မုတ်သုံလေ ခပ်မြူးမြူး။
မိုးငွေ့တို့ ဝေဆာတဲ့မြေပြင်တစ်ခွင် ငွေ့ရည်သဲ့သဲ့တို့ကား သိပ်သည်းစွာဖိတ်စင်တယ်။တိမ်ကောသွားတဲ့ ရွက်ဝါဝါတွေကား ကြွေကာလွှင့်ပြီးလေပြီ။
အလွမ်းတွေ ငွေ့ရည်နွဲ့နွဲ့ငယ် ဖွဲ့တဲ့အခန်းငယ်ကား မီးရောင် မိန်တိန်တိန်။
ဘဝင်မကျ အပူလိုင်းနွယ်နွယ်ကလေးတစ်ခုကား ၄င်းခပ်ငယ်ငယ်တိုက်ခန်း၏ ဗဟို၌။
"နေ့ရက်တိုင်း၊စက္ကန့်မခြား ကိုယ်မင်းကို
လွမ်းနေခဲ့တာ အဲ့စိတ်ကြောင့်ကိုယ်ရူးသွားတော့မှာဘဲ။""အရေးမပါတာတွေ မပြောစမ်းပါနဲ့။ကျွန်တော်တို့ မဆိုင်တော့တာကြာပြီ။ကျေးဇူးပြုပြီး.. လှည့်ထွက်သွားပေးပါ။"
ရောင်ခြည်ပျောက်စတို့ တိမ်ကောမသွားသေးသည့် အချိန်။အခန်းနံရံ၏အနီးရှိ ပြတင်းပေါက်ခပ်ငယ်ငယ်အား လွှမ်းရိပ်ထားတဲ့ ချည်စရှည်ရှည်တို့ကြောင့် ဤရပ်ဝန်းငယ်ကား မှိန်တိန်တိန်။
ရှုပ်ထွေးကာ တင်းတင်းမာမာ လေထုသဲ့သဲ့ကား ထိုးဖောက်မတတ် စေ့စပ်ကြည့်နေကြသည့် လူနှစ်ဦး၏ သက်ရောက်မှုကြောင့်သာ ဖြစ်တန်၏။
နှစ်ဦးသဘောမျှစွာ လျှောက်လှမ်းလာခဲ့ပြီးဖြစ်သည့် ကွာဝေးသွားသည့် ဆန့်ကျင်ဘက်လမ်းနှစ်သွယ်အား အနှီလူကား ဘဝင်မကျဟန် တူပါ၏။
"မင်းကိုပဲ ကိုယ်တွေးနေမိတာ။"
ရွေ့ကာလှမ်းသွားသည့် ခြေလှမ်းတိတ်တိတ်တွေကား သူ့ထံဦးတည်သည်။မဝံ့လှစွာ နောက်သို့တစ်ဖန် ခြေလှမ်းဆုတ်မိခြင်းနောက် ခပ်တင်းတင်းကွေးကုပ်မိတဲ့ လက်ချောင်းတွေထံ ထိုလူ၏ လက်တစ်ဖက်က လှမ်းတယ်။
ခပ်မြမြ နံရံထက် ကျောကပ်မိသည်ကို သတိပြုမိခိုကိ တစ်ဖက်လူအား စေ့စပ်ကြည့်နေရုံသာ တတ်နိုင်တော့ပေသည်။
"ကိုယ်မရှိဘဲနေနိုင်ပြီလား ဆောင်းဟွန်း။"
"ကောင်းလိုက်တဲ့ မေးခွန်း။နာကျင်စရာ ကိစ္စတွေက ဆွေးသွားတဲ့သစ်ရွက်လိုဘဲ.. ခင်ဗျားကိုမမြင်ရတဲ့ ကာလတွေမှာလေ"