Part 4

532 76 34
                                    

Unicode#

ယောင်း တစ်နေ့လုံးကုကုကိုစကားမပြောပါဘူး

"ဆလပ်ရွက်ဆိုတယ့်ဟာကြီးကို မုန်းလိုက်တာ"

သူကပိုတောင်လှသေးတယ့်ဟာကို
ကုကု ကတကယ်အလှတရားကိုမခံစားတတ်တာမဟုတ်ဘူးလား

"မျက်လုံးကြီးကပြူးသလောက် မကြည့်တတ်ဘူးလားမသိပါဘူး တကယ်ပါဘဲ.."

"ပွစိပွစိနဲ့ ဘာတွေမကျေမနပ်ဖြစ်နေတာလည်း?"

လက်ထဲကCoffee ခွက်ကိုကမ်းပေးတော့
ဟိုဘက်ကိုပက်ကနဲလှည့်သွားသည်

"သွားငါ့ရှေ့ကနေ"

"ဟော ငါလို့မပြောရဘူးလေကွာ
ကိုယ်က ရေသူလေးထက်အများကြီး ကြီးတယ်"

"ဂရုမစိုက်ပါဘူးနော် တကယ်ဘဲ ဝေးဝေးသွားစမ်းပါ"

ဆလပ်ရွက်ကိုလှတယ် ပြောမိတာကို စိတ်ဆိုးနေလေတာ..ရေသူထီးလေးက သူ့ကိုပြောလို့ပြောမှန်းလည်းမသိ စိတ်ရှည်လက်ရှည်နဲ့ကိုကောက်နေတော့တာပင်

"ဟော အလှလေးရေ..."

"ဟွန့်"

အက်မယ် ချော့မှန်းသိတော့နှာမှုတ်သံလေးပေးလာတာ..ချစ်ဖို့ကောင်းလွန်းလို့ ဂျောင်ကု သူ့အရှေ့က ခေါင်းအနီလုံးလုံးလေးကိုငုံထားချင်မိသည်အထိ

"ချစ်ဖို့ကောင်းတယ် ရေသူလေးကိုပြောတာမနက်ကလည်း ရေသူလေးကိုဘဲပြောတာ ဒါ့ကြောင့်-"

"မွ.."

ဂျောင်ကုမှာ ပြောလက်စ စကားပင်ဆက်မပြောနိုင် အခုရေသူလေးက သူ့ပါးကို ခြေဖျားလေးထောက်ပြီးနမ်းလိုက်တာ

"ထယ်..ဘာလုပ်တာလဲ"

"ဝါး ပါးလေးကမွှေးနေတာပဲနော် ကုကု"

"ဟုတ်လား ထက်နမ်းချင်လား..ဟင်?"

"တော်ပါပြီ ယောင်းဒါကိုသောက်ကြည့်မယ်နော်"

ငါးလေးက ဂျောင်ကုဖျော်ပေးတယ့် ကော်ဖီကိုယူကာအနံ့ကိုမွှေးကြည့်လေသည်

"‌ကိုယ့်ကို ပြန်ပေးပါအုံး ကလေးလေး
ဒါကပူနေတာ အခုသောက်လိုက်ရင် ထယ့်လျှာလေးကပြုတ်ပြီးသားလေးဖြစ်သွားမှာ ကုကုမှုတ်ပေးမယ်နော်"

sᴛᴏʀʏ ᴏғ ᴛʜᴇ ʙʟᴜᴇ sᴇᴀ «ᴋᴠ»Where stories live. Discover now