HELLO MY BROTHER (Intro)

997 107 18
                                    

"ကြီးကြီးဟန်!!ကြီးကြီး!!"

ဒီနေ့မနက်စောစောစီးစီး အိပ်ယာထသည်နဲ့..စိတ်ဟာမကြည်လင်။တွေ့သမျှကို ဒေါသဖြစ်နေတာ
စိတ်ဘဝင်မကျသလို...ခြုံပေးထားသည့်စောင်
အားကုန်ထုတ်လျက် မျက်မှောင်ကြီးကျုံးကာ
အိမ်အောက်သို့ဆင်းလာသည့် ပိစိကွေးလေးကြောင့် အမေဖြစ်သူ 'ကင်နီုအီ' ခေါင်းကြီးနေတော့သည်။

နဂိုကတည်းကစိတ်မကြည်သည့်သူကို..ဘယ်လို
နည်းနဲ့ စိတ်တိုစေမယ့်စကားပြောရပါ့မလဲ??
ခက်တော့ခက်နေပြီ!!

"အဲ့ သခင်လေး နိုး-နိုးလာပြီလား?"

"ကျနော်အိပ်နေတာ မြင်လို့လား??မေမေရော"

"သားငယ် အမေဒီမှာ"

အောက်မှ မိခင်ဖြစ်သူအသံကြားတော့မှပိစိကွေးတစ်ကောင် မချိုမချဉ်ရုပ်နဲ့ ထမင်းစားခန်းထဲသို့
ဝင်သွားတော့သည်။

"ဘာတွေစိတ်မကြည်နေတာလဲ...ပြောစမ်းပါဦး"

"မေမေ့!!သားအခန်းကိုပြောင်းပေးတော့..
အဲ့ကုတင်ရော..အဲ့စောင်ရော..အဲ့စာကြည့်စားပွဲရော..အဲ့လိုက်ကာရော..အဲ့ပန်းအိုရော..အကုန်လုံး
သားမကြိုက်တော့ဘူး ပြောင်းပေး!!"

"အမလေး..ကိုယ်တော်လေး အဲ့ဟာတွေကိုတစ်နေ့ကပဲရှင်ပြောင်းထားတာလေ!!အခုဘာဖြစ်ပြန်တာလဲ?"

"အဟောင်းပဲပြန်လဲတော့ အသစ်တွေမဝယ်တော့ဘူး မြင်ရတာနေသားမကျဘူး..အိမ်မှာအဲ့လိုပစ္စည်းအသစ်တွေမြင်ရတာ စိတ်တိုတယ်!!"

"အော် အင်း-အင်းပါ..အမေဒေါ်ကြီးဟန်တို့ကိုပြောပေးထားမယ်"

ပြောမယ့်စကားကို ကြိုသိနေသည့်အတိုင်း
အရှေ့ကနေပိတ်ပြောလိုက်တဲ့လူကြောင့်
ထွက်ခါနီး လေတောင်ပြန်ဝင်သွားတော့သည်။အိမ်မှာပစ္စည်းအသစ် ရောက်တာတောင်မကြိုက်ဘူးတဲ့..ပစ္စည်းပါမကဘူးလူအသစ်တစ်ယောက် ပါထပ်တိုးပါက..တစ်သက်လုံးအတူနေမည့် လူတစ်ယောက်ထပ်တိုးပါကကင်ဆောနူတို့
ရူးသွားမလားပင်မသိ...

"သားကျောင်းသွားတော့မယ်..မေမေလိုက်ပို့မှာလား?"

"ဒီနေ့လဲ ဦးလေးဂီနဲ့ပဲသွားလိုက်တော့နော်..မေမေ
လိုက်ပို့ရင် နောက်ကျနေဦးမယ်..မေမေဝင်စရာတွေရှိသေးလို့"

HELLO MY BROTHER || sunkiWhere stories live. Discover now