04

546 57 2
                                    

မြစိမ်းရောင်တို့ ပဲ့ခွာရန်မသင့်နိုင်သည့် သစ်ရွက်ငယ်ငယ်တို့ကား ပုလဲမိုးပေါက်တို့၏ ပြင်းထန်စွာပြုတ်ကြွေမှုအား လက်ခံရသည့်တစ်ခုတည်းသောလရာသီ။

မုတ်သုံမိုးလေညှင်းတို့နှင့်ယှဥ်တွဲကာ ဘယ်ညာယိမ်းနွဲ့နေသည့် သဘာဝတရား၏မိတ်ဖက်များကား ပျူငှာစွာဖြင့်အညိုးအတေးတို့ကြား ပျော်မွေ့ကခုန်နေလေ့ရှိသည်။

ခပ်ကြမ်းကြမ်းဝှေ့တိုက်လာသည့် မိုးလလေပြေသွဲ့သွဲ့တို့ကား ပုခုံးစွန်းအနားသို့ကျီစယ်သွားစဥ် နဖူးပြင်အား ခပ်နာနာရိုက်လိုက်ခြင်းဖြင့် နမော်နမဲ့ဆောင်းဟွန်းမှာ ထီးမေ့လာခြင်းကြောင့် ကိုယ့်ကိုကိုယ် အပြစ်ပေးလိုက်သည်။

ထက်အာကာပြင်အား တစ်ချက်မော်ကြည့်လိုက်ရင်းပင် မဟူရာမျက်ဝန်းတို့မယ် ပူပန်ခြင်းများကပ်ငြိကျန်ခဲ့သည်။

"အဖြူရောင်"

ရုတ်တရက်၊ နောက်ပါးမှ ဝှေ့ပျံလာသည့်လေတိုးသံကား ဆောင်းဟွန်း၏သွေးပြန်ကြောများအား အေးခဲသွားစေသည်။

မျက်ခုံးနှစ်သွယ်တို့ နီးစပ်သွားသည့် ဆောင်းဟွန်းကား ရှုပ်ထွေးကာနှစ်လိုဖွယ်မကောင်းသည့် စာအုပ်တစ်အုပ်အား လှန်ကြောလိုက်မိသလို စိတ်အစဥ်ကား ခေတ္တခြင်းပင်ညစ်ညူးလာ၏။

ထိုသူ၏ ရုပ်ခန္ဓာမပြောလေနှင့် ရေရွတ်သံခပ်တိုတိုလေးကိုပင် သူမနှစ်မြို့။

"အဟက်.. လှည့်တောင်မကြည့်ပါလား"

ထပ်မံထွက်ကျလာသည့် စကားသံတို့အဆုံး သူလက်သီးခပ်တင်းတင်းဆုပ်လိုက်ရင်း နောက်ပါးသို့ ခေါင်းလှည့်လိုက်သည်။

ရှောင်လွှဲခြင်း ခေါင်းစဥ်အောက် သူ့မှင်ရည်တို့မစွန်းထင်းစေလို၍ ရင်ဆိုင်ဖို့ရန်သာ အားခဲလိုက်၏။

"ကိုယ်တို့ ခဏလောက်စကားပြောကြမလား၊ ဟင် အဖြူရောင်"

နဖူးပြင်ထက် ရှုပ်ပွပွေလီနေသည့် ခပ်ကောက်ကောက်ဆံသားတွေနှင့်အတူ အရောင်မှိန်တိန်တိန်ရှပ် အင်္ကျီတစ်ထည်နှင့် သူ့ရှေ့မှလီယိုကား အမှန်ပင်ဖရိုဖရဲနိုင်လွန်းသည်။

You've reached the end of published parts.

⏰ Last updated: Jun 26 ⏰

Add this story to your Library to get notified about new parts!

𝐁𝐄 𝐌𝐈𝐍𝐄Where stories live. Discover now