အပိုင်း ၁၂။

164 7 0
                                    


မန်ဆူဟိုတယ်ခန်းထဲ ဆရာကျောင်း အခေါ်စောင့်ရင်း မက်ဆေ့ပို့ဖို့ကုတ်စီစဉ်နေတုန်း ဘုန်းဆီက ကင်မရာတပ်ကြောင်း တေဇမျိုး မက်ဆေ့ရလိုက်သည်။

ရဲတင်းလိုက်တာ ဘုန်းရာ။ မင်းဒီလောက်တောင် ဖမ်းချင်နေရလား။ အကြောင်းရင်းကို မသိပေမယ့် ဇွဲကောင်းလွန်းပြီး စွန့်စားရဲတဲ့ သတ္တိကိုတော့ ချီးကျူးလိုက်မိသည်။

ထိုခဏမှာပဲ ဆရာကျောင်းက ဖုန်းခေါ်လာတာမို့ ဟိုတယ်အောက်ကိုဆင်းကာ ‌လာကြိုတဲ့ ကားနဲ့ လိုက်လာခဲ့သည်။ ဘိန်းဖိုဆိုတာ အနံ့ထွက်တတ်တာမို့ လူနေရပ်ရွာတွေနဲ့ ဝေးတဲ့နေရာမှာပဲ တည်ထားတတ်တာလို့ တေဇသိထားသည်။ အခုတော့ တေဇတို့ ဉီးတည်သွားနေတာက လူနေရပ်ကွက်တစ်ခုဆီကိုပင်။ ဆရာကြီးက တိကျတဲ့သူပင်။ ဖို ကိစ္စဆိုလျှင် တခြားကုန်ကြမ်းကိစ္စတွေတွဲလုပ်တာ မကြိုက်တတ်။ လူနေရပ်ကွက်တွေ လွန်ပြီး သရက်ခြံကြီးထဲ ဆောက်ထားတဲ့ နှစ်ထပ်တိုက်လေးဆီကိုရောက်တော့ တေဇမျိုး စိတ်တောင် လန်းဆန်းသွားမိသလိုခံစားရပြန်သည်။ ဆရာကျောင်းနဲ့ တေဇမျိုးကိုလာကြိုတဲ့ ရှမ်းတရုတ်လေးက အိမ်ထဲကို လမ်းပြခေါ်သွားကာ ဧည့်ခန်းထဲထိုင်ခိုင်းတာမို့ အေးအေးဆေး‌ဆေးထိုင်နေလိုက်ကြသည်။

"အားလုံးအဆင်ပြေကြရဲ့လား။"

မြန်မာလိုပီပီပြင်ပြင် ထွက်လာတဲ့ စကားသံကြောင့် နှုတ်ဆက်လာသူရဲ့သွင်ပြင်ကိုကြည့်ရင်း တေဇမျိုးရော ဆရာကျောင်းပါ အံ့အားသင့်သွားရသည်။ တစ်ကယ့်နိုင်ငံရပ်ခြား ဉရောပသားအသွင်အပြင်နဲ့ ရုပ်ရည်တို့က ထိုသူမြန်မာလိုပီသစွာပြောလာသည်ကိုပင် နားမလည်တော့သယောင် ဖြစ်ရလေသည်။

"အဆင်ပြေပါတယ်၊ ဒါနဲ့ ကျွန်တော်တို့က ဖိုနေရာပဲကြည့်မှာ ဧည့်သည်လုပ်ဖို့ အချိန်မရပါဘူး။ ခွင့်ပြုပါအုံး"

ဆရာကျောင်းစကားကို ထိုနိုင်ငံခြားသားက အပြုံးဖြင့်သာ တုန့်ပြန်သည်။

"ဟုတ်တာပေါ့။ ရဲထွဋ်ခေါင် လူတွေဆိုတော့ သူ့ပုံစံအတိုင်းပေါ့။ ကဲကဲ ပြလိုက်စိုင်းလုံ။ ကြည့်စရာရှိတာလဲ ကြည့်ပါ။ ပြီးရင်တော့ ဧည့်သည်ပြန်လုပ်ဖို့ ဒီကိုပြန်လာခဲ့ပါအုံး။"

အသက်ကိုနှင်း၍Where stories live. Discover now