Chapter 3(Part 2)

545 139 3
                                    

🐾🤎

လူငယ်လေးက အလွန်စကားကြွယ်သူဖြစ်ကာ ကုယွီမျန်ကိုတွေ့တော့ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ သူကိုယ်တိုင်ပင် မသိတော့ပါ။လူငယ်လေးက ပါဝင်ပစ္စည်းမျိုးစုံနဲ့ ဟင်းခတ်အမွှေးအကြိုင်တို့ကို ရွေးချယ်ပေးပြီး တစ်ချိန်ထဲမှာပဲ ကျော်ကြားတဲ့သိပ္ပံနည်းပညာတွေကို သူနဲ့ဆွေးနွေးခဲ့သည်။ကြယ်တာရာခေတ်၏ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အစားအသောက်ကုန်ကြမ်းများကို ဆန်းသစ်တီထွင်ထားတယ်ဆိုတာ သူနားလည်သည်။


မူလအစက စားသောက်ကုန်အဖြစ်အသုံးပြုခဲ့သော တိရစ္ဆာန်များအပါအဝင် အခြားသောတိရစ္ဆာန်တွေလည်း အသိပညာရှိလာပြီ ဖြစ်တာကြောင့် သေချာပေါက်သူတို့ကို သားထိုးလို့ မရတော့ဘူးပေါ့။ကြယ်တာရာခေတ်မှ အသားတွေဟာ လူလုပ်အတုအယောင်နဲ့ပြုလုပ်ထားတာဖြစ်ပြီး အလွန်စေ့စပ်သည်။နဂိုအသား၏အသွင်အပြင် ရှုထောင့်နှင့် လုံးဝကွာခြားခြင်းမရှိဘဲ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်သည်။



ဈေးဝယ်ပြီးနောက် ကုယွီမျန်အိမ်သို့ ပြန်လာခဲ့သည်။အိမ်တံခါးကို ဖွင့်လိုက်တာနဲ့ သူသိမ်မွေ့သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ပြတင်းပေါက်အပြင်ဖက်တွင် မိုးသံတွေဖြင့် ဆူညံနေသော်လည်း ပရိဘောဂတွေဖြင့် နွေးထွေးလှသည့် အတွင်းခန်းက တိတ်ဆိတ်ငြိမ်သက်လို့နေ၏။သို့သော်လည်း အမှောင်ထုထဲ၌ ပုန်းခိုနေသော အရာတစ်ခုရှိနေ၏။



ကုယွီမျန်က ထီးကိုလက်ထဲတွင် ကိုင်ထားရင်း နောက်သို့အနည်းငယ်ဆုတ်လိုက်သည်။သူနောက်ကျောဖက်က တင်းကျပ်လို့နေကာ ရုတ်တရက်.....


ထောင့်စွန်းမှ အနက်ရောင်အရိပ်တစ်ခု ခုန်ထွက်လာပြီး ပြင်းထန်လှသည့်အားကြောင့် ကုယွီမျန်ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။သူ၏ဦးခေါင်းနောက်ဖက်မှ အေးစက်စိုစွတ်နေသော ကြမ်းပြင်နှင့် ရိုက်မိသွားပြီး မသိစိတ်ကနာကျင်မှုကြောင့် အော်ငိုပစ်ချင်သွားသည်။ထိုသက်ရှိ၏ pawလေးတစ်ဖက်က သူ့ရင်ဘက်ပေါ်တွင်ရှိနေပြီး နောက်တစ်ဖက်က သူ့နှုတ်ခမ်းပေါ်တွင် ဖြစ်သည်။




Live လွှင့်ရင်းသားပေါက်လေးတွေ ပျိုးထောင်မယ်!Where stories live. Discover now