အပိုင်း ၁၅။

78 0 0
                                    

မော်စီ ဆောက်နေတဲ့ ဂိုဒေါင်အသစ်ကအသစ်က အပြီးသတ်တော့မည်။ လက်နက်ကားကလည်း ခရီးတစ်ဝက်ကျိုးလာပြီဖြစ်တာမို့ မှော်ဘီက ဂိုဒေါင်ကို လွတ်သွားအောင် လုပ်ဖို့လိုလာပြီ။ ဂိုဒေါင်ထဲက ပစ္စည်းတွေကို ကဲ့ထုတ်နေတာ အတော်တော့ ပင်ပန်းသား။ ‌ဆေးပြားတစ်တန်ကို စစ်ဆေးရေးနဲ့ လက်ဝါးချင်းရိုက်ပြီး အနည်းငယ်လောက် အမိပြလိုက်ကာ ကျန်တာကို ဂိုဒေါင်ထဲထည့်ပြီး သိမ်းထားရတာ။ ဝယ်လက်တွေက လိုချင်လှပြီ။ ဒါ့အပြင် အလုပ်ရှင်အသစ်ကို တွေ့ခွင့်ရတာနဲ့ ရဲထွဋ်ခေါင်နှင့် လက်တွဲဖြုတ်လိုက်‌ပြီး ဆရာကြီးမော်စီ လုပ်တော့မည်။ ဂိုဒေါင်ထဲက ပစ္စည်းအတော်များများက ရဲထွဋ်ခေါင်ပစ္စည်းတွေကြည့်သာ။ ဒါတွေကို ဖြတ်ခုတ်လိုက်ပြီး အရိပ်အသစ်အောက် ဝင်လိုက်ရင် ရဲထွဋ်ခေါင် ဘယ်လောက် အထိနာလိုက်လိမ့်မလဲ မော်စီ တွေးရင်းပင် အားရနေမိသည်။ မော်ဟန်ဆောက်ထားခဲ့တဲ့ ဂိုဒေါင်က နှစ်လုံး။ တစ်လုံးနဲ့တစ်လုံး အတော်လှမ်းလှမ်းမှာ။ ဂိုဒေါင် နံပါတ် ၁ က ရာဘာပြားတွေ ရာဘာစေးသိမ်းဆည်းရာနဲ့ ရာဘာပြားချက်သည့် စက်ကြီးရှိသည်။ ဂိုဒေါင်နံပါတ် ၂ ကတော့ အဝင်လမ်းနှင့် မိုင်ဝက်‌ကျော်လောက် ဝေးပြီး ခြုံနွယ်တွေနဲ့ ပျက်စီးနေသည့်ပုံရှိသည်။ ဂိုဒေါင်ထဲမှာ ရာဘာချက်ပြီးသား အပြားတွေကို လှန်းထားတာ ပုံထားတာတွေ က နံစော်နေအောင် ရှိနေပြီး ဂိုဒေါင်အနောက်ပိုင်းမှာတော့ ရဲထွဋ်ခေါင်ရဲ့ ပစ္စည်းတွေကို သိမ်းပေးထားရတာဖြစ်သည်။ ထိုအထဲမှာ မော်စီအရင်းနှီးထည့်ပြီး ကိုယ်တိုင် တိုက်ထားရတဲ့ ဆေးပြား ကီလိုအနည်းငယ်ကို သယ်ထုတ်ရင်း ရဲထွဋ်ခေါင်ရဲ့ ပစ္စည်းတွေကိုပါ ကဲ့ကဲ့ထုတ်ပစ်လိုက်ဖို့ စီမံရတာပင်။ ဒီနေ့ အလုပ်ရှင်ကိုယ်တိုင်လာကြည့်မှာမို့ အပြီးသတ်လုဆဲ ဂို‌ဒေါင်အသစ်မှာ သူလာစောင့်နေခြင်းပင်။***********ဘုန်းဇေယျတု ဆိပ်ကမ်းသာဟိုတယ်ကို ‌ရောက်သည်နှင့် အခန်းတစ်ခန်းယူလိုက်သည်။ အပေါ်အောက် တစ်ဖျပ်ဖျပ်တောက်ပနေတဲ့ ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီတို့က တက်သစ်စမင်းသားတစ်ယောက်အလား ကြွရွနေစေသည်။ လက်မှာပတ်ထားတဲ့ Smart watch, လက်စွပ်များနဲ့ နားကွင်းတို့က ဘုန်းဇေယျတုပုံစံကို လုံးဝပြောင်းလဲသွားစေတာမို့ ဆိပ်ကမ်းသာ ဟိုတယ်ပတ်ဝန်းကျင်ရှိ Dragon head with crystal logo ပါ ကားတွေပေါ်က လူတိုင်း သတိမပြုမိလိုက်ကြ။ ဟိုတယ်ခန်းထဲရောက်တော့မှ ချန်းဆီ‌ ဟိုတယ်အခန်း နံပါတ် 2003 မှာ‌ရောက်နေကြောင်း မေးလ်ပို့လိုက်ကာ ခဏစောင့်နေလိုက်ပြီး Cobra အဖွဲ့သားများ အချင်းချင်း အခြေအနေသတင်းပို့နေတာကို Smart watch ကတစ်ဆင့် စောင့်ဖတ်ပြီး စစ်ဆင်ရေး စတင်မည့်အချိန်ကို အဆင်သင့်စောင့်နေလိုက်သည်။ မကြာလိုက် ချန်းဆီက မေလ်းရောက်လာခဲ့သည်။ (အခန်းနံပါတ် 1002.. နဂါးခေါင်း သေချာ.. ပြန်ထွက်လာမှာစောင့်နေပါ.. ငါနဂါးခေါင်းကို ဖမ်းဖို့ သွားနေပြီ")ဒုတိယမေးလ်က သြဂတ်စ်ဆီက (Jackson Center