Unicode 📌
ထယ်ယောင်းအနောက်ကနေ ခပ်ဖြေးဖြေး
တိုးကပ်လာသော လူတစ်ယောက် ။
တစ်နည်းအားဖြင့် လက်တစ်စုံ ။လက်တစ်စုံရဲ့ ရည်ရွယ်ရာက သတိလက်လွတ်
ငုံ့ကြည့်နေသော ထယ်ယောင်းအား အနောက်ကနေ တွန်းချပစ်လိုက်ဖို့ ဦးတည်နေတယ်ဆိုတာ သိသာနေလေတယ်။ထယ်ယောင်း လက်က မြှောက်ကိုင်ထားမိတဲ့ ကင်မရာထဲမှာတော့ အနောက်က တိုးကပ်လာတဲ့သူရဲ့ မျက်နှာက ပေါ်နေသော်လည်း ထယ်ယောင်းရဲ့
အကြည့်တွေက ကင်မရာမှာ မရှိလေတော့
သူဘာမှမသိ။ အန္တရာယ်က လက်တစ်ကမ်းမှာဆိုတာ သူမသိခဲ့ပေ။အကယ်၍ ကင်မရာကိုသာ ထယ်ယောင်းကြည့်လိုက်မိမယ်ဆိုပါက သူမြင်တွေ့လိုက်ရမဲ့
သူသည်ကား....။*~*~*~*~*
အခြေအနေတွေ ပြောင်းလဲလို့
အမှောင်ညဟာ ပိုနက်နဲသိပ်သည်းလာခဲ့
လမ်းပြမဲ့ ကြယ်သော်တာလည်းမရှိ
အလင်းဆိုသည့်အရာက
ဘယ်ဆီဘယ်ဝယ်မသိအောင်
ဇွဲကောင်းကောင်းနဲ့
ပုန်းကွယ်နေဆဲပဲ ။®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®
"ယောင်းလေး"
ရုတ်တရက် ခေါ်သံတခုက သူ့အနောက်ဘက်ကနေ စိုးထိတ်သံရောလျက် ခပ်ကျယ်ကျယ် ထွက်လာသည်မို့ အိမ်အောက်က ကလေးဆီ အကြည့်တွေအား သတိလက်လွတ် ပို့ထားမိသည့် ထယ်ယောင်း တစ်ယောက် အခုမှ စိတ်နဲ့ခန္ဓာ အသိပြန်ကပ်သွားကာ သူ့အနောက်က အော်သံပိုင်ရှင် ရှိရာဆီသို့ ရုတ်ချည်း လှည့်ကြည့်လိုက်မိတယ်။
သူမြင်လိုက်သည်က အိပ်ခန်းထဲမှာ ရပ်နေပြီး
ထယ်ယောင်းဖွင့်ထားခဲ့တဲ့ တံခါးပေါက်ကြီးမှ
တဆင့် သူ့အား လှမ်းကြည့်နေကြပါသော ဟိုဆော့ ၊
နမ်ဂျွန်း နဲ့ ဆော့ဂျင် တို့ကို ။သူ့အားလှမ်းခေါ်လိုက်တဲ့ အသံပိုင်ရှင်ကတော့ သေချာပေါက် ဟိုဆော့ ဖြစ်တယ် ဆိုတာကို သူသိတယ်။
ဒါ့အပြင် သူ့အနောက် တည့်တည့်မှာ ရပ်နေလေသော ဂျောင်ကု ကြောင့် ထယ်ယောင်း အတန်ငယ် အံ့သြသွားသလို လန့်သွားမိတယ်လို့လဲ ပြောလို့ရတယ်။ သူ့အနောက်မှာ ဂျောင်ကုက အသံမပေးဘာမပေးနဲ့ အရမ်းနီးကပ်စွာ ရှိနေတာမလား။
BẠN ĐANG ĐỌC
ဝင်္ကပါထဲက သရဲစံအိမ် [Completed]
Kinh dịမကြောက်တတ်သူများ ဖတ်ပါ 😌😌 ငိုချင်သူများ နှင့် မရယ်ချင်သူများမဖတ်ရ🙊🙊 ✌Kim Namjoon ✌Kim Seok Jin ✌Min Yoongi ✌Jung Hoseok ✌Park Jimin ✌Kim Tae Hyung ✌Jeon Jung Kook အခွင့်အလမ်းတစ်ရပ်ကနေ ရည်ရွယ်ချက်ရှိရှိဖြင့်သရဲစံအိမ်အတွင်းသို...