Chapter 1(part 2)

627 132 8
                                    

အူးဝါး~ အူဝါး~ အူဝါ~Coconutစားချင်တယ် Peach coconut စားချင်တယ်လို့ အဟွန့်!🥺

သူအရင်ဘဝက တိရစ္ဆာန်ရုံမှာ အလုပ်လုပ်ခဲ့တာ။ဟုတ်တယ် အရင်ဘဝကပေါ့။ကုယွီမျန်က သူတို့ပြောတဲ့အဲ့ဒီ 'ရှေးဟောင်းကမ္ဘာ' ဆိုတဲ့နေရာက လာခဲ့တာ။အဲ့ဒီအချိန်တုန်းက 5Gတောင်မတီထွင်ရသေးတာ အာကာသသင်္ဘောတွေ mechaနဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ကွန်ပျူတာတွေဆိုရင် ပြောနေစရာတောင်မလိုဘူး။

သူ အိမ်နားလေးကဆေးရုံကိုအပြေးသွားပြီး သူတတ်နိုင်သလောက် သင်ကြားခဲ့တယ်။ ပထမဆုံးသင်ခဲ့တဲ့အရာက ကြောင်လေးတစ်ကောင်ကို ဘယ်လိုပြုစုပေးရမလဲဆိုတာပါပဲ။သူငယ်စဉ်ကထဲက တိရစ္ဆာန်လေးတွေကိုနှစ်သက်ပြီး တိရစ္ဆာန်လေးတွေချစ်တာကိုလည်းခံရတယ်။ဘယ်လောက်ကြမ်းတမ်းပြီး စိတ်ကြီးတဲ့ကြောင်ဖြစ်စေ ခွေးဖြစ်စေသူကိုတွေ့ပြီးနောက်တစ်စက္ကန့်မှာပဲ နာခံမှုရှိသွားပြီး သူတို့ကိုပွတ်သပ်ပေးဖို့ရာ သူ့ကိုတောင်းဆိုလိမ့်မယ်။

သူကောလိပ်ကျောင်းသားဘဝကစလို့ ဘွဲ့ရပြီးတဲ့အချိန်အထိ တိရိစ္ဆာန်လေးတွေအကြောင်း သင်ယူလေ့လာခဲ့ပြီး မြို့တော်တိရစ္ဆာန်ရုံမှာ အလုပ်လုပ်ချင်ခဲ့သည်။သူ့အလုပ်က ပန်ဒါဝက်ဝံလေးတွေကို ပျိုးထောင်ရမှာဆိုပေမယ့် တိရစ္ဆာန်ရုံကအကောင်လေးတွေအားလုံး သူ့ကိုသဘောကျတာကြောင့် တစ်ခါတစ်ရံလုပ်ဖော်ကိုင်ဖက်တွေကလည်း သူတို့ကိုကူညီပြီးကျွေးမွေးဂရုစိုက်ပေးရန် တောင်းဆိုတတ်သည်။

ကုယွီမျန်က နားမည်ကြီးကျောင်းကိုသွားခဲ့ပြီး သူ့ဥာဏ်ပညာlevelကလည်း ထူးချွန်၍ အန္တရာယ်ရှိတိရိစ္ဆာန်တော်တော်များများရဲ့ ပြုစုကုသမှုတွေမှာ သူပါဝင်ခဲ့ရသည်။သူက တိရိစ္ဆာန်ထိန်းကျောင်းသူဆိုပေမယ့်လည်း အားတဲ့အချိန်တွေမှာစာတမ်းထုတ်ပြန်တာကြောင့် ဒီအသိုင်းအဝိုင်းထဲ၌ အသက်ငယ်ငယ်လေးနဲ့ ကျော်ကြားလေတယ်။

သူမတော်တဆဖြစ်ပြီးနိုးလာတော့ ကြယ်စုနှစ်ရဲ့ ကုယွီမျန် ဖြစ်လာတယ်။ကုယွီမျန်က ဝတ္ထုနဲ့ဇာတ်လမ်းတွေထဲမှာတွေ့ရတဲ့ ကူပြောင်းခြင်းဆိုတာကြီး သူ့ဆီမှာလာဖြစ်နေမယ်လို့ မမျှော်လင့်ထားပေ။ဒီခန္ဓာကိုယ်မှာ သူနဲ့တူညီတဲ့ မျိုးရိုးနာမည်ရှိပြီး ပုံပန်းသွင်ပြင်ရဲ့ ၈နေရာ၉နေရာလောက် တူညီနေပြန်သည်။သူကကျောင်းမသွားဘဲတစ်ယောက်ထဲရှင်သန်ခဲ့တာဖြစ်ပြီး သူငယ်ချင်း၊ဆွေမျိုးသားချင်းလေးတောင် မရှိချေ။အကြောင်းအရာအချို့ကြောင့် ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုကို ကျူးလွန်ခဲ့တယ်။ကုယွီမျန်က ရေချိုးကန်ထဲမှာ လက်ကောက်ဝတ်ကနက်ရှိုင်းသည့် ဒဏ်ရာကြီးနဲ့နိုးလာခဲ့တာဖြစ်သည်။

Live လွှင့်ရင်းသားပေါက်လေးတွေ ပျိုးထောင်မယ်!Where stories live. Discover now