Part(7)Uni+Zawgyi

1.3K 92 20
                                    

Unicode~~~

"ဟေး.. မင်းယောကျာ်းလိုက်ပို့တာလား"

"အင်း...ဟုတ်တယ်"

"မျက်ခွက် မှိုရထားတဲ့မျက်ခွက်ကြီးနဲ့"

"ဟဲ ဟဲ"

"မင်းကို စောင့်နေတာ အတန်းနောက်ကျတော့မယ်"

"လာပါကွာ..သွားမယ်"

"ကဲ...ဒီနေ့ ဆရာ project တစ်ခုအကြောင်းပြောချင်တယ်..၄ယောက်တစ်ဖွဲ့groupနဲ့လုပ်ရမဲ့ပုံမျိုးပေါ့..နောက်လ ၁ရက်နေ့အပြီးရေးပြိးတင်ရမှာ..."

Projectအသေးစိတ်ကိုရှင်းပြပြီး အတန်းပြီးသွားသည်။

"ဟူး...projectကြိးလုပ်ရအုန်းမယ်ကွာ"

"နေပါအုန်း.. ငါတို့က၃ယောက်တည်းရယ် ..ဆရာက၄ယောက်တစ်ဖွဲ့လို့ပြောတယ်လေ"

"ရောင်၀ါ"

ခေါ်သံကြားတာမို့ ရောင်၀ါအသံလာရာဆီ လှည့်ကြည့်လိုက်သည်။

"အော်...မပွင့်ချပ်လွှာ"

"ရောင်၀ါကလည်း...တို့ပြောထားတယ်လေ..လွှာလို့ခေါ်ပါလို့"

"အော်...ဟုတ်ကဲ့"

"လွှာ အဖွဲ့ထဲပါလို့ရမလား"

အောင်မြတ်ရောဘုန်းခန့်ပါထိုင်နေတာကို မမြင်ချင်ယောင်ဆောင်ကာ ရောင်၀ါ့ကိုပဲ အရေးတယူလုပ်နေသောသူမကြောင့် ရောင်၀ါစိတ်ရှုပ်လာသည်။

"အောင်မြတ်နဲ့ဘုန်းခန့် ငါပြန်တော့မယ်....ညကျရင် ပါတီတက်ရအုန်းမှာမို့"

"အင်းအင်း..ဂရုစိုက်သွား"

"ရောင်၀ါ..လွှာတို့ project ကပိုအရေးကြီးတယ်ထင်တယ်..လွှာတို့ ဘွဲ့အတွက် ဒီproject က အရေးပါတယ်နော်"

"အားနာပါတယ် လွှာ...ပိုအရေးကြိးတဲ့ဟာမို့ ပြန်မှရမှာမို့"

"ဒီလိုလုပ်လေ...အခု၂နာရီဆိုတော့ အစောကြီးရှိသေးတယ်..ညနေလောက်မှပြန်လေ...ရတယ်မလား ရောင်၀ါရဲ့"

သူပြောတာလည်း ဟုတ်ပါတယ်ဆိုပြီး ရောင်၀ါလက်ခံလိုက်ရသည်။

"အဲတာဆိုလည်း ခနနော်...လူကြီးဆီ သွားပြောရအုန်းမယ်"

"ရှင်"

My Husband  Is My Sister's Boyfriend (Ongoing)Where stories live. Discover now