Part(2) Uni+Zawgyi

2.1K 131 16
                                    

Unicode~~

"ငါ့နာမည် ကိုးလ်"

Max နာမည်ပြောပြီးတော့လည်းမပြီးသေး။
နာမည်ကတစ်လုံးတည်းလားဘာညာ လေကြောရှည်နေသေးတယ်။

Max ဘာမှပြန်မဖြေတော့ဘဲ အခန်းထဲကထွက်လာခဲ့သည်။

ရောင်၀ါသစ်ဦးမိဘတွေဆီသွားပြီး လက်ထပ်ဖို့ ကိစ္စပြောရအုန်းမည်။

"Demon ပြင်ဆင်စရာရှိတာပြင်ဆင်..ရောင်၀ါသစ်ဦးတို့အိမ်ကို မင်းသွားရမယ်"

"ဟုတ်ကဲ့..ခေါင်းဆောင်"

"သူ့အဖေကို ရောင်၀ါနဲ့ငါလက်ထပ်မဲ့အကြောင်းပြောလိုက်...သူ့သားကို မနက်ဖြန်ပဲလက်ထပ်မယ်လို့ပြော...လက်မခံလို့အာဏာသုံးဖို့လိုလာရင်သုံး.."

"ဟုတ်ကဲ့"

"နေအုန်း...သူ့သားနဲ့လက်ထပ်မဲ့ ယောကျာ်းနာမည်ကကိုးလ်"

"ဟုတ်ကဲ့...ခေါင်းဆောင်"

"သွားလို့ရပြီ"

Max အချိန်အတိုင်းအတာတစ်ခုထိ လျှို့၀က်ထားချင်ပါသေးသည်။

ဦးဝေမိုးနိုင် ညကရောင်၀ါပြန်မရောက်လို့စိတ်ပူပြီး ရောင်၀ါ့သူငယ်ချင်းတွေဆီ ဖုန်းဆက်မေးနေသည်။
ဘုန်းခန့်နှင့်အောင်မြတ်ကိုလှမ်းမေးတော့လည်း မနေ့ညပြီးကတည်းကမတွေ့ဟုပြောနေသည်ကြောင့် ဦးဝေမိုးနိုင် စိုးရိမ်စိတ်ပိုကြီးလာရသည်။

ထိုစဥ် အလုပ်သမားတစ်ဦးလာပြီး သူဌေးနှင့်တွေ့ချင်သည်ဟုဆိုပြောသည့် ဧည့်သည်များရောက်နေကြောင်းလာပြောသည်။

"ဘယ်သူများလဲကွဲ့"

"မသိဘူးခင်ဗျ...အကိုလေးရောင်၀ါကိစ္စလို့ပြောတယ်"

"၀င်ခိုင်းလိုက်"

"ဟုတ်ကဲ့..."

ထိုလူလည်း သူဌေးပြောသည့်အတိုင်း ခြံ၀တွင်စောင့်နေသော ဧည့်သည်များဆီသွားကာ ခြံ၀င်းတံခါးဖွင့်ပေးလိုက်သည်။

"အန်ကယ်...မင်္ဂလာပါ"

"လာပါ..မောင်ရင်တို့ ထိုင်ကြ"

ဦးဝေမိုးနိုင် ဧည့်သည်တွေကိုဧည်ခန်းဆီခေါ်ဆောင်သွားသည်။

My Husband  Is My Sister's Boyfriend (Ongoing)Donde viven las historias. Descúbrelo ahora