Part(5) Uni+Zawgyi

1.8K 128 11
                                    

Unicode~~~

လန်းဆန်းတက်ကြွခြင်းနဲ့အတူ ရောင်၀ါနိုးထလာခဲ့သည်။

နံနက်ခင်းနေရောင်ခြည်နွေးနွေးနဲ့အတူ ရောင်၀ါ့စိတ်အစဥ်ဟာလည်း ကြည်လင်တောက်ပနေ၏။

ရောင်၀ါကျောင်းသွားဖို့ ပြင်ဆင်ပြီး အောက်ထပ်ရှိထမင်းစားခန်းသို့ဆင်းလာခဲ့သည်။

"ကိုးလ်ရော"

"ခေါင်းဆောင် ခြံထဲကဥယျာဥ်ထဲမှာ ရှိပါတယ်အစ်ကိုလေး"

"သူနံနက်စာစားပြီးသွားပြီလား"

"မစားရသေးဘူး..အစ်ကိုလေး..စားလို့မ၀င်လို့ ခနလမ်းလျှောက်မယ်ဆိုပြီး ဥယျာဥ်ထဲသွားပါတယ်"

"ဒါဆို ကိုးလ်အတွက် နွားနို့ပူပူလေးနဲ့ ပေါင်မုန့်လေးပြင်ပေးနော်...ကျောင်းမသွားခင် ဆေးတိုက်ရမယ်...ပေါင်မုန့်သားကို နူးညံ့အောင်လုပ်နော်"

"ဟုတ်ကဲ့..အစ်ကိုလေး"

အင်း..ငါတို့ခေါင်းဆောင်လည်း အိမ်ထောင်ရေးကံကောင်းပါတယ်။အရင်က အဖျားကြီးဖျားနာတတ်တဲ့ခေါင်းဆောင်က ဆေးဆိုလုံး၀မသောက်။

တာ၀န်မှူး အတွေးစတို့ကိုရပ်ပစ်လိုက်ပြီး အစ်ကိုလေးပြင်ဆင်ခိုင်းထားသည့် မနက်စာပူပူနွေးနွေးကို ပြင်ဆင်ရသည်။

"အစ်ကိုလေး ရပါပြီ"

"ကျွန်တော့်ကိုပေး"

ရောင်၀ါ နွားနို့ပူပူနှင့်အခုမှ ချက်ချင်းဖုတ်ထားသော ပေါင်မုန့်ဗန်းလေးအား လက်လွှဲယူရင်း ကိုးလ်ရှိရာ ခြံထဲရှိ ဥယျာဥ်ဆီသို့လျှောက်လာခဲ့သည်။

"မနက်စာ မစားသေးဘဲ ဘာလို့လျှောက်သွားနေတာလဲ"

"ဟမ်!!"

အံ့သြသွားပုံပင်။

မနေ့ညက ကိစ္စကြောင့်ထင်..အရမ်းကြီး ခါးခါးသီးသီးတော့ဖြစ်မနေပါ။

"လာ..ခင်ဗျားကြီး မနက်စာလာစား"

"ငါစားချင်စိတ်မရှိဘူး..မင်းကျောင်းသွားရမှာမလား..သွားတော့!"

လေသံမာနေတာမျိုးမဟုတ်ပေမယ့် အမိန့်မမည်တဲ့အသံနဲ့ပြောလာသည်။

My Husband  Is My Sister's Boyfriend (Ongoing)Where stories live. Discover now