Unicode #
ဘယ်သူမှန်းသေချာမသိပေမယ့်လည်း
ဒီဘုမသိဘမသိလေးကိုအိမ်မှာဘဲခနနေခွင့်ပေးလိုက်မိသည်ဒီလိုမျက်နှာလှလှနဲ့အရူးလေးတစ်ယောက်ကို
လျှောက်သွားခွင့်ပေးလိုက်လို့ဘယ်ဖြစ်မလဲJiminကတော့အပျော်ကြီးပျော်နေလေတာ
အဖော်ရပြီဆိုပြီးကဆုန်ပေါက်နေတာမှမြင်မကောင်းဘူးအခုလည်း ညကြီးအချိန်မတော် ပင်လယ်ထဲဆင်းပြီးနှစ်ယောက်သားရေဆော့မယ်ချည်းလုပ်နေလို့တားထားရသေးသည်
"ကဲ ထယ်ယောင်းနဲ့Jimin မင်းတို့အခန်းကိုသွားတော့ အချိန်မသေးတော့ဘူး အိပ်ကြတော့ငါအလုပ်လုပ်ရအုံးမယ် ok?"
Jimin ကတော့နှုတ်ဆက်ကာသူ့အခန်းထဲက
ထွက်သွားပေမယ့်ထယ်လိုလိုယောင်းလိုလိုတစ်ယောက်ကမထသေး"ဟော ထယ်ယောင်းမကြားဘူးလား"
"ယောင်း လို့မခေါ်ချင်ဘူးလား"
"ဘာလို့များ ငါကမင်းကိုယောင်းလို့ခေါ်ရမှာ?"
"အားလုံးက ယောင်းလို့ဘဲခေါ်တာကို ကုကုကထယ်ယောင်းလို့လာခေါ်တာလေ ရိုင်းလိုက်တာ"
"ထယ်ယောင်းလို့ ခေါ်တာကရိုင်းတယ်လား ဒါဆိုမင်းလည်းငါ့ကို ကုကုလို့ခေါ်နေတာကပိုရိုင်းတယ်.."
Laptopကိုသာမျက်နှာမူရင်းပြောလိုက်တော့
"ကုကု ဆိုတယ့်နာမည်ကလှတာကိုထားပါ ဂျုံကုဆိုလည်းဂျုံကုပေါ့"
ဒီကလေးကသူနာမည်ကိုဖျက်နေတာ
"ဟေး ငါကဂျောင်ကု ဂျွန်ဂျောင်ကု"
"ဂျွန် ဂျွန်! ဂျွန် နော်..မာ?"
သူ့ရဲ့မျိုးရိုးနာမည်ကိုရေရွတ်နေပြီး မျက်နှာကလည်းသွေးပျက်နေပုံ ဂျွန်နော်မာဆိုတာကိုလည်းအကြိမ်ကြိမ်ပြောနေခဲ့တာပင်
"ဘာဖြစ်တာလဲ ထယ်ယောင်း"
"ဟင့်အင်း ကုကု...ယောင်းလို့ခေါ်"
"သွားသာအိပ်တော့ ယောင်းရာ မင်းကလေ..."
"ယောင်းလို့ခေါ်တာလား ပျော်လိုက်တာ ဒါပေမယ့်ကုကုနဲ့မှအတူတူအိပ်မှာ"
YOU ARE READING
sᴛᴏʀʏ ᴏғ ᴛʜᴇ ʙʟᴜᴇ sᴇᴀ «ᴋᴠ»