင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ကိုယ်စားလှယ် Phathana ရောက်လာတာဖြစ်သည်။ Phathana က မူးယစ်ဆေးနဲ့ လက်နက် မှောင်ခိုသွင်းနေတဲ့သူတွေဟာ နှစ်ဘက် အာဏာပိုင် အကောင်ကြီးကြီးဆီမှာ ခွင့်ပြုမိန့်တွေ ယူထားတာ သိနေသော်လည်း ဖမ်းဖို့သက်သေတစ်ချို့ရှိပေမယ့် လိုက်လေဝေးနေဖြစ်နေရကြောင်း။ သူတို့ဘက်က စိမ့်ဝင်နေတဲ့ သူလျှိုတွေ ပျောက်နေတာ စိုးရိမ်ရလို့ Cobra Mission team ပူးပေါင်းဖို့လာတာဖြစ်ကြောင်း ပြောတော့မှ ဆင်မြူရယ်အတော်အံ့သြသွားလေသည်။"အိုး.. CMT မြွေဟောက် မစ်ရှင် ကို မင်းဘယ်ကသိလဲ"ဆင်မြူရယ်မေးတာကို ပါထနာက မထူးဆန်းသည့် အမူအယာဖြင့်"မာဂရက် ဆီကသိရတယ်""မာဂရက်က လွန်ခဲ့တဲ့ ၁၀နှစ် Dragon head ကို လိုက်ဖမ်းတည်းက သေခဲ့ပြီလေ။ ပြီးတော့ မာဂရက်ဆိုတာ Dragon head ကို မြင်ဖူးတဲ့ တစ်ဉီးတည်းသောသူပဲ။"မာဂရက်ဆိုတာ ... မင်းထင်ပဲဖြစ်သည်။ အထူးအေးဂျင့် မင်းထင်ကား ရှည်သွယ်ပြီး မိန်းမချောချောသူမို့ မာဂရက်အမည်နဲ့ နှစ်ပေါင်းများစွာလှုပ်ရှားခဲ့တာ ဆင်မြူရယ်တို့ထက် ငယ်ပေမယ့် တော်တဲ့အေးဂျင့်တစ်ယောက်။ Dragon head ကိုဖမ်းဖို့ ဂွင်ဆင်တဲ့အထဲ တစ်ယောက်တည်း ကျူးပါသွားတာမို့ အသတ်ခံလိုက်ရတာ။ မာဂရက်သေသွားတာကို ကိုယ်တိုင်မြင်လိုက်ရတဲ့ ဆင်မြူရယ် မယုံနိုင်‌အောင်ပင်။ဆင်မြူရယ်နဲ့ ပါထနာ တို့စကားကိုနားထောင်ရင်း Royan သတင်းလုံခြုံမှုကိုစိတ်ပူနေတုန်းမှာပဲ Eagle Eyes (သြဂတ်စ်) ရောက်လာပြီး အကျိုးအကြောင်းကို ရှင်းပြလေသည်။"မှန်တယ်။ မာဂရက်က DH ကို မြင်ဖူးလိုက်တဲ့ တစ်ဉီးတည်းသောသူပဲ။ ဒါကြောင့်လည်း သူ့ကို သေစာရင်းသွင်းပစ်လိုက်ရတာ။ ငါတို့ DH ကိုဖမ်းဖို့ကြိုစားတိုင်း လွတ်ထွက်နေတာမို့လို့ တို့အဖွဲ့ထဲ အတွင်းလူရှိနေတယ်လို့ သံသယရှိနေတာ။ မာဂရက်ကို သူ့တိုင်းပြည်ပြန်မပို့ခင် ဘန်ကောက်မှာ ပုန်းခိုင်းထားပြီး ငါတို့ နောက်ကွယ်က အတွင်းလူကို စုံစမ်းနေခဲ့တာပဲ။ အခု လက်နက်မှောင်ခိုသွင်းမယ့် Crystal ဂိုဏ်းနောက်ကို ငါတို့လိုက်နေတာ မထင်မှတ်ဘဲ ဇက်ဆီကနေ DH ရဲ့သတင်းအစကို ရလာခဲ့တာ။ ထိုင်းဘက်က ပါထနာနဲ့ တွဲလုပ်နေတဲ့ မင်းထင်ကို ဇက်ဆီကပို့ပေးထားတဲ့ သက်သေ Video တွေပြလိုက်တော့ DH ခေါင်းဆောင်တစ်ယောက်ကို အဲ့ဒီVideo တွေထဲမှာ မော်စီနဲ့တူတူ တွေ့လိုက်ရတယ်လို့ သတင်းပို့လာတယ်။ ဒီကိစ္စက ဇက်အတွက် သိပ်ဝန်လေးသွားပြီ။ ကောင်လေးက သူရင်ဆိုင်နေရတာ ဘာလဲလို့ သူမသိဘူး။ တို့ ဝင်မပါခဲ့ခဲ့ရင် ရာဇဝင်ရိုင်းပြီ။ဒီကလေး တို့ဆီရောက်လာဖို့ ဘယ်နှစ်နှစ်ကြိုးစားလာလဲသိလား လေးနှစ်ကွ လေးနှစ်။ ငါတို့ တာဝန်ရှိသူတွေ နေသာသလိုနေနေလို တာဝန်မရှိတဲ့သူက သူချစ်ရသူတွေကို ကာကွယ်ဖို့ ဆိုပြီး ရောက်လာတဲ့ လူငယ်လေးကို ငါအသက်နဲ့လဲပြီးကာကွယ်ရမယ် ရိုင်ရန်။ မင်းနားလည်သင့်တယ်။"ကျန်သောသူများကလည်း သြဂတ်စ် နဲ့ သဘောအတူတူပဲဖြစ်သည်။ ဇက်တစ်ယောက်တည်း ဆက်သွယ်ရေးစက်တွေတပ်ဆင်ပြီး အစီအစဉ်တွေကို လုပ်ဆောင်နေတာ အန္တရာယ်များလွန်းသည်။"ကောင်းပြီ ဒါဆိုငါ ‌သက်သေတွေ ကြည့်ချင်တယ်။ အခုလောလောဆယ် နယ်စပ်ဖြတ်ကျော် မှုခင်းဆိုင်ရာ လျှို့ဝှက်အေဂျင့်ခေါင်းဆောင် နဲ့ တိုက်ရိုက်စကားပြောနိုင်မလား ငါကြိုးစားကြည့်မယ်။"Royan စကားဆုံးတာနဲ့ ကြိုးဖုန်းကို ကိုင်ကာနံပါတ်တစ်ခုကိုနှိပ်လိုက်သည်။"Mr. Tommy, တွန်မီ။ Crystal အကြောင်း မြွေဟောက်တွေက စကားပြောချင်တယ်။"FBI and interpol agent ဟောင်း လက်ရှိ နယ်စပ်ဖြတ်ကျော်မှုခင်းများဆိုင်ရာ လျှို့ဝှက်အဖွဲ့ရဲ့ခေါင်းဆောင် တွန်မီ ၁၅ မိနစ်အတွင်း ရောက်ချလာခဲ့သည်။ ဇက်(ဘုန်းဇေယျတု) ပေးခဲ့တဲ့ အစီအစဉ်များကို အခြေခံပြီး လတ်တစ်လော နယ်စပ်ဖြတ်ကျော်မှောင်ခိုကိစ္စများအပြင် Dragon Head ပြန်ပေါ်လာတာကို ဆွေးနွေးကြပြီး တွန်မီနားလည်သွားတာမို့ သမ္မတရုံးကနေ သူတို့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မည့် ညွှန်ကြားချက်ကို ရယူဖို့ လျှင်မြန်စွာ ထွက်သွားလေသည်။ ဆင်မြူရယ်တို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မြွေဟောက် စစ်ဆင်ရေး နှင့် ဇက် အတွက် အဆင်သင့်ဖြစ်ကြကြောင်း အချက်ပြလိုက်တော့သည်။********************************************တစ်ဘက်ခန်းက ရှိန်းဆက်သွင် အိပ်ပျော်သွားတာသေချာတော့မှ ဘုန်း အနက်ရောင်ဂျင်း‌ဘောင်းဘီ အနက်ရောင် ခေါင်းစွပ်ဟူဒီ အနက်ရောင် မျက်နှာဖုံးစွပ်တို့ကို ဝတ်ဆင်ပြီး အိမ်ကထွက်လာခဲ့သည်။ ဒီနေ့ညတော့ အစီအစဉ်အတိုင်း အကို့အိမ်ကို ခိုးဝင်ရတော့မည်။ ဇေယျတုအိမ်ဘက်ကနေ ပတ်ပြီး လာနေကျလမ်းအတိုင်း အကို့အခန်းထဲကို ခိုးဝင်လိုက်သည်။ အကိုသည်ကား ညအိပ်မီးလေးအောက်မှာ အေးအေးချမ်းချမ်း အိပ်ပျော်နေလေပြီ။ ညအိပ်မီးလေးကို ဘုန်း ပိတ်ပစ်လိုက်ပြီး လေ့ကျင့်သားရနေတဲ့ မျက်လုံးများက အမှောင်ထဲမှာပဲ အကို့ကုတင်အောက်ကို ငုံ့ရှာလိုက်သည်။ မတွေ့။ ဆုတောင်းတွေကားမပြည့်လေ။ အကိုကင်မရာကိုတွေ့သွားခဲ့ပြီပဲ။ ဘုန်း ရုတ်တရက် စဉ်းစားလိုက်မိသည်။ ကြောင်တစ်ကောင်ရဲ့ပေါ့ပါးမှုမျိုးနဲ့ အကို့ခန်းလုံးပြည့် စာအုပ်စင်ပေါ် ရှာမိတော့.. စာအုပ်စင်ဒေါင့်မှာ တင်ထားတဲ့ ကင်မရာအိတ်ကို တွေ့လိုက်ရလေသည်။ ဘုန်း ဝမ်းသာသွားပြီး ကင်မရာအိတ်ကို အသာအယာဖွင့်ကာ ကင်မရာကိုထုတ်ယူလိုက်ပြီး အထဲက SD card ရှိမရှိ စစ်ကြည့်လိုက်သည်။ ထိုခဏမှာပဲ အကိုဆီက လူးလွန့်သံ‌ကြောင့် ဘုန်း နံရံကပ်ပြီး ငြိမ်နေလိုက်ရသည်။ မထူးတော့ ကင်မရာအိတ်ကိုပါ လွယ်ပြီး အခန်းထဲကပြန်ထွက်မယ်ကြံကာမှ ပြတင်းတံခါးကိုဖြတ်လာတဲ့ လရောင်လေး အကိုမျက်နှာပေါ်ကျနေတာ ဘုန်းမြင်လိုက်ရတာ။ ဘုန်း အကိုနံဘေးနား မုဆိုးဒူးထောက်ထိုင်လိုက်မိသည်။ အကိုရယ် ကလေးလေးလိုပဲ အိပ်ပျော်နေရှာတာ။ အကိုရှေ့ ထွက်လာဖို ဘယ်လိုမှမဖြစ်လိုပါ အကို။ ကံမကုန်သေးရင်တော့ ဆုံကြရမှာပါ။ အကို့အပေါ်ဖြစ်နေတဲ့ ဆန်းပြားတဲ့ ခံစားချက်တွေကို မြိုသိပ်ပြီး အကိုနဲ့ ရင်ဆိုင်နိုင်ဖို့ ကြိုးစားပြီး အရောက်လာပါ့မယ်။ ဘုန်း မရည်ရွယ်ပါဘဲ အကို့လက်လေးကို ကိုင်လိုက်မိသည်။ ဘုန်းလက်ကိုလည်း အကိုက တင်းတင်းပြန်လည်ဆုပ်ကိုင်ထားတာမို့ ဘုန်း ရင်ထဲ ကြည်နူးခြင်းတွေ အပြည့်ဖြင့်သာ။ အိမ်မက်ဆိုးတွေ ဝေးတော့မှာပါအကို။ဘုန်း အခန်းထဲက အသယယာပြန်ထွက်လာစဉ် အခန်းဝမှာ လူတစ်ယောက်နဲ့ပက်ပြင်းတိုး မိတော့သည်။ ထိုလူသည်ကား ဘုန်းလိုပဲ မျက်နှာကိုစည်းထားပြီး ခိုးကြောင်ခိုးဝှက်လာနေရာက ဘုန်းကိုမြင်တဲ့အခါ သူ့လက်ထဲက ဓါးနဲ့လှမ်းထိုးလိုက်သည်။ မထိ။ ဘုန်းလက်သီးတစ်ချက် ပစ်သွင်းလိုက်တာ မေးရိုးကိုတစ်ချက်တည်း ထိတာမို့ နောက်ကိုယိုင်သွားလေသည်။ အထိနာသွားတဲ့ ထိုသူက လက်ထဲကဓါးကို ဝှေ့ယမ်းပြီး အတင်းတိုးဝင်လာပြန်သည်။ ဘုန်း ဓါးကို ဂရုစိုက်ရှောင်နေရင်း လစ်တာနဲ့ ရင်ဝကိုဆောင့်ကန်ချလိုက်တာ ထိုလူ အွတ်ကနဲ ကိုင်းအကျမှာ ဘုန်းလက်ကို ဓါးနဲ့မိမိရရခုတ်ပစ်လိုက်သည်။ ဘုန်းလက်ဖျံမှာ ဓါးတစ်ချက် ထိပြီး တိုက်ခိုက်အားလျော့သွားချိန် ထိုလူက ဘုန်းရဲ့ဗိုက်နေရာကို ဓါးနဲ့လှမ်းထိုးတာကြောင့် လက်ကိုဖမ်းဆွဲထားပြီး ဓါးကိုလုဖို့ကြိုးစားလိုက်ရသည်။ ဘုန်းလက်ကနာနေတာကြောင့် ထိထိမိမိ မဖမ်းနိုင်။ ဘုန်းသင်တန်းမှာသင်ထားခဲ့ရတဲ့အတိုင်း သူ့အားကိုယူပြီး ပခုံးပေါ်ထမ်းကာ ကိုင်ပေါက်ချလိုက်ရာ"ဒုန်း.. အား.. ဇွပ်"ကိုင်ပေါက်လိုက်တဲ့အရှိန်နဲ့ ကြမ်းပေါ်ကျသွားတဲ့ ထိုလူထိုလူ သူ့လက်ထဲကဓါးနဲ့ သူ့ဘာသာ ဗိုက်ကိုထိုးမိသွားတာဖြစ်သည်။ အသံတွေကြောင့် မနက်ဖြန် မော်လမြိုင်ဆင်းဖို့ အသင့်ပြင်ရင်း ညည့်နက်မှ အိပ်ဖြစ်တဲ့ မင်းဗညားနိုးလာတော့သည်။ မင်းဗညား အခန်းတံခါးဖွင့်ပြီးအထွက် ဗိုက်ကဓါးကိုဆွဲနှုတ်ထားတဲ့ လူဆိုးဘက်ကို မျက်နှာမူလျက်သားမို့ ထိုလူလက်ထဲက ဓါးကို မင်းဗညား အတင်းလုလိုက်မိသည်။ လူဆိုးလက်ထဲက ဓါးကို မင်းဗညား လုယူနေတုန်း ဘုန်း နောက်ဖေးပြတင်းပေါက်ကနေခိုဆင်းလာခဲ့သည်။ အသံဗလံတွေကြောင့် ကောင်းရိပ်လွှမ်းနိုးလာပြီး အခန်းပြင်ကို အပြေးအလွှားထွက်လိုက် ချိန် မင်းဗညားနဲ့လူဆိုးတို့ လုံးထွေးသတ်ပုတ်နေရာက တစ်ခဏအကြာ လူဆိုးလဲကျ ပြီးငြိမ်သွားတာမို့ ဗညားနဲ့ ကောင်းရိပ်လွှမ်းတို့ စစ်ဆေးကြည့်ကြသည်။ စောစောကထိုးမိထားတဲ့ ဒဏ်ရာက အစာအိမ်ပေါက်ထွက်ပြီး သေဆုံးသွားတာဖြစ်သည်။ ကောင်းရိပ်လွှမ်းအရေးပေါ် အသက်ကယ်အသက်ကယ်ဖို့ CPR လုပ်သော်လည်း မရတော့။ ကောင်းရိပ်လွှမ်း ရှင်းရှင်းလင်းလင်း မြင်ရစေဖို့ အခန်းမီးဖွင့်တော့ အခန်းထဲမှာ ကင်မရာမရှိတော့။ ကင်မရာဒီအိမ်ထဲမှာရှိမှန်းသိတာ ဘုန်းပဲ ရှိသည်မဟုတ်လား။ ဘုန်းများရောက်လာသလား။ ကောင်းရိပ်လွှမ်း အခန်းနံဘေးပြတင်းတံခါးကို အပြေးဖွင့်ကာ အုတ်တံတိုင်းမှာထောင်ထားတဲ့လှေကားလေးကို ကြည့်မိတော့သည်။ အရိပ်အယောင်တောင် မတွေ့။ ကောင်းရိပ်လွှမ်း အိမ်ပေါ်ကနေ ပြေးဆင်းလာမိသည်။ သူပြေးမိတာကတော့ အုတ်တံတိုင်းကို မှီထားတဲ့ လှေကားထစ်လေးတွေဆီပင်။***********ဘုန်း လက်ဖျံကဒဏ်ရာထိချက်ကနက်လို့ သွေးသိပ်မထွက်ပေမယ့် အတော်နာသည်။ အိမ်နောက်ဖေးပိုက်ကို တွယ်ဆင်းလာခဲ့ပြီးတာနဲ့ အပြေးအလွှား အုတ်တံတိုင်းကိုမီထောင်ထားတဲ့ လှေကားပေါ်အမြန်တက်ကာ တစ်ဘက်က ဇေယျတုခြံထဲ ခုန်ချလိုက်ရသည်။ ဘုန်းခုန်ချလိုက်သည်နှင့် အကိုအခန်းက ပြတင်းပေါက်ပွင့်လာတာ။ ဘုန်းအုတ်နံရံမှာ ‌ကျောကပ်နေရသည်။ စက္ကန့်ဝက်လောက်နောက်ကျရင် ဘုန်းကို အကိုတွေ့ပြီ။ ဘုန်းအသက်ကိုလုရှုနေရသည်။ တခြားဘာမှမတွေးအား အကိုအိမ်ဘက်က မီးတွေထိန်လင်းလာတာမို့ ဘုန်းဇေယျတု အိမ်ထဲပြန်ဝင်ဖို့မလွယ်တော့။ အကိုရဲ့ အုတ်တံတိုင်းနားကပ်လျက် ဘုန်းရေလို့ခေါ်နေသံကို ကျောခိုင်းကာ ဘုန်း နေဝင်းလမ်းအိမ်ကိုသာ ပြန်လာခဲ့တော့သည်။ ဘုန်းအိမ်ရောက်တာနဲ့ ကင်မရာထဲ ကဒ်ကို စစ်ကြည့်သည့်။ ဘာမှမပါ။ ကဒ်အလွတ်ပဲဖြစ်သည်။ ဘုန်းဇေယျတု စိတ်ညစ်သွားမိသည်။ အကိုက ဖိုင်တွေတွေ့ပြီး ဘယ်သူမျှမပြချင်လို့ ဖျက်ပစ်တာလား။ အကို့ဆီလာတဲ့လူက ကင်မရာကြောင့်လား။ တခြားဘာကိစ္စအကိုဆီ ဓါးနဲ့လာတာလဲ။ ဘုန်းအကို့ကို စိတ်ပူလာမိသည်။ လက်က ဒဏ်ရာကို ရှပ်အင်္ကျီတစ်ထည်ဖြဲကာ တင်းတင်းပတ်ထားလိုက်ရင်း ခဏလှဲလိုက်မိသည်။ သက်သေမတွေ့တဲ့သတင်းပို့ရလေအုံးမည်။ ဘုန်း မနက်စောစောထပြီး ဇေယျတုအိမ်ကို ပြန်သွားကာ အခန်းထဲဝင်လာခဲ့သည်။ Code ‌‌‌ရေးပြီး သက်သေများပျောက်နေသေးကြောင်း သတင်းပို့လိုက်သည်။ လက်ကအနာရှိန်ကြောင့် ဘုန်းကြမ်းပြင်ပေါ်လှဲနေရင်း ပြန်စာတွေကိုစောင့်နေမိသည်။ ထိုစဉ် ဘုန်းတစ်ခုသတိပြုမိလိုက်သည်။ ပို့စာနဲ့ ပြန်စာ reply ကြာချိန်။ Software system ကို ပို့စာ 30 second အပြီး ပြန်စာ Auto reply အော်တိုရီပလိုင်း ပြန်စာရောက်မှ မက်ဆေ့ပျက်ကြောင်းသေချာဖို့ ရေးဆွဲထားတာ။ အခု ကုဒ် ၂ ခုတည်းက ပြန်စာ ၂မိနစ်ခန့် အချိန်ယူသည်။ အမှန်ဆိုလျှင် ကုဒ် ၂ခုတည်းဆိုရင် 12 စက္ကန့်ပဲကြာရမှာမဟုတ်လား။ ဘုန်းသံသယကို ရှင်းချင်တာမို့ ချန်းဆီ မေးလ်တစ်စောင်ရေးပြီး personal account ကနေပို့လိုက်သည်။ အစီအစဉ်အတိုင်း ဘုန်းကင်မရာနှင့် ရိုက်မိထားတဲ့ ကဒ်ထဲက Video တွေကိုသုံးပြီး