ရိုင်ရန် လုပ်ကြံခံရ။ နဂါးခေါင်း ဖမ်းဖို့ ဘန်ကောက်မှာ စတင်နေပြီ။ မကြာမီ စစ်ဆင်ရေး စမည်။)ဘုန်း စဉ်းစားလိုက်သည်။ နဂါးခေါင်း ၂နေရာမှာပေါ်လာတာ။ ဒါဆို ဘယ်ခေါင်းက အစစ်လဲ။ လက်နက်တွေနောက်လိုက်လာတဲ့ ခေါင်းက အစစ်ဖြစ်နိုင်ခြေများတယ်ထင်နေမိတာမို့ ချန်းကိုစိတ်ပူသွားမိသည်။ စာတိုတစ်စောင်ကို ကိုဝဏ္ဏဆီ ကမန်းကတန်းပို့ပြီး Cobra group message ကနေ လည်း စာတိုပို့လိုက်သည်။(နဂါးခေါင်းနား ကပ်သွားပြီ။ ၃၀ မိနစ် စာမပြန်ရင် ဆိပ်ကမ်းသာဟိုတယ် အခန်းနံပါတ် 1002..မစ်ရှင် စတင်ရန်)။ဘုန်းဇေယျတု အခန်းထဲကထွက်လာကာ ဝန်ထမ်းအခန်းကို အလစ်ဝင်ပြီး အပေါ်ထပ်ပြိုးပြိုးပျက်ပျက် ရှပ်ကို ချွတ်ကာ ဟိုတယ်ဝန်ထမ်း အဝတ်ကို ပြောင်းဝတ်လိုက်ပြီး ‌အနားရှိ ရေဗူးနဲ့ အချိုရေဗူးများထည့်ထားတဲ့ ဗန်းကိုကိုင်ကာ အခန်းနံပါတ် 1002 ကိုရှာလိုက်သည်။"Room service"တံခါး ဘလ်ကိုတီးလိုက်ပြီး သိပ်မကြာခင်မှာ ဖွင့်လာတဲ့ တံခါးကြောင့် ဘုန်းဇေယျတု အသားကုန်ပြုံးထားလိုက်သည်။ တံခါးဖွင့်လိုက်သည့် ဉရောပသား ထောင်ထောင်မောင်းမောင်းလူကြီးက မြန်မာလိုပီပီသသဖြင့်။"ဘာမှမမှာထားဘူးလေ။ မင်းတို့ သိပ်ရှုပ်တယ်။" ထိုလူနဲ့ လည်ပင်းနံဘေးကို ဘုန်းအထူးဂရုစိုက်ကြည့်ရင်း စကားစကို ဆွဲဆန့်ဖို့ကြိုးစားလိုက်ရသည်။"ဆရာ မှာထားတယ်ဆိုလို့ပါ ခင်ဗျာ အခန်းထဲက တစ်ယောက်ယောက်များမှာသေးလားခင်ဗျာ""ငါမမှာဘူးလို့ဆို"ခေါင်းကိုယမ်းလိုက်တာနဲ့ နဂါးခေါင်းပုံ တက်တူးကို နားနောက်မှာတွေ့လိုက်ရတာမို့ ဘုန်းဘာမှထပ်မစဉ်းစားတော့ဘဲ လက်ထဲက အချိုရေဗန်းကို ဉရောပသားရင်ဘတ်သို့ ဒဲ့ထိုးချလိုက်ပြီး အခန်းထဲကျုးကျော်ဝင်လိုက်သည်။ မထင်မှတ်ထားတဲ့အခြေအနေကြောင့် အငိုက်မိသွားတဲ့ ဉ‌ရောပသားသည်ကား ဒယိမ်းဒယိုင်ဖြင့် နောက်ကိုဆုတ်သွားပြီး နာကျင်သွားတဲ့ ရင်ညွန့်ကို လက်ဖြင့်ဖိထားကာ ကုတင်ပေါ်ရှိ ခေါင်းအုံးအောက်ကိုစမ်းနေသည်။ ဘုန်း ထိုလူစမ်းနေတဲ့အရာကို ရိပ်မိတာမို့ ကျားတစ်ကောင်နှယ်ခုန်အုပ်လိုက်ပြီး ထိုလူ ထိုးချိန်လာတဲ့ သေနတ်ကို ပြိုင်တူကိုင်လိုက်ကာ လက်ထဲရောက်အောင်ကြိုးစားလုနေလိုက်ရသည်။ ဉ‌ရောပသားသည်ကား အသက်မငယ်လှတော့။ အရပ်က ဘုန်းထက် ပိုမြင့်မားပေမယ့် အသက်အရွယ်နှင့် သန်မာခြင်းတို့က စကားပြောလာလေပြီ။ အတန်ကြာ ဘတစ်ပြန်ကျားတစ်ပြန် လုနေရင်းက သေနတ်သံနှစ်ချက် ကျယ်လောင်စွာထွက်လာပြီး ဘုန်းဇေယျတုနှင့် ဉ‌ရောပသားတို့ လူချင်းကွဲသွားကြလေသည်။ ဘုန်းဇေယျတု ဘယ်ဘက်နံရိုးကြားကိုကို ထိသွားတဲ့ ထိချက်ကြောင့် သွေးတွေမြင်မကောင်းအောင်ထွက်လာသလို ဉရောပသားရဲ့ ရင်ညွန့်နေရာကလည်း သွေးချင်းချင်းနီလျှက်။ သေနတ်သံကြောင့် အပြေးအလွှားတက်လာကြတဲ့ ဂိုဏ်းသားတွေနှင့် အခုမှရောက်လာတဲ့ ရဲထွဋ်ခေါင်တို့ ဟိုတယ်ဝန်ထမ်းဆီက မာစတာသော့ကိုယူကာ အခန်းကိုဖွင့်လိုက်သည်။ အခန်းထဲမှာ သေနတ်ဆီလက်လှမ်းနေတဲ့ ဘုန်းဇေယျတုနှင့် ရင်ညွန့်သေနတ်ဒဏ်ရာနှင့် အသက်ငွေ့ငွေ့သာကျန်တဲ့ နဂါးခေါင်းဆရာကြီးကိုတွေ့လိုက်ရတော့ ရဲထွဋ်ခေါင် ချက်ချင်းဂိုဏ်းသားတွေကိုခေါ်ကာ နှစ်ယောက်စလုံးကို ထမ်းခေါ်စေပြီး ရဲတွေမျက်ခြေပြတ်ရာ မော်စီရဲ့ ဂိုဒေါင် အဟောင်းဆီကို မောင်းထွက်လာခဲ့ကြသည်။ သေနတ်သံကြောင့် သူတို့ကို ခြေရာခံမိသွားလျှင် အားလုံးငုတ်ပြုတ်ကုန်ကြလိမ့်မည်ဆိုတာ ရဲထွဋ်ခေါင် နားလည်သည်။ ဒါ့အပြင် ရှာနေတဲ့ ကောင်ကိုလည်း မသေရုံတစ်မယ်အခြေအနေနဲ့ ဖမ်းမိတာမို့ မော်ဒယ်ကောင်နဲ့ မော်စီ့သားရှိတဲ့နေရာကို စစ်မေးရအုံးမည်လေ။************သေနတ်သံကြောင့် ချန်းမျက်လုံးတွေပြူးသွားခဲ့သည်။ ဒီလို တူညီတဲ့အဖြစ်မျိုး လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ဖြစ်ခဲ့ပြီးပြီ။ ထပ်မဖြစ်ပါနဲ့တော့။ မျက်စေ့အောက်တင် ခေါင်းကို သေနတ်နဲ့ ချိန်ကာပစ်သွားတဲ့မြင်ကွင်းက အထပ်ထပ် ပြန်ဝင်လာတာမို့ ချန်း ချက်ချင်းအခန်းကထွက်ကာ အောက်ထပ်ဆင်းလာခဲ့သည်။ ချန်း အခန်းနံပါတ် 1002.ကိုရောက်တော့ မည်သူမျှမရှိကြတော့တယ်ဝန်ထမ်းတွေသာ ရုတ်ရုတ်သဲသဲနှင့်ကျန်နေကြတာမို့ ချန်း ဝန်ထမ်းတစ်ယောက်ကိုမေးကြည့်တော့ လူနှစ်ယောက်လုံး သေနတ်ဒဏ်ရာနဲ့ လူတွေအများကြီးက လာခေါ်သွားတယ် တဲ့။ ချန်း ဘုန်းပို့ပေးထားတဲ့ အခန်းနံပါတ်ကို အပြေးသွားကာ တံခါးဘဲလ်တီးလိုက်သည်။ ပြန်ထူးသံမကြားရ။ ဟိုတယ်ဝန်ထမ်းဆီက မာစတာသော့ကို ယူဖွင့်လိုက်တော့ အထဲမှာ မည်သူမျှမရှိနေ။ အခန်းက ခြေရာလက်ရာတောင် မပျက်ယွင်း။ ထိုခဏ ဟိုတယ်ဝန်ထမ်းများက ပိုင်ရှင်မဲ့ အပေါ်ထပ် ကုတ်အင်္ကျီကို ဝန်ထမ်းအခန်းမှာတွေ့တာ ဆိုတော့မှ ချန်း ဘုန်းကို စိတ်ပူလာတော့တာပင်။ချန်း အခန်းကို အမြန်ပြန်လိုက်ပြီး ဘုန်းရဲ့မေးလ်လိပ်စာကို Google map မှာ တင်လိုက်ကာ GPS tracking အမြန် ဟက် လိုက်ရသည်။ သိပ်မကြာလိုက်... ဟက်တာအောင်မြင်သွားပြီး အနီစက်လေးက ပြည်လမ်းမကြီးတစ်လျှောက် ပြေးနေတာကို မြင်လိုက်ရတာပင်။ ချန်းစောင့်ကြည့်နေရင်း သြဂတ်စ်နဲ့ တေဇမျိုးဆီ မက်ဆေ့ တစ်စောင် အမြန်ပို့လိုက်သည်။(ဇက် ထိသွားပြီ။ အဖမ်းခံလိုက်ရတယ်။ Location ပို့ပေးမယ်။ နဂါးခေါင်း နဲ့အတူရှိနေ)တေဇမျိုး မက်ဆေ့ဝင်လာတော့ ကြောင်သွားမိသည်။ သူ့ကို ဉီးရဲထွဋ်ခေါင်က ပစ္စည်းရွှေ့ဖို့ ကျော်သူရနဲ့ တွဲလိုက်စမ်း ဆိုလာတာမို့ မှော်ဘီက ဂိုဒေါင်ဆီ ရွှေ့လာလိုက်ရတာ။ ဒီနေ့ မော်စီ့ကို အလုပ်အပ်သူ က ကိုယ်တိုင်လာမည်ဆိုလို့ တွေ့ချင်မိပေမယ့် ရဲထွဋ်ခေါင်ကို ကိစ္စအကုန်အစီရင်ခံထားတာမဟုတ်လို့ စောဒကတက်စရာ အကြောင်းရင်းမရှိတာကြောင့် ကျော်သူရနဲ့ တွဲလုပ်ဖို့ ပြန်လာရတာဖြစ်သည်။ ထူးခြားသွားပြီဖြစ်တဲ့အခြေအနေကို Cobra group မှာ အစီရင်ခံလိုက်ပြီး ဂိုဒေါင်ထဲက ပစ္စည်းတွေဖမ်းဖို့ နှင့် ဘုန်းကို ကယ်ဖို့ ရဲအုပ် မိုးဝေတို့အဖွဲ့ကို လောဆော်လိုက်ရသည်။ မော်စီရဲ့ ဂိုဒေါင်သည်ကား ရှေ့မှာထီးတည်းကြီး ‌ရောက်တော့မည်ဖြစ်သည်။**********မိုးတိမ်လွှာ ပျော်နေတာ ပါးစပ်မစေ့တော့။ သူ့ကိုချစ်ခင်သည့် မှုန်နံ့သာနဲ့အတူ ရန်ကုန်ကိုပြန်လာခဲ့တာမို့ သူတစ်ယောက်တည်းမဟုတ်တဲ့အပြင် ယွမ်အားရီကလည်း လေဆိပ်ကိုလာကြိုတာကြောင့် မိုးတိမ်လွှာပျော်နေတာပင်။ ယွမ်အားရီသည်ကား မိုးတိမ်လွှာကို ကျောင်းကြိုပို့သည်ကလွဲရင် အိမ်ထဲက အိမ်ပြင် မထွက်တာ သူလူမှန်းသိတတ်တည်းကပင်။ မိုးတိမ်လွှာတို့ စီးနင်းလာသည့် ဆလွန်းကားလေးသည်ကား ပြည်လမ်းအတိုင်း တစ်ရွေ့ရွေ့ မောင်းနှင်လာခဲ့သည်။ ကားပေါ်က မိန်းကလေးနှစ်ဉီးရဲ့ ပျော်ရွှင်စွာရယ်မောသံက ပျံ့လွင့်နေတာ လူငါးယောက်ပါတဲ့ Surf ကားကြီး ဝင်မတိုက်မီအထိပဲဆိုပါတော့။ အရှိန်နဲ့ အတိုက်ခံလိုက်ရတဲ့ ကားလေးက လမ်းဘေးကို ထိုးကျသွားပြီး မှုန်နံ့သာနှင့် မိုးတိမ်လွှာတို့ မူးနောက်သွားကြရသည်။ လူသူပြတ်လပ်သည့် လူချမ်းသာရပ်ကွက်မို့ သူတို့ကို ကူညီမယ့်သူလည်း မရှိ။ ထိုလူငါးယောက်က မိုးတိမ်လွှာကို ကားပေါ်ကဆွဲ‌ခေါ်တဲ့အခါ မကြောက်တတ်တဲ့ မှုန်နဲ့ သမီးဇောကပ်တဲ့ ရှောင်ယွမ်တို့ အားမတန်ပေမယ့် ပြန်ခုခံခဲ့ကြသည်။ လူဆိုးတစ်ယောက်ရဲ့လက်ချက်ကြောင့် ရှောင်ယွမ့်ကို ဓါးနဲ့ ထိုးမိသည်အထိ မှုန်နံသာက လမ်းဘေးက သစ်ကိုင်းတစ်ကိုင်းယူကာ ဝှေ့ယမ်းနေဆဲ။ ရှောင်ယွမ်ဓါးဒဏ်ရာနှင့် လဲသွားတော့မှ ရှောင်ယွမ်ကို ထူလိုက်ရတာပင်။ ဓါးထိုးခံရတဲ့လူကို ဒီအတိုင်းထားခဲ့လျှင် ပြဿနာ ပိုကြိးလာမှာစိုးတာနဲ့ပဲ မိုးတိမ်လွှာတင်မက မှုန်နံ့သာကိုရော သတိလစ်မေ့မျောနေတဲ့ ရှောင်ယွင်ကိုပါ ကားပေါ်တင်ပြီး ရဲထွဋ်ခေါင်အိမ်ကို ဖမ်းခေါ်သွားကြတော့သည်။*******ဝဏ္ဏ ရှိန်းဆက်သွင်ကို ဆန်ပြုတ်ကျွေးနေတုန်း အကိုက အကြောဆေးသွင်းထားတဲ့ ဆေးပုလင်းကို အသစ်လဲပေးနေလေသည်။ အတော်အတန် ထူထောင်လာတဲ့ရှိန်းကို ကြည့်ရင်း ဝဏ္ဏဝမ်းသာနေမိသလို အကိုလည်း ဝမ်းသာနေတာကို အတိုင်းသားမြင်နေရသည်။ အကိုက ဝဏ္ဏအပေါ် အရင်လို မဆက်ဆံတော့ဘဲ အတော်ပင် ညင်သာပျော့ပြောင်းလာတာမို့လည်း ဝဏ္ဏ ကျေနပ်ရပါသည်။ လူနာဖြစ်တဲ့ ရှိန်းကို ဂရုစိုက်သလို သူ့အပေါ်လည်း ညီငယ်တစ်ယောက်လို လိုလေသေးမရှိအောင် ဂရုစိုက်ပေးတဲ့ အကိုပါပေ။ ဘုန်းကို ကြည့်တဲ့ မျက်ဝန်းများနဲ့ ဝဏ္ဏကိုကြည့်တဲ့မျက်ဝန်းများ အရောင်မတူတာကိုတော့ ဝဏ္ဏ သည်းခံနေရတာပေါ့လေ။"အကိုလေး.. ကျွန်တော် သူလျှိုမိပြီ။ ထမင်းချက် မရီမာအနားက ကောင်လေးပါ။ ရဲထွဋ်ခေါင် ဘက်က ပိုက်ဆံပေးပြီး သတင်းဝယ်လို့ ပြောပြလိုက်တယ်ပြောပါတယ်။ အခု ရဲစခန်းပို့လိုက်ပါပြီ။ ကျွန်တော် ဘာလုပ်ပေးရအုံးမလဲ ခင်ဗျာ"မင်းဗညားက ပြောရင်းဆိုရင်း လူနာကုတင်နားဝင်ထိုင်လိုက်တာမို့ ကြင်နာတတ်တဲ့လူကြမ်းကြီးကို ကောင်းရိပ်လွှမ်း သဘောကျစွာပြုံးလိုက်မိသည်။ ဝဏ္ဏတို့နှစ်ယောက် ရောက်လာကတည်းက မင်းဗညား နေစရာမရှိအောင် ဂရုစိုက်ပေးနေတာ။ တစ်ကယ်တော့ ရှိန်းဆက်သွင်ဆိုတဲ့ မော်ဒယ်လေးက မင်းဗညားအင်မတန်သဘောကျတဲ့ မော်ဒယ်ပဲဖြစ်သည်။ ထိုမော်ဒယ်လေး ကြော်ညာသည့် အောက်ခံဘောင်းဘီ ရေမွှေး လက်ပတ်နာရီ စတာတွေကို တစ်မျိုးမှမကျန်ရအောင် ဝယ်သိမ်းတတ်သူပါ။ အခုလို