Part(13)Uni+Zawgyi

2K 84 7
                                    

Unicode☆

"Room 304"

ရောင်၀ါ့ကိုလူနာလာမေးဖို့အတွက်  အောင်မြတ်သက် ဆေးရုံအခန်းနံပါတ်လိုက်မှတ်နေခြင်းဖြစ်သည်။

"ဟုတ်ကဲ့..."

တစ်ဖက်က ဖုန်းချသွားတော့ ဘေးကနားထောင်နေတဲ့ ဘုန်းခန့်က
မေးလိုက်သည်။

"သူကဘယ်သူလဲ"

"မသိဘူးလေ...ရောင်၀ါ့အမျိုးသားရဲ့ အတွင်းရေးမှူးလို့တော့ပြောတာပဲ"

"ဒါဆို secretary ချောချောလေးပေါ့နော်..အဟိ.."

ကောင်းမြတ် သူ့ကိုပြောမနေတော့ပါ။

ဒီကောင်က  အားနေရင် လိုက်ကြောင်ဖို့ပဲသိတဲ့ကောင်။

နောက်တစ်ခုက  ထိုအတွင်းရေးမှူးက  အသံကြားရုံနဲ့ရှိန်ချင်စရာဆိုတာမပြောပြဖြစ်ခဲ့ပါ။

"အခုသွားမှာလား"

"အေးလေ...အခုသွားမယ်"

"ဟေ့...ဘယ်သွားကြမလို့လဲ"

"အော်...ရောင်၀ါ့ဆီသွားမလို့"

"ဒါဆို အတော်ပဲ....ရောင်၀ါ့ကို ဒီနေ့လူနာသွားမေးမယ်လုပ်ထားတာ..ကြက်စွပ်ပြုတ်လေးတောင် ကိုယ်တိုင်လုပ်ခဲ့သေးတယ်..လွှာရော လိုက်ခဲ့မယ်နော်"

ဘုန်းခန့်နိုင် ထိုမိန်းကလေးအား မလိုက်နဲ့လို့ပြောချင်ပေမယ့် အရှေ့က ဘုရာလူကြီး မောင်အောင်မြတ်သက်က ရပါတယ်လို့ကြိုပြောနှင့်ပြီးဖြစ်နေသည်။

"ဒါဆို သွားရအောင်လေ...ရောင်၀ါ့အခြေအနေ ဘယ်လိုရှိလဲ တကယ်စိတ်ပူနေလို့"

သူ့ယောကျာ်းရှိပြီးသားပါ...စိတ်ပူစရာမလိုဘူး လို့   ဘုန်းခန့်ပြောလိုက်ချင်တာ။

ပါးစပ်ကိုယားလို့...တစ်ဖက်က မိန်းကလေးဖြစ်နေလို့သာ။ 

အောင်မြတ်တို့၃ယောက်  ဘုန်းခန့်ကားဖြင့် ရောင်၀ါရှိရာ ဆေးရုံသို့ထွက်ခဲ့တော့သည်။

'''''''''''''''''''''''''''''''''''''''''

"Hyy!Guy"

"ဟေး...ရီ"

"ရီကိုသတိရသေးတယ်ပေါ့..ဖုန်းလေးတစ်ချက်တောင်မဆက်ဘူး..ဟွန့်"

My Husband  Is My Sister's Boyfriend (Ongoing)Where stories live. Discover now