Unicode
"မင်လေး လာ မုန့်သွားစားရအောင်လေ"
"စားမယ် စားမယ် ဟီးဟီး"
"ဘာစားချင်လဲ စားချင်တာ ပြော လိုက်ပို့မယ်လေ"
"ဟုတ် အမ်းးးး ပင်လယ်စာစားချင်တယ်"
"တကယ်? ထူးဆန်းလိုက်တာ ဦးရဲ့မင်လေးကပင်လယ်စာမှမကြိုက်တာ အလက်ဂျစ်ရှိတယ်လေ"
"ဒါမယ့်မင်လေးစားကြည့်ချင်တယ် လုပ်ပါနော်"
"မရဘူး မင်လေးအလက်ဂျစ်တွေထလာမှာပေါ့ကွာ တစ်ခြားဟာစားပါ နော်"
"ဟင့် လုပ်ပါလို့"
"မင်လေးကပင်လယ်စာချဉ်ခြင်းတက်နေတာထင်တယ် ဗိုက်ထဲကခလေးကတော်တော်ဆိုးတာပဲ သူ့ပါပါးကိုပင်လယ်စာစားခိုင်းနေတယ် ဗိုက်ထဲကထွက်လာမှရိုက်ရမယ်"
"ဦးကလည်း မင့်ဘေဘီလေးကို"
"ချစ်လို့စတာပါကွာ လာ အကောင်းဆုံးပင်လယ်စာဆိုင်လိုက်ပို့ပေးမယ်"
~~~
"မင်လေး အရမ်းမစားနဲ့နော် နဂိုထဲကစားနေကျသူမဟုတ်တော့ ပိုဆိုးမှာစိုးလို့"
"ရတယ် ဦး စိတ်ချ ဘာမှမဖြစ်စေရဘူး"
၄လရှိပြီဖြစ်တဲ့ဗိုက်ဖောင်းဖောင်းလေးနဲ့ဂျီမင်းတစ်ယောက်ပင်လယ်စာမျိုးစုံမှာကာစားနေတော့သည်။ ကျောက်ပုဇွန်ကတော့သူ့အကြိုက်ဆုံးပင် အဲ့လိုပြောတာထက် ဗိုက်ထဲကခလေးကအကြိုက်ဆုံးလို့ပြောရင်မှန်မလားပဲ... ထယ်ယောင်းလည်းစားပေမယ့် ဂျီမင်းမှာသမျှကအရမ်းအစပ်ကြီးတွေမို့သိပ်မစားနိုင် ဂျီမင်းကတော့အားရပါးရစားနေသည်။ စပ်ပုံတောင်မပေါ်သလိုပဲ အလက်ဂျစ်လည်းအရင်လိုထ မလာပေ
"မင်လေး ဟုတ်လှချည်လား ခလေးကထူးဆန်းတယ် မင်လေးမကြိုက်တဲ့ပင်လယ်စာတွေလည်းသူကြိုက်တယ် ဦးမကြိုက်တဲ့အစပ်တွေလည်းသူကြိုက်တယ်"
"အင်းနော် ခလေးလေးကဘာလေးမှန်းလည်းမသိဝူး သူ့ဒယ်ဒီရောပါပါးရောနဲ့မတူဘူး"
ပလုတ်ပလောင်းလေးစားရင်းနဲ့ပြောလာတဲ့ဂျီမင်းလေးကိုထယ်ယောင်းအသဲမယားဘဲမနေနိုင်ပေ
![](https://img.wattpad.com/cover/287526600-288-k663574.jpg)
YOU ARE READING
🖤𝗦𝗜𝗡𝗕𝗢𝗨𝗡𝗗🗝️
Fanfic𝑉𝑀𝐼𝑁𝐾𝑂𝑂𝐾✓ •အသေလောင်ရမယ့်Ficဖြစ်ပါတယ် •စကားလုံးရိုင်းရိုင်းတေကြမ်းကြမ်းတေမကြိုက်တဲ့သူတေ၊ •အမှောင်ကိုမှသာမန်အမှောင်ပဲကြိုက်ပြီးအရမ်းပွင့်လင်းတာမကြိုက်တဲ့သူတေ၊ •အမှောင်ဖတ်ရတာမကြိုက်တဲ့Soft Stanတေ နဲ့ 21+ဆိုပေမယ့်ရှင်တို့ဖတ်ကြမှာသိတယ်ဆိုတော့ကာ...