chapter-25

3.8K 487 61
                                    

(Unicode)

" ထယ်ဟျွန်းနှင့်အတူ ပျောက်ဆုံးသွားသော ချွဲယူ "

               ဂျီမင်း သူ့မျက်စိရှေ့မှာ မြင်နေရတဲ့ ဆော့ဂျင်ကို မယုံကြည်နိုင်ဖြစ်နေရသည် ၊ သူနှင့် ထယ်ဟျွန်းအတွက် အမြဲတမ်း အားကိုးရာဖြစ်ခဲ့ရတဲ့ တည်ကြည်ခန့်ငြား လွန်းတဲ့ ကြေးစားလူမိုက်အဖွဲ့ခေါင်းဆော့ဂျင်ဟာ အခုခါမှာတော့ ပိန်ချုံးကာ မွဲခြောက်နေသော ပွယောင်းယောင်းဆံပင်ရှည်တွေနဲ့ သူရဲ့ စူးရှလှတဲ့ မျက်လုံးတွေကို ဖုံးကွယ်ထားပြီး ၊ အရောင်ဖျော့နေသော ဂျာကင် တစ်ထည်ကို ဝတ်ထားလေသည်။ သူ့လက်ထဲမှာတော့ လက်ကမ်းစာစောင် တချို့ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေ၏ ။

" အကိုကြီး ဆော့ဂျင် "

သူ နာမည်ကို အားတင်းကာ ခေါ်လိုက်တော့ နှာခေါင်းထိပ်မှ နာကျင်ကာ ရဲရဲနီလာပြီး မျက်ဝန်းအိမ်တို့ကလည်း စူးကာအောင့်လာရသည် ။ သို့သော် မငိုမိ

ဆော့ဂျင်က သူ့အား မှိုင်းညို့နေသော မျက်ဝန်းတွေဖြင့် လှန်ကြည့်လေသည် ၊ ဂျီမင်းကိုမြင်ရသည်မို့ သူ၏ မျက်ဝန်းတွေက တောက်ပသွားပြီး အနားသို့ ချက်ချင်းပြေးလာကာ ပွေ့ဖက်ထားလျက် ၊ ဆော့ဂျင်ထံမှ ဒီလို နူးညံ့ကြင်နာသည့် အပြုအမူမျိုး တစ်ခါမှ မခံရဖူးသည်မို့ ဂျီမင်း အနည်းငယ် ကြောင်အလျက် ။
ဂျီမင်း လည်း ပြန်လည်ကာ ပွေ့ဖက်ထားတဲ့အခါ နှစ်ဦးကြားမှာ တီတီတာတာ ပြောစရာစကားမရှိခဲ့ ၊ ထိုကဲ့သို့ ပြောတတ်သည်က သူတို့ ညီအကိုသုံးယောက်မှာ ထယ်ဟျွန်းတစ်ဦးတည်းသာရှိသည် ။

" ဘယ်လိုဖြစ်ရတာလဲ အကိုကြီး
ကျွန်တော် မရှိတဲ့ သုံးနှစ်အတွင်း ဘာတွေဖြစ်သွားတာလဲ "

ဆော့ဂျင်ဟာ သူ့လက်ထဲက ထယ်ဟျွန်းပုံတူ ပါသည့် လူပျောက်ကြေငြာစာ လက်ကမ်းစာစောင်တွေကို အသေအချာ ဂရုတစိုက် ခုံပေါ်တင်ကာ လေမလွင့်သွားစေရန် အပေါ်မှ တစ်ခုခုဖြင့် ဖိလိုက်ပြီးမှ ဂျီမင်းဘက်လှည့်ကာ စကားစပြောလေသည်။

" တစ်နှစ်ကျော် နှစ်နှစ် နီးပါးလောက်ရှိပြီ
ထယ်ဟျွန်း အိမ်ကထွက်သွားတာ "

ENLACE Tempat cerita menjadi hidup. Temukan sekarang