00

1.4K 77 0
                                    

နွယ်ကာရစ်တတ်လေတဲ့ သံယောဇဉ်ကြိုးနွယ်နွယ်ကလေး။မုတ်သုံလေသုန်လီတဲ့ ပုလဲရည်ငွေ့ငွေ့တွေမယ် ခိုကာနွဲ့တယ်။

ထက်အာကာပြင်သို့ မော်၍ကြည့်မိသည့်အခါ ညိုညစ်ညစ် တိမ်လွှင့်လွှင့်တွေကား ကခုန်မြူးထူးတယ်။

ငွေ့ရည်ငယ်ငယ်တို့ မျက်နှာထက်ဖိတ်စင်လာလေခိုက် ဆွေးမြေ့နေသည့်စိတ်တ္တဇနာမ်တို့ကား ရုပ်လုံးကြွလေပြီ။များများစားစားမရှိတဲ့ မျက်ရည်တွေက မျက်ဝန်းမှနေ၍ ယိုဖိတ်လာတော့ပြီ။

ပြင်းထန်တဲ့ နောင်တတရားတွေမှာ လွမ်းဆွတ်မှုတို့ညင်းဆဲလေတဲ့ စိတ်ဝိဉာဥ်အစုံအား ခပ်ပြင်းပြင်း ရိုက်ချလို့ ဒူးထောက်စေခဲ့တယ်။

နှာတံကော့ကော့လေး အနီးတဝိုက်က ပါးပြင်ဥဥလေးမယ် နူးညံ့မှုတို့ကိုင်ဆွဲကာ တဖွဖွနမ်းရှိုက်ချင်ရုံ။

ပုတ်ခတ်၊ပုတ်ခတ်ဖြင့် မျက်ဝန်းလှလှအား ဖုံးဖိပေးရာ မျက်ခွံနုနုကလေးအား အကြင်နာရေးရေးလေးပေးချင်ရုံ။

ပုခုံးစွန်းသေးသေးလေး အစွန်အဖျားနား ကုတ်တက်နေတတ်တဲ့ ဆွယ်တာပေါ့ပေါ့လေးကို ဘဝင်မကျမနာလိုမိရုံ။

ကြာခဲ့လေပြီဘဲ။မင်းမရှိလို့ ပျက်စီးနေတဲ့ ဒီလူ့ဖြစ်တည်မှု အရပ်ရပ်က။ ငါးနှစ်လား၊ ဆယ်နှစ်လား။မဟုတ်.. ရေတွက်လို့ဖြစ်နိုင်သေးရဲ့လား။

တောင်းဆုတွေ တဖွဖွပြုခဲ့မိတဲ့ ညတွေမယ် ကြယ်တွေမကြွေခဲ့လေဘူး။အထပ်ထပ်သော ညီမျှခြင်း ညဥ့်သန်းခေါင်တွေမှာ ဆွေးမြေ့ပျက်စီးနေတဲ့ အချစ်ရူးကိုတွေ့ရင် တိတ်တိတ်ကလေး မျက်ကွယ်ပြုပေးဖို့ အမိန့်ထုတ်ထားတယ်။

ချိနဲ့နေတဲ့ စိတ်ဝိဉာဥ်နဲ့ ယိုယွင်းနေတဲ့ဖြစ်တည်မှုတစ်ရပ်ကို မင်းရှေ့သာ ခစားစေချင်ရုံပေမို့ အပြစ်မဆိုလေနှင့်။ဒီလူဟာ မင်းအတွက်သာဖြစ်ကြောင်း မိုးစက်တစ်ပေါက်ချင်းစီမယ် လက်မှတ်တွေရှိနေလိမ့်မယ်လေ။

ငြိမ့်ညှောင်းလှပခြင်း၏ စမှတ်မှာ မိုးစက်တွေဖြစ်ကြောင်းနှင့် ယိုယွင်းပြိုလဲခြင်း၏ စမှတ်မှာ မိုးစက်တွေသာဖြစ်ကြောင်း ကိုယ့်မျက်ရည်တွေကို အငှားသက်သေတည်ခိုင်းမယ်။

ကိုယ်ချစ်လွန်းခဲ့ပါတယ် ကလေး။

-

သည်အစမှနေ Publish ပြီးတဲ့ထိ အရေးအသားနေရာမှာ အစစအရာရာ ပြန်ပြင်ရေးထားတာကိုတွေ့ရတော့မှာပါ။plot ကိုတော့ပြောင်းဖို့အစီအစဥ်မရှိပါဘူး။

BM လေးပြန်အစချီပါပြီနော်။ 01 အတွက်တော့အချိန်နည်းနည်း ခိုးပါဦးမယ်။

Cin
20823

𝐁𝐄 𝐌𝐈𝐍𝐄Where stories live. Discover now