Part 5

335 40 17
                                    

Unicode#

"ဂျယ်ဆော့ဂီ! ဂျယ်ဆော့ဂီ!!! မြန်မြန်လို့ ကုကုရေကူပြောပေးအုံး!"

ထယ်ယောင်းမှာရောက်ကတည်းကအိမ်ထဲ၌နေနေရသည်မှာ အတော်ကြာနေပြီဖြစ်၍ ဂျီမင်းနှင့်ထယ်ယောင်း နှစ်ယောက်သား အပြင်ထွက်လည်ရန်ဂျောင်ကုကို‌အစားမစားဘဲဂျီတိုက်ကာ ယခုတွင်ခွင့်ပြုချက်လည်းရပြီမို့ ကားပေါ်မှာစောင့်နေကြတာဖြစ်သည်

ဂျယ်ဆော့ကကားမောင်းသူဖြစ်ပြီး ဂျောင်ကုနှင့်စကားပြော၍မပြီးသေးတာကြောင့်မလာသေးသည်ကို ထယ်ယောင်းမှာတပူပူတကျီကျီ

"ထယ် ခနလေးကွာ ကိုယ်မှာစရာလေးရှိလို့နော် လိမ္မာပါတယ်"

ဂျောင်ကုမှချော့ပြောလိုက်တော့ ပြုံးပြလာကာငြိမ်ကျသွားသည်

"ထယ်ယောင်းတခုခုဖြစ်ရင် မင်းခေါင်းကိုသစ်ဖြတ်လွှနဲ့ဖြတ်မှာနော်ဂျယ် ရေမထိစေနဲ့ ရေမကိုင်စေနဲ့ ရေနဲ့ဝေးဝေးထား  ဟားရှ် ငါတကယ်စိတ်မချတာနော်ဟိတ်ကောင်..."

"အသက်နဲ့ရင်းပြီးစောင့်ရှောက်မှာပါ စိတ်ချလို့ရပါတယ်"

ယနေ့ အရေးကြီးmeeting ရှိသည်မို့ ဂျောင်ကုမှာဘယ်လိုမှမအား

အခုရက်‌ပိုင်း အချိန်‌ပြည့်MacBookတစ်လုံးဖြင့်အလုပ်ရှုပ်နေတတ်သည် ထို့ကြောင့်ရေသူလေးကိုသူမပါဘဲစိတ်မချလို့မလွှတ်သည်ကို တငိုငိုတရီရီဖြင့်အစာမစား ဆန္ဒပြနေသည်မို့ကိုယ်ကဘဲသူမပျော်တာလေးကိုမကြည့်ရက်နိုင်၍လိုက်လျောလိုက်ရတော့သည် ဂျယ်ဆော့နဲ့မို့သာစိတ်ချလက်ချလွှတ်လိုက်ရတာ
မြှောက်ပေးသည့်ဂျီမင်းကိုလက်သီးပြလိုက်တော့ မသိချင်ယောင်ဆောင်သွားသည်

ကားတံခါးကိုဆွဲဖွင့်လိုက်ရင်း ရေသူထီးလေး၏ပါးလေးနှစ်ဖက်ကိုလက်ဖြင့်ထိန်းကိုင်လိုက်ကာ

"ရေထိလို့မရဘူးဆိုတာ သိတယ်မို့လားကလေးလေး မုန့်တွေရယ်အဝတ်အစားတွေရယ်ပြီးတော့သဘောကျတာအကုန်ယူ ကိုယ်ဂျယ့်ကိုblack cardပေးထားတယ် တစ်ခုဘဲရေမထိစေနဲ့နော် အချိုရည်တွေလဲဝယ်မတိုက်နဲ့ဂျီမင်း"

"မတိုက်ဘူးစိတ်ချ အကိုဂျောင်ကု ဒါနဲ့ယောင်းငယ်ကိုဘာလို့ရေအထိမခံဖြစ်နေတာလည်း"

sᴛᴏʀʏ ᴏғ ᴛʜᴇ ʙʟᴜᴇ sᴇᴀ «ᴋᴠ»Where stories live. Discover now