ပါတီတွင်သူမပြန်ရောက်လာခဲ့သည်။သို့ပေမဲ့အရင်တုန်းကလိုပါတီတစ်ခုမှာဝတ်ပုံစားပုံကအစယဲ့ယဲ့ကသူမကိုဆင်ယင်ခဲ့သည်။သို့ပေမဲ့ရှေးခေတ်ဆန်တဲ့အဆင်တန်ဆာတွေ။အများရဲ့အရှေ့မှာအရမ်းအော်ဂလီဆန်အောင်ပြင်ဆင်ပေးခဲ့သည်။သူမမသိခဲ့သူမသူ့ကိုအရမ်းခင်ခဲ့တယ် သူမရဲ့ရည်းစားဟောင်းကလဲယဲ့ယဲ့ရဲ့အကြံအစည်တိုင်းလိုက်လုပ်ခဲ့တယ်။သူမကိုလူတိုင်းဝိုင်းပြီးရယ်ကြတယ်။ဟုတ်တယ်သူမအခုချိန်မှာမငိုသင့်ဘူး။အရင်ကသူမပျော့ညံခဲ့လို့။သူမသူငယ်ချင်းကောင်းတွေရဲ့စကားကိုလည်းမယုံခဲ့ဘူး။သူမကိုအရမ်းချစ်တဲ့မိသားစုကလဲသူမကိုဖျောင်းဖျခဲ့တယ်။သို့ပေမဲ့သူမ မိသားစုစကားကိုနားမဝင်ခဲ့ဘူး။
ဟုတ်တယ် သူမ လုလုနဲ့ထျန်းမင်ကိုရှာရမယ်။အတိတ်ကပါတီမှာသူမသူတို့နှစ်ယောက်နဲ့အတူမသွားခဲ့ဘူး ။သူမသွားခဲ့တာကသူမအရမ်းခင်ရတဲ့သူငယ်ချင်းနဲ့အတူပါတီတက်ခဲ့သည်။သူမအတိတ်တုန်းကအရမ်းနုံချာခဲ့တယ်။အခုသူမအရင်လိုမဟုတ်တော့ဘူး။သူတို့နှစ်ယောက်ကိုပြန်လည်ကလဲ့စားချေဖို့မွေးဖွားလာခဲ့သည်။
လုလုကတော့သူမသူငယ်ချင်းမှိုင်တွေနေတာကိုသတိထားမိသည်။
"ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"
သူမလုလုရဲ့အသံကြားတော့မှသတိပြန်ဝင်ခဲ့သည်။သူမလုလုကိုသေချာကြည့်မိခဲ့သည်။
'ဟုတ်တယ် ဒါငါ့ကိုအရမ်းချစ်ခဲ့တဲ့သူငယ်ချင်းတွေ လုလုပဲ '
"ဟဲ့ ချင်းချင်း ငါပြောတာကြားလား"
သူမသူ့ကိုကြည့်ပြီးဝမ်းနည်းလားသည်။မျက်ရည်တွေကအတားအဆီးမရှိကျလာခဲ့သည်။လုလုတစ်ယောက်ရင်တွေထိတ်လန့်ကုန်သည်။သူမငိုတာရှားတယ်ရယ်။ဘယ်လိုကြောက်အခုလိုရှိုက်ကြီးတငင်ငိုနေရတာလဲဆိုတာသူမသိချင်သည်။
"ဘာဖြစ်တာလဲ နင့်ကိုယဲ့ယဲ့ဘာလုပ်လိုက်တာလဲ ငါ့ကိုပြောစမ်း"
သူမခေါင်းခါသည်။
"ငါ..ငါ"
"အင်း ဟုတ်တယ်နင့်ကိုဘယ်သူလုပ်တာလဲ"
"မဟုတ်ပါဘူး ငါအရမ်းလွမ်းလို့ နင်တို့ကို လုလုနဲ့ထျန်းမင်ကိုအရမ်းလွမ်းလို့"
YOU ARE READING
Villain မက ကြာပန်းဖြူရဲ့မျက်နှာဖုံးကိုခွာချပြမယ်
Romanceယဲ့ယဲ့.... နင့်လို ဗီလိန်မကဇာတ်သိမ်းလှမယ်လို့ထင်လား... ရှချင်းရှန်.... အပြောကောင်းတုန်းမိုးရွာထားအုံးပေါ့...ငါကအရင်လိုရှချင်းရှန်မဟုတ်ဘူးနော်သတိတော့ထားနေပါ normalလေးရေးမလို့ပါအားပေးကြပါအုံးနော်😄😄 စကားပြော အရိုင်းအနှုန်းတွေပါမှာဖြစ်တဲ့အတွက်ကြိုတင်သတ...