နာမကျန်းဖြစ်လာတဲ့အပြင် လူဆိုးလက်ကနေ ထွက်ပြေးနေရတဲ့ အိုင်ဒေါလေးကို ဂရုစိုက်ပေးချင်နေတာမို့ ကောင်းရိပ်လွှမ်း သဘောကျနေမိတာပင်။ ကောင်းရိပ်လွှမ်းနဲ့ မင်းဗညားတို့အပြင် ဘုန်းဇေယျတု တို့ လက်ရှိလှုပ်ရှားနေတဲ့ အနေအထားကို ဝဏ္ဏ နားလည်သဘောပေါက်လာခဲ့သည်။ ပူလောင်ပြီး ရယူခြင်းကိုပဲ ‌ရှေးရှူခဲ့တဲ့ သူ့အတွက် .. ထိုလူသားတွေရဲ့ ချစ်ခြင်းဒီကရီတွေက မတူညီကြပေမယ့်အေးချမ်းပြီး တစ်ဉီးအပေါ် တစ်ဉီး ပေးဆပ်ကာချစ်မြတ်နိုးကြတာမို့လို့ အလိုလိုပြည့်စုံနေကြတာ အားကျဖွယ်ရာပင်။ အကို့ရဲ့ အေးချမ်းနေတဲ့ မျက်နှာလေးကို ငြူဆူအောင် သူလုပ်ခဲ့မိတာပါပဲ။ ရှိန်းကို ကြင်ကြင်နာနာ ဂရုစိုက်မိတော့မှ အကို့ရဲ့ လူတန်းစားမရွေး ကြင်နာတတ်တဲ့စိတ်ကို ခံစားမိခဲ့တာ။ ဒီကိစ္စတွေပြီးသွားရင်.. အကို့ကို သူ့ခံစားချက်တွေအကြောင်း သေသေချာချာပြောပြပါမယ်။ အကို့သဘောအတိုင်း အကို့ဆုံးဖြတ်ချက်အတိုင်း.. လိုက်နာပါမယ်။တုံးအလွန်းလို့ အဖေနဲ့ အမေကိုသတ်။ အမကို ခြေတော်တင်ပြီး ကလေးရတော့မှ အကိုနဲ့ပေးစား ခြေရာဖျောက်တဲ့ လူကို အဖေအရင်းလို သတ်မှတ်ခဲ့တဲ့ ငအ ငတုံး ကျွန်တော့်ကို အကို အခုလိုပဲ ဆက်ကြင်နာပေးပါအုံး။ ကျွန်တော် မသိကျိုးကျွံပြုခဲ့လို့ နာကျင်ခဲ့ရတဲ့ အကို့မိသားစုဘဝလေးကို ကျွန်တော့် အသက်နဲ့ ဘဝနဲ့ စတေးပြီး ပြန်ဖြည့်ဆည်းခွင့်ပေးပါအုံး အကိုရယ်။ကောင်းရိပ်လွှမ်းမျက်နှာကို ငေးကြည့်ရင်း အတွေးလွန်နေတဲ့ ဝဏ္ဏကိုကိုရဲ့ မျက်ဝန်းထဲက အဓိပ္ပါယ်တွေ ကို ဆန်ပြုတ်ခွန့်လေမလား စောင့်နေရှာတဲ့ ရှိန်းဆက်သွင် ကောင်းစွာနားလည်နေမိသည်။ နဲနဲ ထူထောင်ပြီ နလံထပြီ ဆိုလျှင် ရဲထွဋ်ခေါင်ဆီ ကိုယ်တိုင်သွားအဖမ်းခံလိုက်တော့မည်။ ကလီစာထုတ်‌ရောင်းရုံမကလို့ .. တုတ်ထိုး ‌ပေါက်စီပဲ လုပ်အုံးတော့ ကိုကိုနဲ့ ကိုကောင်းရိပ်လွှမ်းတို့ကို အန္တရာယ်မဖြစ်စေချင်တော့။ ဘုန်းဇေယျတု .. ကိုဘုန်း.. သူတော်ကောင်းကြီးကိုလည်း ထပ်ပြီး သူ့ကြောင့် မနာကျင်စေချင်တော့။ အခုလို ကြင်နာစွာစောင့်ရှောက်ကြတာကိုပဲ ကျေးဇူးတင်လှပါပြီ။ အသက်ကြွေးလေးကြေအောင်ဆပ်ပြီး အကိုတို့ ဘေးကင်းစေချင်သည်က သူ့နောက်ဆုံးဆန္ဒပဲ ဖြစ်သည်။ထိုခဏမှာပဲ ဝဏ္ဏရဲ့ဖုန်းမည်လာသည် သေပြီးဖြစ်တဲ့ ရဝေအောင်ထံမှ ဖုန်းဖြစ်တာမို့ ဝဏ္ဏ တုန်လှုပ်စွာပဲ ဖုန်းကိုဖြေလိုက်ရသည်။ တစ်ဘက်က အသံက ရဝေအောင်မဟုတ်။"ကောင်လေး မင်းညီမလေးနဲ့ သူ့သူငယ်ချင်းကို ငါတို့ခေါ်ထားတယ်။ မင်းကယ်ထုတ်သွားတဲ့ မော်ဒယ်ကောင်နဲ့ လဲမယ်.. ကောင်မလေးတွေက ကလေးအများကြီးမွေးပေးနိုင်မယ့်ပုံလေးတွေကွ။ ဟားဟား မြေခွေးအိုကြီးတွေ အကြိုက်ပေါ့ကွာ။ မင်းသိပ်နောက်ကျရင် ငါ့အဆိုးမဆိုနဲ့""အကို... ညီမလေး မိုးတိမ်လွှာကို ဖမ်းထားတယ်တဲ့"လောကမှာတစ်ဉီးတည်းကျန်တော့တဲ့ မိသားစုဝင်ညီမလေးကို ဝဏ္ဏစိတ်ပူနေမိပြီ။ မျက်ရည်ဝေ့တက်လာတဲ့ ဝဏ္ဏကို တစ်ချက်ကြည့်ရင်း ကောင်းရိပ်လွှမ်း ဘာလုပ်သင့်တယ်ဆိုတာ တွေးနေမိသည်။ ကြံရာမရ။"တောင်"ဖုန်းမက်ဆေ့ဝင်လာတာမို့ ဝဏ္ဏကိုကို ဖုန်းကိုကမန်းကတန်း ဖွင့်ဖတ်လိုက်သည်။(အကိုတို့သားအဖနဲ့ ကိုဝဏ္ဏတို့ သန်လျှင်ကိုအခုရွှေ့ပါ။ အရေးကြီးတယ်။ ဘာကိစ္စပဲရှိရှိ သန်လျှင်ကနေမရွှေ့ပါနဲ့)ဝဏ္ဏဖတ်ပြတဲ့ မက်ဆေ့ကြောင့် ကောင်းရိပ်လွှမ်း ခေါင်းနားပန်းကြီးသွားရသည်။ ဘုန်း က ဘယ်‌ရောက်နေလို့လဲ။ ဘာပဲဖြစ်ဖြစ် တိုင်ပင်ထားကြပြီးသားမို့ ဘုန်းညွှန်ကြားတဲ့အတိုင်းလုပ်ကြရန်ပင်ဖြစ်သည်။ ပြင်ဆင်ထားပြီးသားအဆင်သင့် ဖြစ်တာမို့လည်း အထုပ်အပိုးတွေကားပေါ်တင်ကာ ရှိန်းကိုဖေးမပြီး သွားကြဖို့ ပြင်လိုက်ကြသည်။ ကားမောင်းမထွက်မီ ဘုန်းရဲ့ မိတ်ဆွေ ရဲအုပ်မိုးဝေဆီက ဖုန်းဝင်လာတာမို့ ကောင်းရိပ်လွှမ်းကိုင်လိုက်ရသည်။"ဒေါက်တာလားခင်ဗျာ။ အခုကျွန်တော်ရဲကားနဲ့ လူလူလွှတ်လိုက်ပါတယ်။ နေရာရွှေ့ဖို့ ပြင်ဆင်‌ပေးပါ။ အချိန်မရလို့ ချက်ချင်းရွှေ့ရမယ်ခင်ဗျ။ ကိုဘုန်းကို ရဲထွဋ်ခေါင်တို့ ဖမ်းသွားလို့ ကျွန်တော် နောက်ကလိုက်နေပါပြီ။ ဒေါက်တာတို့ နေရာကိုလည်း ဒီကောင်တွေသိထားတယ်ထင်တယ်ဗျ။ ချက်ချင်းရွှေ့ဖို့လုပ်ပေးပါ။"ဖုန်းကိုလက်မှာကိုင်ရင်း အသက်ရှူဖို့မေ့နေတဲ့ ကောင်းရိပ်လွှမ်းကို မင်းဗညား အသာအယာလှုပ်ကာခေါ်လိုက်သည်။"အကိုလေး။ ကျွန်တော် ရဲတွေနဲ့ လိုက်သွားချင်တယ်။ ကိုဘုန်းကို ကယ်ချင်တယ်""မရဘူး မင်းဗညား .. သားနဲ့ မရီမာကိုခေါ်။ ခုလာကြိုတဲ့လူနဲ့လိုက်သွားတော့။ ရှိန်းဆက်သွင် မင်းလည်း မင်းဗညားနဲ့လိုက်သွား။ ဗညား သားလေးကို မင်းကိုအပ်တယ်။ ငါပြန်လာတဲ့အထိ မှဲ့တစ်ပေါက်မစွန်းရအောင် စောင့်ရှောက်ပေးပါ။ ""အကိုလေး..ကျွန်တော်""မင်းဗညား အချိန်မရှိဘူး မြန်မြန်.. ငါ့ညီ ငါပြန်လာမှာ မင်းစိတ်မပူနဲ့"ခြံထဲဝင်လာတဲ့ ရဲကားလေးပေါ်က ရဲနှစ်ဉီးဆင်းလာတာမို့ မင်းဗညား၊ ဝေယံထက်လွှမ်းနဲ့ မရီမာတို့ကို ရဲကားပေါ် တက်စေလိုက်ပြီး ရှိန်းဆက်သွင်ကို ရွှေ့ပေးဖို့ ထူလိုက်တော့ ရှိန်းဆက်သွင်က ခေါင်းခါပြကာ ငြင်းဆန်တော့သည်။"အကို သူတို့က ကျွန်တော့ကို လိုချင်တာ။ အကိုတို့က အေးအေးဆေးဆေး သွားကြပါ။ ကျွန်တော် အကိုတို့ကိုဒုက္ခထပ်မပေးတော့ဘူး။" ဇွတ်ကုန်းရုံးထနေတဲ့ ရှိန်းကို ကောင်းရိပ်လွှမ်း လက်ကကိုင်ကာ ပြန်ထိုင်စေလိုက်သည်။ ငြင်းနေဖို့အချိန်မရ။"ဝဏ္ဏ သူတို့ပြောတဲ့နေရာမင်းသိလား။""သိတယ်အကို ကျွန်တော်တို့ ရှူတင်ရိုက်နေကျ ဂိုဒေါင်တွေထဲက တစ်လုံးပဲ""ကဲ ..တက် .. သွားမယ်။"မင်းဗညားတို့ကို ရဲတွေလက်ထဲ အပ်လိုက်ပြီး ကောင်းရိပ်လွှမ်း ကားကိုတစ်ရှိန်ထိုးမောင်းထွက်လိုက်တော့သည်။******************ရဲထွဋ်ခေါင် ကားနောက်ခန်းမှာ ငြိမ်ငြိမ်လေးလိုက်လာတဲ့ နဂါးခေါင်း ဆရာကြီးကို ငဲ့ကြည့်လိုက်မိသည်။ ရင်ညွန့်ကိုဖောက်ဝင်သွား သေနတ်တစ်ချက်က အနည်းငယ်ငယ်ချော်ထွက်သွားခဲ့တာမို့ သေလောက်တဲ့အထိ ဒဏ်ရာမပြင်းထန်။ ကျည်ဆံကတော့ ကိုယ်ထဲမှာ ကျန်နေပုံပင်။ အသည်းမာလှတဲ့ ခေါင်းဆောင်ကြီးက ရှပ်အင်္ကျီတစ်ထည်ကို ရင်ဘတ်မှာ တင်းတင်းဖိကပ်ထားရင်း