Part 1

1.6K 161 26
                                    

Unicode#

ပင်လယ်ကြီးမှလှိုင်းတွေကတခပ်ခပ်
ည‌လေပြေလေးကတဖြူးဖြူး
မနေ့ကနဲ့မတူသာယာလို့နေသည်

ကမ်းဆပ်မှာသတိမေ့မြောနေတဲ့ကောင်လေးကတော့
မနေ့ကမုန်တိုင်းကြောင့်ဖြစ်မည်ထင်တစ်ကိုယ်လုံးဒဏ်ရာတွေနှင့်ပြည့်နက်နေတော့သည်

...

" သင်္ဘောမှောက်ပြီး ပစ္စည်းတွေ အကုန်ပင်လယ်ထဲမျောပါသွားတယ် ဟုတ်လား"

"ဟုတ်ပါတယ်"

"ငါ*ိုး မင်း‌တို့အလုပ်ကိုဘယ်လိုလုပ်နေတာလဲ ကိုယ်အလုပ်လုပ်မယ့် ရေကြောင်းလိုင်းကမုန်တိုင်းတိုက်မှာ ဆိုတာမသိကြဘူးလား ဘယ်သူဦးစီးလုပ်တာလဲ"

"ဝမ်သူဌေးဦးစီးတာပါ"

"အခုအဲ့ခွေးမသားဘယ်မှာလဲ"

"သူ သူလွတ်သွားပါတယ် ဥက္ကဌ"

"‌ောက်သုံးမကျတဲ့ကောင်တွေ"

ဘေးနားကတပည့်ဖြစ်သူကိုစားပွဲပေါ်ကဓားဖြင့်
လှမ်းပေါက်တော့
ထိုဓားကသူ့ပါးပေါ်ခပ်ရေးရေးခြစ်သွားသည်

ဒီကောင်သူ့အပြစ်သူသိတာမို့
ချက်ချင်းဒူးထောက်လာတယ်

"အခုကစပြီးအဲ့ကောင်ကိုမြေလှန်ရှာမင်းပြန်လာလို့သူ မပါလားဘူဆိုရင်မင်း‌ခေါင်းမင်းဖြတ်ပြီး ငါ့ဆီရောက်အောင်ပို့လိုက်"

"ဟုတ်ကဲ့ပါ"

"မင်းထွက်ပြေးဖို့မကြံနဲ့"

"ကျွန်တော်က ဗြောင်ဂျယ်ဆော့ပါသားရဲပေါကြောင်တဲ့အလုပ်မျိုးဘယ်တော့မှမလုပ်ပါဘူး''

ဂျယ်ဆော့ထွက်သွားမှသူလည်းစိတ်ရှုပ်ရှုပ်နဲ့ ထိုင်ခုံကိုခေါင်းမှီကာမျက်လုံးကိုမှိတ်ထားလိုက်သည်

ဘွမ်းဘွမ်းဘွမ်း

"အာ့!"

ရုတ်တရက်သူ့ရေချိုးခန်းထဲမှထွက်လာတဲ့အသံ

"အကို အထဲမှာဘယ်သူရှိတာလဲ"

"ငါကမင်းကိုမေးရမှာလေ"

"ကျွန်တော်သွားကြည့်လိုက်မယ်"

သူဌေးဝမ်ဆိုတဲ့ကောင်ကြောင့်သူဆုံးရှုံးလိုက်ရတယ့်ငွေပမာဏကမနည်းမနောဒီခွေးကောင်တွေ့လို့ကတော့လုံးဝအရှင်မထားဘူး

sᴛᴏʀʏ ᴏғ ᴛʜᴇ ʙʟᴜᴇ sᴇᴀ «ᴋᴠ»Where stories live. Discover now