မော်စီနှင့် ချိတ်ဆက်နေတဲ့ အကျင့်ပျက် ရဲ နှင့် အခြားသော ဒုစရိုက်ခေါင်းဆောင်တွေကို ထောင်ဖမ်းဖို့ သိပ်မလွယ်တော့။ ဘုန်းစိတ်ဓါတ်တွေကျချင်လာမိသည်။***************************ကောင်းရိပ်လွှမ်းကိုလွယ်လွယ်နဲ့ စည်းရုံးမရမှန်း မော်စီသိသည်။ သူသတိလစ်သွားတဲ့ကာလလေးအတွင်း ဒီကောင်လေး အရွယ်ရောက်သွားခဲ့တာပဲ။ မော်စီ ကောင်းရိပ်လွှမ်းကို မိုးတိမ်လွှာနှင့် စီစဉ်ပေးလိုက်လျှင် အကျိုးအများကြီးရှိလိမ့်မည်။ မိုးတိမ်လွှာကလည်း သူငယ်ချင်းနောက် အလည်လိုက်သွားတာ တစ်လနီးပါး ပြန်လဲ မလာသေးပေ။ မော်စီ ကောင်းရိပ်လွှမ်းကို ပညာပေးဖို ဒုက္ခိတအမေကို သတ်ပစ်ပြီး ခြိမ်းခြေက်ဖို့ လွှတ်လိုက်တဲ့လူက ကောင်းရိပ်လွှမ်းအိမ်မှာပဲ သူ့ဓါးနဲ့သူ သေပြီ။ မော်စီဆရာကြီးကို အပူကပ်ရတော့မည်။ မဟုတ်ရင် ရဲတွေက သူလုပ်ခိုင်းကြောင်း အနံ့ရတော့မှာ။ ဒါတောင် ကြေးစားခေါ်ခိုင်းတာမို့လို့ သက်သာနေသေးတာဖြစ်သည်။ မတတ်နိုင် တစ်ချို့ငွေနဲ့ ရှင်းရမယ့်ဟာတွေ အကုန်ခံလိုက်တော့မည်။လတ်တစ်လောတော့ အမှုမပတ်အောင် မော်စီ ခေတ္တရှောင်နေရတော့မည်။ မျက်စောင်းထိုးက မြရိပ်ခြယ် ခြံထဲတွင်ကား ရဲများနှင့် လူနာတင်ယာဉ်တို့ ရှုပ်ထွေးနေချိန် မော်စီ့ကားလေး မဟာဓနခြံထဲကနေ ခပ်သွက်သွက်ပဲ လက်အောက်ငယ်သားတွေခြံရံကာ ထွက်သွားလေတော့သည်။**************************ဘုန်းဇေယျတု အိမ်နောက်ဖေးတံခါးကို ခပ်မြန်မြန်ဖွင့်ပြီးထွက်လာခဲ့သည်။ တစ်ဘက်ခြံမှာ ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေနဲ့ ရှုပ်နေပြီမို့ နေဝင်းလမ်းအိမ်ကိုသာ ပြန်လာခဲ့ရသည်။ ဘုန်း ကုဒ်နံပါတ် 3033 ကို ဒီနေ့ကျေးဇူးပိုတင်နေမိသည်။ 3030 တေဇမျိုးနဲ့ တွေ့ဆုံပြီးပေမယ့် ဘုန်းကို Honda fit လေးတစ်စီးစီစဉ်ပေးထားတဲ့ ကုဒ်နံပါတ် 3033 ကိုတော့ ဒီနေ့အထိ မတွေ့ရသေး။ ကိစ္စတော့မရှိပါ။ သူတို့တွေက တစ်ယောက်ကိုတစ်ယောက် မသိရလေကောင်းလေမဟုတ်လား။ ဇေယျတုအိမ်တော် နဲ့ အတော်ဝေးဝေးမှာရပ်ထားတဲ့ ကားလေးပေါ်တက်လိုက်ပြီး မောင်းထွက်လာရင်းက လက်ကအနာကိုဆေးထည့်ဖို့လည်း အရက်ပျံနဲ့ ပတ်တီးလိပ်ဝင်ဝယ်လိုက်သည်။ ရှိန်းနဲ့အတူတူစားဖို့ ခေါက်ဆွဲကြော်လည်း ဝင်ဝယ်ခဲ့သည်။ ဘုန်းအိမ်ပြန်ရောက်တော့ ရှိန်းမရှိတော့။ ဟုတ်သားပဲ သူခရီးသွားမယ်ပြောတာလေ။ ဘုန်း တယ်လီဖုန်းကိုဖွင့်ပြီး ရှိန်းနေရာကို Location ထောက်ဖို့ကြည့်လိုက်တော့ ဖုန်းကအားလုံးဝကုန်နေပြီ။ ဖုန်းအားသွင်းထားရင်း အခန်းပြင်ထွက်ပြီး ခေါက်ဆွဲကြော်စားဖို့ ပန်းကန်ယူမယ်ကြံပြီးကာမှ လူကအနာရှိန်နဲ့ဖျားချင်နေတာမို့ ဘူးနဲ့ပဲစားလိုက်ပြီး ဆေးတစ်လုံးသောက်ကာ ခဏလှဲနေလိုက်မိသည်။ အစီအစဉ်ကားပြောင်းလဲသွားလေပြီ။ ဘုန်းကျောပိုးအိတ်ထဲက ချန်းထည့်ပေးထားတဲ့ကင်မရာ အသေးလေးတွေကို ထုတ်ကြည့်ရင်း ညအစီအစဉ်အတွက် ဇယားချနေမိသည်။ ဒီတစ်ခေါက်စွန့်စားလိုက်လျှင် ... အနည်းဆုံးတော့ ရုပ်ရော အသံရော မှတ်တမ်းရလာမှာပင်။ ဒီနေ့မရတော့ နောက်နေ့ပေါ့ကွာ။***********************ထွဋ်ခေါင် အိမ်ခြံမြေ ‌ရောင်းဝယ်ရေးနှင့် စီးပွားရေးအကြံပေးလုပ်ငန်း...ဆိုင်းပုဒ်က ခမ်းနားကြီးကျယ်သလောက် အိမ်နဲ့တွဲလျက် အလုပ်တိုက်ကလည်း ခြံဝင်းအပြည့်တည်ဆောက်ထားသည်။ ညနေမှောင်ရီတစ်ယောလေးမှာ ခြံဝင်းတံခါးရှေ့ထိုးရပ်လာတဲ့ ကားမီးရောင်ကြောင့် ဉီးတိုးလန့်ဖြန့်သွားပြီး တဲလေးထဲကထွက်ကာ တံခါးကိုဖွင့်ဖို့ အပြေးတစ်ပိုင်းသွားလိုက်ရသည်။ ထော့ကျိုးနဲ့လျှောက်လာတဲ့ ခြံစောင့်ကိုကြည့်ရင်း ကျော်သူရ အားမရဖြစ်နေရသည်။ဟာဝေယံရှပ်အင်္ကျီကို ဂျင်းဘောင်းဘီနဲ့ လူငယ်ဆန်ဆန် ဝတ်ထားတဲ့ ဉီးရဲထွဋ်ခေါင် ကားပေါ်ကခမ်းနားစွာဆင်းလာပြီး ကျော်သူရအပါအဝင် နောက်လိုက်နောက်ပါတွေကို အနားပေးလိုက်သည်။ အိမ်ထဲကိုဝင်လာရင်း ရဲထွဋ်ခေါင် ဒီနေ့ရလိုက်တဲ့ အကျိုးအမြတ်ကို တွက်ကြည့်ရင်း အောင်မြင်မှုကို ခံစားနေမိသည်။ မော်စီ့ခြေလှမ်းတွေပျက်နေတာ ရဲထွဋ်ခေါင် ရိပ်မိနေတာ ကြာပြီ။ လွန်ခဲ့တဲ့ ၈နှစ်က ပြုထားဖူးတဲ့ကျေးဇူးလေးကြောင့် မော်စီ့ကို ခွင့်လွှတ်နေရတာ။ အခုမလိုတော့။ အလုပ်ခန်းထဲကုလားထိုင်မှာထိုင်လိုက်ပြီး မြည်နေတဲ့ ဖုန်းကိုထုတ်ကာ ရဲထွဋ်ခေါင် ဖုန်းလက်ခံလိုက်သည်။"အေးရဝေအောင်.. ပြော""ဆရာကြီး ဒီနေ့အဆင်ပြေလား။ ဝယ်လက်ရောရပြီလား။ ကျွန်တော့်ဆီမှာ ဝယ်လက်တစ်ခုရှိနေလို့ အဲ့ဒါ။""မလိုတော့ဘူး ရဝေအောင်။ သန်ဘက်ခါဆိုရင် ဟိုဘက်ကမ်းက ဆေးရုံမှာ လက်ခံမယ့်သူတွေရောက်နေလိမ့်မယ်။ ငါတို့အလုပ်က ဒီဘက်ကမ်းမှာပဲ ပြီးပြီ။ မင်း နောက်ထပ် ဈေးကောင်းမယ့် သားကောင် ရှာထား။ ငါကိုယ်တိုင်ကြည့်မယ်.၊ မင်းရဲ့ ဝယ်လက်ကိုလည်း ငါနဲ့ပေးတွေ့လိုက်။ မင်းကျန်တာစိတ်ပူဖို့မလိုဘူး။"မော်စီ.. မော်စီ.. မင်းက ဒီလောက်ဝင်ငွေကောင်းတဲ့ ဂွင်ကို သားရဲ့လုပ်ငန်းနဲ့ ဖုံးထားတယ်ပေါ့လေ။ အတော်ပဲ ငါလည်း ဖိုအသစ်နှစ်ခုကို လက်လွှဲမှာနဲ့ တစ်ဘက်က အလုံးအရင်း ဝင်မယ့်ငွေနဲ့.. မင်းကိုတော့ ငါ မသတ်သေးပါဘူး မော်စီ။ မင်းလက်ထဲက အဘိုးတန် လိုင်စင်ကို ငါသုံးအုံးမှာ။ ဟားဟားဟား...ရဲထွဋ်ခေါင် စိတ်ထဲကနေကြုံးဝါးရင်း ကျေနပ်နေသည်။ ဒုစရိုက်လောကကို ခါးစောင်းတင်ထားတဲ့ ရဲထွဋ်ခေါင်လိုလူက ပါမွှားအလုပ်ဖြစ်တဲ့ လူမှောင်ခိုကူးတာကို စိတ်မဝင်စား။ ဒါပေမယ့် အခုမော်စီဆင်ထားတဲ့ ဂွင်ကတော့ အရမ်းရိုးရှင်းလုံခြုံပြီး ငွေဖြစ်လွယ်သည်လေ။ အခုကောင်လေးကိုလည်း မော်စီ့ဖောက်သည် ဝမ်တာလုဆီက နေ သူလုယူလိုက်တာ။ ယိုးဒယားဘက်က ကိုယ်တွင်းအင်္ဂါအစားထိုး မှောင်ခိုဈေးကွက်ကို ရှာပြီး သူ့ဆီလာကမ်းလှမ်းသူက ရဝေအောင်။ မော်စီ့သားရဲ့ သူငယ်ချင်းအရင်းကြီး။ သူတို့လောကမှာ သစ္စာဆိုတာ မရှိ။ ဒီကောင်လေးရဲ့သွေးက AB- ဖြစ်လို့ လောကကြီးမှာ အင်မတန်ရှားတဲ့သွေးအမျိုးအစား။ ဒီလိုပဲ လောကကြီးမှာ ကိုယ့်သွေးသား အသက်ရှင်ဖို့ သူများသွေးသားငွေနဲ့ ဝယ်ပြီး အသက်တွေချနင်းပစ်နိုင်တဲ့ လူတန်းစားကလည်း အမြဲလိုအပ်ချက်တွေရှိနေတတ်တာ။ ရဲထွဋ်ခေါင်တို့လို လူတွေကသာ အကျိုးမဆောင်ဘူးဆိုရင် ဒီကောင်လေးရဲ့ သွေးက ဘာအရေးပါတော့မှာလဲ အဟင်းဟင်း.... ဘာပဲပြောပြော ပွဲဉီးထွက် ကလီစာရောင်းဖို့ ရလိုက်တဲ့ ငွေက သိန်းလေးထောင် ဘတ် ကနဲ... ကောင်လေးရဲ့ ကံကြမ္မာကတော့ သူ့ကုသိုလ်အတိုင်းပေါ့။ ရဲထွဋ်ခေါင် ကွန်ပြူတာကိုဖွင့်ပြီး ဘဏ်အကောင့်ထဲ ငွေဝင်မဝင် ထပ်စစ်လိုက်သည်။ ဖိုအတွက်သွားတဲ့ လူတွေကို သတင်းမေးဉီးမှ။ ဒါမှလည်း ငွေလည်အောင် လုပ်လို့ရမှာ တွေးရင်း ဘိန်းချက်ဖို သွားစစ်နေတဲ့ ဆရာကျောင်း တို့အဖွဲ့ဆီ ဖုန်းခေါ်လိုက်သည်။ ဆက်ရန်..ဖတ်ရတာ အဆင်ပြေကြပါစေဗျ။

အသက်ကိုနှင်း၍Where stories live. Discover now