Chapter 2(part 2)

590 146 10
                                    

အကျိုးနည်းအောင် ရှည်လျားထွေပြားနေရော🤧စာစစ်ထားဝူး~

မနေ့က သူအကြမ်းဖျင်းနားလည်ထားတဲ့ သမိုင်းကြောင်းနဲ့ ဆက်စပ်လိုက်ရင် သူနားလည်တာ အရမ်းကိုမှနည်းနေပါသေးတယ်။အတိတ်ဘဝ၌ ကားအက်စီဒန့်ကြောင့် သူသေဆုံးပြီး နှစ်ပေါင်း ၂၀ ၊ ၃၀ လောက်ကြာပြီးနောက်မှာ ကမ္ဘာပျက်ကပ်ကြီး ကရုတ်တရက်ဖြစ်ပွားခဲ့သည်။ကမ္ဘာပျက်ကပ်အတွင်း၌ များစွာသော ယဉ်ကျေးမှုအသိပညာတွေ ပျောက်ဆုံးသွားခဲ့သည်။ဒါကြောင့် လူသားနှင့် တိရစ္ဆာန်တွေကြား အရင်းအမြစ်သဘောထားကွဲလွဲမှုများဖြစ်ပွားကာ ရန်သူတွေဖြစ်လာခဲ့သည်။အကယ်၍ တစ်စုံတစ်ယောက်က ဒီအသိပညာတွေကို သိရှိခဲ့ရင်တောင်မှ လက်ဆင့်ကမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ချေ။

ထပ်ပြီး သားရဲစွမ်းအင်တွေနိုးထလာပြီးနောက် နဂိုမူလကပင် ကြမ်းတမ်းသည့်တိရစ္ဆာန်တွေက လူသားတို့၏ ရသပညာတို့ကို စတင်၍အတုခိုးလာတော့သည်။ဒါက သေချာပေါက် ရေရှည်တိုးတက်ရာ၌ အကျိုးဖြစ်ထွန်းစေဖို့ဖြစ်ပြီး သားရဲတွေက လူသားတို့၏ သိပ္ပံပညာနှင့် ယဉ်ကျေးမှုတို့အပေါ်အခြေခံကာ စင်္ကြာဝဠာ၌ ပျံ့နှံ့စေပြီး ကြယ်တာရာနှစ်အထိ တိုးတက်ပြန့်ပွားလာစေသည်။ဒါပေမယ့် အမှန်တရားက လူသားတို့၏ ဘဝရှင်သန်မှုနည်းလမ်းတွေက သူတို့အတွက် မသင့်တော်ဘဲ လက်ရှိအခြေအနေအရသာ ဖန်တီးခဲ့ခြင်းဖြစ်သည်။

သူတွေးတောနေဆဲမှာပဲ တံခါးခေါင်းလောင်းက ရုတ်တရက်မြည်လာခဲ့သည်။အဲ့ဒါက သူ့ရဲ့ပါဆယ်ဖြစ်၍ ကုယွီမျန်အတွေးတွေ ပြန်သိမ်းကာ လေသာခန်းတွင် ထိုင်စားလိုက်သည်။ငှားနေတဲ့ တိုက်ခန်းက နေရာကျဉ်းတယ်ဆိုပေမယ့် လသာဆောင်သေးသေးလေး တစ်ခုပါရှိသည်။Takk ကြယ်က စက်မှုလုပ်ငန်းမဖွံ့ဖြိုးထွန်းတာကြောင့် လသာဆောင်ကနေ ကျယ်ပြောသည့် ကောင်းကင်ကြီးကို တွေ့မြင်နိုင်သည်။

ကုယွီမျန် ကြယ်စုံနေသည့် ကောင်းကင်ကြီးကိုကြည့်ရင်း စားလိုက်၏။စားသောက်ပြီးနောက် သူ့အခန်းထဲဝင်ကာ သတ္တုဆားပျော်ဝင်နေတဲ့ စမ်းရည်ကို ယူလိုက်ပြီး လသာဆောင်က ညှိုးတစ်ဝက်နွမ်းတစ်ဝက်ဖြစ်နေသည့် အပင်တွေကို လောင်းလိုက်သည်။သူအိမ်ကို အနည်းငယ်လွမ်းနေမိသည်။သူ့မိဘ ၊ သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ , ပြီးတော့ သူ့ရဲ့ပုပုဝိုင်းဝိုင်း ပန်ဒါပေါက်လေးတွေကို တွေးနေမိ၏.....

Live လွှင့်ရင်းသားပေါက်လေးတွေ ပျိုးထောင်မယ်!Where stories live. Discover now