ဆေးပြင်းလိပ်ကို ထုတ်ကာ ဖွာရှိုက်နေလေသည်။"ဆရာကြီး ကျွန်တော်ပြင်ထားတဲ့ နေရာတစ်ခုကို အရင်သွားလိုက်မယ်ခင်ဗျ။ အဲ့ဒီမှာ ဆရာဝန်‌စောင့်နေပါလိမ့်မယ်။ ဆေးရုံသွားရင် ဆရာကြီးကို ခြေရာခံမိသွားလိမ့်မယ်။ ညနေလေယာဉ်နဲ့ ဘန်ကောက်ကို ပို့ပေးရမလားခင်ဗျ။""မလိုဘူး။ ငါ့ဖုန်းရော""ဆရာကြီးက သူ့နံဘေးနားထိုင်လိုက်လာတဲ့ လူတစ်ယောက်ကို မေးလိုက်ရာ ထိုလူက ဆရာကြီးအိတ်ထဲကဖုန်းကိုထုတ်ယူပေးလိုက်သည်။"စိုင်းလုံ။ ငါသေနတ်မှန်ထားတယ်။ ငါလည်းလူတွေပါလာတယ်ဆိုပြီး ပေါ့လိုက်တာ။ ဆရာဝန်ကိုခေါ်လာပြီး ငါ့ကိုရဲထွဋ်ခေါင် နေရာမှာလာတွေ့။ အခုလောလောဆယ် ရဲထွဋ်ခေါင်ဆရာဝန်နဲ့ ဒီမှာအရင်ကုမယ်။ ပြီးမှလားရှိုးပြန်မယ်။"ဆရာကြီးက လူယုံစိုင်းလုံကို ညွှန်ကြားပြီးတာနဲ့ ရဲထွဋ်ခေါင်ကိုတစ်ဆက်တည်း ခိုင်းလိုက်သည်။"ရဲထွဋ်ခေါင် ရော့ စိုင်းလုံကို မင်းနေရာညွှန်ပေးလိုက်။"ရဲထွဋ်ခေါင်လည်း ဆရာကြီးဆီက ဖုန်းကိုယူကာ စိုင်းလုံကို နေရာအသစ်ဖြစ်တဲ့ ဒဂုံမြို့နယ်ထဲက ခြံကို လမ်းညွှန်လိုက်ရသည်။"ရဲထွဋ်ခေါင် မင်းလူတွေကို ငါ့အတွက် ဆေးသွားရှာခိုင်းလိုက်။ ဟိုတယ်က ပစ္စည်းတွေရော အကုန်ပါခဲ့လား။ ငါ့ပတ်စ်ပို့အရေးကြီးတယ်။""ကျွန်တော်ကိုယ်တိုင် အကုန်ယူခဲ့ပါတယ် ဆရာကြီး ဆေးလည်းရှာခိုင်းလိုက်ပါမယ်။""ငါ့ကိုပစ်တဲ့ကောင်.. ဘယ်မှာလဲ""နောက်ကကားမှာ ပါလာပါတယ်။ အဲ့ကောင်ဒဏ်ရာပြင်းတယ်ဆရာကြီး မကြာခင်သေမှာပါ""သေလို့မဖြစ်ဘူး။ ငါ ဘယ်သူဆိုတာ သိနေတဲ့ကောင်ကို စစ်ရမယ်။ မဟုတ်ရင် ငါတို့အကုန်ဒုက္ခရောက်လိမ့်မယ်ကွ။ မင်းနေရာကိုမရောက်သေးဘူးလား""ရောက်တော့မှာပါဆရာကြီး။"ဆရာကြီးကို ဖြေကြားပြီးတာနဲ့ ရဲထွဋ်ခေါင်လည်း သူ့လူတွေကို ဘုန်းဇေယျတုအား ဒဂုံကခြံထဲကိုခေါ်လာဖို့ ညွှန်ကြားလိုက်သည်။ရဲထွဋ်ခေါင်ရဲ့ အစီအစဉ်တွေက တစ်မျိုးဖြစ်သွားခဲ့ပြီ။ မနေ့က ဖမ်းလာခဲ့တဲ့ မော်စီ့သမီးနဲ့ မော်စီ့မိန်းမ ကို ဂိုဒေါင်ဟောင်းမှာ ဖမ်းချုပ်ထားခဲ့တာ။ သူသတ်ပစ်လိုက်တဲ့ ရဝေအောင်ရဲ့ဖုန်းထဲကနေ ကိုင်ရာ့ဖုန်းနံပါတ်ကို ရတာမို့လည်း ဒီနေ့ မြှားခေါ်ခဲ့ပြိးပြီ။ ထောင်ချောက်ထဲ ကျလာမယ့် သားကောင်ကိုဖမ်းဖို့ တပည့်တွေ လွှတ်ထားပြီးပြီ။ တစ်ကယ်တော့ ဒီနေ့ မြို့ထဲရောက်လာမယ့် လက်နက်ကားကို ကြိုပြီး မော်စီ့ဂိုဒေါင်ထဲထည့်ဖို့ ဆရာကြီးရောက်နေခဲ့တာ။ ဆရာကြီး ဂိုဒေါင်ဆီမရောက်မီ အထဲက ပစ္စည်းတွေနေရာရွှေ့နေတာ အတော်ခရီးရောက်နေပြီလို့ ကျော်သူရဆီက သတင်းရထားပြီးသား။ တာတေကို မော်စိ့ဆီကနေ ထွက်လာပြီး ကျော်သူရဆီသွားကူခိုင်းထားတာ။ ဒီအတိုင်းဆိုလျှင် တာတေ့ကို မော်စီ့ကိုဖမ်းဖို့ တစ်ခေါက်ပြန်လွှတ်ရတော့မှာ။ လတ်တလောတော့ ဆရာကြီးက ဂိုဒေါင်ကိုမသွားနိုင်လောက်သေးဘူးမဟုတ်လား။ မနက်ဖြန်လောက် ဆရာကြီးကို အိမ်သစ်မှာထားခဲ့ပြီး သူ့ကို တစ်ပါတ်ရိုက်တဲ့ မော်စီကို ဂိုဒေါင်မှာ သားရယ် သမီးရယ် မိန်းမရယ် အလှည့်ကျ သတ်ပစ်ပြီး ခံဝန်ချက်ပေးအောင်လုပ်ရမည်။ ဒါမှ မော်စီက ပစ္စည်းတွေဖျောင်ထားတာ သူပါလို့ ဝန်ခံတာကို ဆရာကြီးမြင်သွားမှာ။ အဲ့ဒီတော့မှ ဆရာကြီးရဲ့ ယုံကြည်မှုကိုပြန်ရတော့မှာပင်။ မော်စီတို့ တစ်မြုံလုံးကို အရှင်လတ်လတ် ကလီစာထုတ်ရောင်းပစ်ဖို့ စီစဉ်ထားတာ။ အခုတော့ ဆရာကြီးယုံကြည်ချက်ရဖို့ နဲနဲတော့ အနစ်နာခံလိုက်ရအုံးမှာပင်။*************Surf ကားတစ်စီးရဲ့ နောက်ခန်းကိုပစ်တင်ခံလိုက်ရတဲ့ ဘုန်းဇေယျတု နံကြားကကျလာတဲ့ သွေးကို တိတ်စေဖို့ ဒဏ်ရာကိုလက်ဖြင့်တင်းတင်းကျပ်ကျပ်ဖိထားလိုက်ရသည်။ လက်နှစ်ဘက်နှင့်ခြေထောက်နှစ်ဘက်ကို ပူးကာ ပလပ်စတစ်အိပ်ပိတ်ကြိုးနဲ့ ခြည်နှောင်ထားတာမို့ မလှုပ်သာ။ ဘေးတစ်စောင်းလှဲနေရင်းက အမြန်မောင်းနေနေတဲ့ကားပေါ် ထိမ်းလိုက်လာခဲ့ရသည်။ လက်က Smart watch ကိုအသာထိလိုက်ကာ နဂါးခေါင်း ပစ်ခတ်မှုထိသွားတဲ့အကြောင်းနှင့် သူတို့သွားနေတဲ့လမ်းကြောင်းကို သတင်းပို့လိုက်သည်။ ကားရှေ့ခန်းက လူတွေကိုညွှန်ကြားချက်အရ သေနတ်ဒဏ်ရာရထားတဲ့ ဆရာကြီးကို ရဲထွဋ်ခေါင်က ဉီးဆောင်ကာဆေးရုံကိုခေါ်သွားဖို့ဖြစ်ပေမယ့် သေနတ်ဒဏ်ရာ ကြောင့် နောက်ကြောင်းလိုက်လာမှာစိုးတာမို့ သူတို့သုံးနေကျ အရပ်ဆရာဝန်ကိုသာခေါ်ပြီး ဒဂုံက ရဲထွဋ်ခေါင်ရဲ့ ခြံမှာ သွားကုကြမယ့်အကြောင်း ပြောနေတာကြောင့် ဘုန်းဇေယျတု အခြေအနေကို ထပ်မံသတင်းပို့လိုက်ပြီး နာကျင်မှုကိုအံကြိတ်ခံစားကာ မှိန်းလိုက်လာခဲ့သည်။ ရဲထွဋ်ခေါင်က သူ့ကိုလည်း အလွတ်မပေးလောက်။ ဒဂုံကခြံ တည်နေရာကိုတော့ A3030 ဆီက ရပြီးသားမို့ ကယ်ဆယ်ရေးအဖွဲ့တွေ လိုက်လာဖို့ အချိန်သိပ်မလိုလောက်ပေ။ အကိုတို့တော့ ဘေးလွတ်ရာကိုရောက်လောက်ပါပြီ။ လေးလံလာတဲ့ မျက်ခွံကို အားတင်းဖွင့်လိုက်ပြီး ရှိန်းရဲ့ ဖုန်းတည်နေရာကို ထောက်ကြည့်တော့ တည်နေရာက သန်လျှင်ဘက်မှာမဟုတ်။ လေးလံနေတဲ့မျက်လုံးတွေ ပြူးကျယ်သွားရသည်။ ရှိန်းရဲ့ဖုန်းတည်နေရာသည်ကား မော်စီရဲ့ ဂိုဒေါင်တစ်လုံးရှိရာဆီမှာပင်။ ဒါ ဒါဆို အကိုတို့ကို ရဲထွဋ်ခေါင်တို့ မိသွားပြီ။ အကို့ကို ကယ်မှဖြစ်လိမ့်မည်။ ခွင့်လွှတ်တော့ တေဇမျိုးနဲ့ ကိုမိုးဝေ။ဘုန်းဇေယျတု ရှိန်းတို့ရှိနေတဲ့ တည်နေရာကို အရေးပေါ်ကုတ်နဲ့ တစ်ခါတည်းပို့ပစ်လိုက်ပြီး လက်ကနာရီကိုဖြုတ်ကာ ခပ်ဟဟပွင့်နေတဲ့ ကားမှန်တံခါးကနေ လွှင့်ပစ်လိုက်တော့သည်။ သူ့ကိုဘယ်ခေါ်သွားမည်မသိပေမယ့် အခုလတ်တလော ကယ်ဆယ်ရေးအဖွဲ့တွေ အချိန်တိုအတွင်းရောက်သွားစေချင်တဲ့နေရာက အကိုရှိတဲ့နေရာပဲဖြစ်သည်။ အကိုရေ.. မသေရင်တော့ ပြန်ဆုံကြတာပေါ့။(SOS.. Location .. မော်စီဂိုဒေါင် အမှတ် ၁။)(SOS အဓိပ္ပါယ် ကို အခုချက်ချင်းကယ်ပါ လို့နိုင်ငံတစ်ကာ က သတ်မှတ်ထားပါတယ်။ Cobra mission အတွက် SoS ကတော့ မစ်ရှင်အတွက် အသေခံသွားပြီ၊ ပစ်မှတ်ကို ချက်ချင်းလိုက်ပါ။ ဆိုတဲ့ အဓိပ္ပါယ်မိုလို့ ပြန့်ကျဲနေတဲ့ အေးဂျင့်တွေ အတတ်နိုင်ဆုံး စုပြီး တည်နေရာပတ်လည် အမှုန့်ခြေရှင်းလင်းဖို့ သတ်မှတ်ထားတဲ့ ကုတ်ပဲဖြစ်သည်)။

အသက်ကိုနှင်း၍Where stories live. Discover now