Chapter 1(part 1)

1.2K 157 4
                                    

အခြားသူတွေပြောတာ ဒါလေးကိုတွေ့မိတယ်တဲ့ ဒါပေမယ့်အရင်ပြန်ထားတဲ့သူက ဆက်တင်မှာလားမသေချာသေးတော့ ခနစောင့်ကြည့်လိုက်ဦးမယ်နော် တကယ်လို့ဆက်တင်မှာဆိုရင် Peachဖျက်လိုက်ပါ့မယ်။ဒါပေမယ့် စိတ်မပူနဲ့ Peach အသစ်လေးတစ်ပုဒ်တွေ့ထားသေးတယ် ဟဲဟဲ...အဲ့ဒါလေးလည်း ပြန်တဲ့လူရှိမရှိ ကြည့်ရဦးမယ်ဆိုပေမယ့်ပေါ့လေ။

Chapter 1: Wants to hold it in the center of his palm

NOVA calendar နှစ် 245,
နွေဦးအစောပိုင်းကာလ.

ကုယွီမျန် ကွန်ပျူတာမြင်ကွင်းမှ လမ်းညွှန်မှုအတွင်း လိုက်လာပြီးနောက်ဆုံးမှာတော့ Star towerကြီး၏ တည်နေရာကိုတွေ့ရှိခဲ့ပြီ။ကုယွီမျန် သူ့ခေါင်းပေါ်က သင်္ကေတလေးကို မော့ကြည့်လိုက်သည်။ပိုစတာကြီးမှာ ပြောထားတာကတော့...

[နွေဦးလေ ကုန်ဆုံးသွားပြီဖြစ်ပေမယ့် ကြယ်တွေမှာတော့ အသက်မရှိလေဘူး]

Yeah..ဒီမှာပဲ။သူ ဟောခန်းကြီးထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။ဆုံလည်မှန်တံခါးကြီးကို ဖြတ်သန်းပြီးနောက် အလွန်ကြီးမားခမ်းနားပြီး တောက်ပနေသည့်သည့် ဟောခန်းမကြီးကိုတွေ့လိုက်ရသည်။Husky လူသားက စာရွက်စာတမ်းထည့်သည့် သားရေအိတ်ကြီးဆွဲကာ သူ့ဘေးမှဖြတ်သွားပြီး ခေါင်းပေါ်၌ ဟမ်းစတားနားရွက်လေးထွက်နေသော အသားဖြူသည့်အမျိုးသမီးက မျက်မှန်ကို တပ်ထား၏။ရှေ့ကဝန်ဆောင်မှုပေးသည့်ကောင်တာမှာ ထိုင်နေသည့်ကြောင်အမျိုးသမီးကတော့ သူမ၏pawsလေးတွေနဲ့ ကီးဘုတ်ပေါ်က စားလုံးတွေကို ရိုက်နှိပ်လျက်ရှိသည်။

ဟောခန်းမထဲမှာ ထိုင်စောင့်နေသည့်အမျိုးသမီးတစ်ယောက်လည်းရှိသည်။သူမရဲ့ နာမည်ကKeri ဖြစ်ပြီး Star Live Platform ရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်၍ တင်ဆက်သူတွေနဲ့ဆက်သွယ်ဖို့ အဓိကတာဝန်ယူထားရသည်။သူမက လက်ကောက်ဝတ်မှာ နာရီကိုကြည့်ကာ တံခါးသို့မျှော်ကြည့်လိုက်၏။ချိန်းဆိုထားတဲ့အချိန်ကနီးကပ်နေပြီဆိုပေမယ့် မစ္စတာကုက ရောက်မလာသေးတာကြောင့် သူမအနည်းငယ် စိတ်မရှည်ဖြစ်နေ၏။

'ဒါကြောင့်ပဲ ငါလူသားတွေကို မကြိုက်တာ' လို့Keriကတွေးလိုက်သည်။အချိန်မတိကျဘူး,စိတ်သဘောထားသေးတဲ့အပြင် အမြင်ကကျဉ်းသေးတယ်။ဒါကြောင့်လည်း လူသားတွေ ဒီလောက်အသက်မရှည်တာကို မအံ့ဩတော့ပါဘူး။ဒါက ဒဏ္ဋာရီထဲက အသင့်လျော်ဆုံး ရှင်သန်မှုလည်းဖြစ်နိုင်ပါတယ်။သူမက လူမျိုးရေးဝါဒီသမားတော့မဟုတ်ပေမယ့်  မျိုးရိုးဗီဇအလိုက် လျာပြတာပါ။

Live လွှင့်ရင်းသားပေါက်လေးတွေ ပျိုးထောင်မယ်!Where stories live. Discover now