chapter-18

4.8K 584 49
                                    

(Unicode)

" ချွဲယူ၏ အာရုံကို ဖမ်းစားလိုက်သူ "

                ကျွတ်ကျွတ်ညံနေသော ပွစိထိုးသံများကြောင့် ယွန်းဂီ တစ်ယောက် သူ၏ အောက်ထပ် ပန်းဆိုင်ထဲသို့ စိုးရိမ် တကြီး ပြေးဝင်လာခဲ့သည် ။

                သို့သော် သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူသည် မျက်မှောင်ကြုံ့ အလိုမကျ မနှစ်မြို့မှုများ သူ၏ မျက်နှာ ထက် အထင်းသားပေါ်လို့လာလေသည် ။

               သူ၏ သေးကာ ကျဉ်းလှတဲ့ ပန်းဆိုင်ငယ်လေးထဲမှာ ကောင်မလေးများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုသူများက သူ့ပန်းများကို အလိုရှိလို့ လာဝယ်ကြတာ မဟုတ်တာ သေချာလွန်းပါသည် ။ ဆိုင်၏ ကောင်တာမှာ နှင်းဆီ နီနီရဲရဲ သုံးပွင့်လောက်ကို အဆူး မညှပ်ပဲ ‌နုဖတ်လှတဲ့ ဒေစီပွင့်ငယ်လေးတွေကြား ထည့်ကာ အတူယှဉ်တွဲပြီး စည်းနှောင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားကို လာကာ ကြည့်ကြခြင်းပင် ဖြစ်၏။

                ထိုမိန်းကလေး တစ်သိုက်က ကောင်တာရှိ အမျိုးသား၏ အပြုအမူတိုင်းကို မျက်ဝါးထင်ထင် ငေးကြည့်ရုံနှင့်မဝ ဖုန်းကိုယ်စီ ထုတ်ကာ မှတ်တမ်းတင်ဖို့ ကြိုးစားနေကြသေး၏။  သူတို့ မျက်နှာထက် ရှက်ပြုံးလေးများနှင့် သဘောကျ နှစ်သက်မှုများက ချုပ်တည်းထားမရသည့်နှယ် ။  

               ထိုမျှ မိန်းကလေးများကို ဆွဲဆောင်ထားနိုင်သူမှာ သူ၏ နှစ်ယောက်မရှိတဲ့ ရည်းစားဟောင်း ချွဲယူပင်ဖြစ်၏ ။ ထိုလူရဲ့ ချောမော ခန့်ငြားမှုတွေဟာ ဘယ်တုန်းကမှ လျော့သွားခြင်း မရှိခဲ့ပေ ၊ အမှန်အတိုင်း ဝန်ခံရပါလျင် ယွန်းဂီ ကိုယ်တိုင်ပင်လျင် ထိုလူရဲ့ နတ်ဘုရားလို ချောလှမှုတွေ၌ နစ်မွန်းခဲ့ဖူးသည် ။ ဒါပေမယ့်....

' အဲ့ကောင်က စောက်ရူးကောင်
အဲ့စောက်ရူးရဲ့ သွေးအေးရက်စက်မှုတွေကိုမြင်ရင် ဒီမိန်းကလေးတွေ သွေးပျက် ရူးသွပ် သွားကြမှာကို ငါရဲရဲကြီး အာမခံရဲတယ် '

                  တွေးရင်းနဲ့မှ သူသည် ဗိုက်အောင့်ကာ ပျို့အန်ချင်လာတော့သည် ။

ENLACE Waar verhalen tot leven komen. Ontdek het nu