ဝင်္ကပါ (မှတ်တမ်း - ၁)

11.8K 1.5K 2.2K
                                    

Unicode ‼️

"အား........."

စူးရှကျယ်​လောင်​တဲ့ အသံတစ်​ခုက တိတ်​ဆိတ်​နေတဲ့ မနက်​ခင်း အချိန်​ကာလ သာယာ​အေးချမ်းခြင်း ကို
မညှာမတာဖြင့်​ဖျက်​ဆီးလိုက်​သည်​။

ထိုအသံပိုင်ရှင်မှာတော့ တခြားသူမဟုတ်။ အသံပါဝါ အားကောင်းလွန်းလှသည့် ဂျောင်ဟိုဆော့။

"ဟိုဆော့ ...ဟိုဆော့... ဘာဖြစ်လို့လဲ "

ထိုသို့ မနက်စောစောစီးစီး အိပ်ရာမှ လန့်နိုးကာ ထအော်လေသည့်  ဟိုဆော့၏ အသံကြောင့် ကပြာကယာဖြင့်​ ဟိုဆော့ရဲ့ အိပ်ခန်းအတွင်းသို့ အရင်​ဆုံး အပြေးဝင်လာသူက ထယ်ယောင်း ။

ထယ်ယောင်းနောက်မှာ ကပ်ပါလာသူကတော့ သူ့ရဲ့ အချစ်တော်ခွေးလေး ယွန်းတန်း။ သခင်က အခန်းထဲကနေ အလန့်တကြား ပြေးထွက်သွားတာမို့ သခင့်အနောက်ကနေ အပြေးလိုက်လာဟန်တူပါ၏ ။

အမှန်တော့ ထယ်ယောင်းခဗျာ အိပ်​ရာနိုးနိုးခြင်း​ရေမိုးချိုးအပြီး မှာ သူ မ​နေ့က ဝယ်​လာတဲ့ Gucci အကျီအသစ်လေးကို ည​နေ အပြင်​သွားရင်​ဝတ်​ဖို့အတွက်​ရည်​ရွယ်​ကာ စမ်းဝတ်ကြည့်ရင်း မှန်​ရှေ့ဝယ်​ပီတိအဟုန်​ဖြာတဲ့ ရုပ်​အသွင်​ဖြင့်​တစိမ့်​စိမ့်​ကြည့်​နေရာမှ ဟိုဆော့ အသံကြားကြားချင်း အလန့်​တကြားဖြင့်​အကျီကို ကုတင်​ပေါ် လွှားကနဲ ပစ်​ချခဲ့ပြီး သူ့အခန်း​ဘေးကပ်​ရပ်​က ဟိုဆော့ အခန်းဆီသို့​ပြေးဝင်​လာခြင်းပင်​။

ထိုအတူ ဂျီမင်း , ဂျောင်ကု နှင့် ဆော့ဂျင် လဲ တပြိုင်တည်း အပြေးအလွှားရောက်လာကြသည်။

မရောက်လာလို့လဲ မဖြစ်။ ဟိုဆော့ရဲ့ အထိတ်တလန့်နဲ့ အော်သံကြီးက အိမ်ပြိုလောက်အောင် ပြင်းထန်သွားတာကိုး။

သို့သော် သုံးယောက်လုံးမှာ ကမန်းကတန်း ပြေးလာရသည်မို့ အလွဲလွဲအချော်ချော်။

ဂျီမင်း က​တော့ ညက​မျက်​နှာ​ပေါင်းတင်​ရင်း အိပ်​ပျော်​သွားတာမို့ Mask ဖြူဖြူကြီးက မျက်​နှာကပ်​လျက်​သားဖြင့်​ ခွာ​တောင်​မခွာရ​သေးတဲ့ အ​နေအထား ။

ဒါ့ကြောင့်လဲ သူ့ မြင်​မြင်​ချင်း ဂျောင်ကု နဲ့ ဆော့ဂျင် မှာ ရုတ်​တရက်​မို့ လန့်​ဖျန့်​သွားကြ​သေးသည်​။​

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now