လိပ်ပြာဋီကာ...ကျုပ်ကသစ်ပင်တစ်ပင်ပေါ်မှာနေတာလေ သစ်ရွက်တွေကိုစားတယ်သစ်ပင်ပေါ်မှာအိပ်တယ်တစ်ခါတစ်ရံဆိုရင်မြေပြင်ပေါ်မှာလျှောက်သွားရတာကိုကျုပ်သဘောကျတယ်။ကျုပ်နေထိုင်ရတာမလွယ်လှပါဘူးဗျာကျုပ်ဟာကျုပ်အစာစားနေတာတောင်ငှက်တွေကကျုပ်ကိုစားဖို့ကြံစည်နေတာဗျအစာစားရင်ငှက်သံကိုနားစွင့်နေရတဲ့ကျုပ်အဖြစ်ပါလေ။ကျုပ်ကိုတွေ့တဲ့လူတိုင်းကထအော်ကြတယ်ရွံစရာသတ္တဝါတစ်ကောင်လိုကြည့်ကြတယ်ဘာဖြစ်လို့လဲကျုပ်ကဘယ်သူ့ကိုမှအန္တရယ်မပေးဘူးလေကျုပ်ဟာကျုပ်နေတာကိုလာကိုင်ပြီးတော့အသားယားတယ်တဲ့ဟောဗျာကျုပ်ကသူတို့ကိုယ်ပေါ်အတင်းလိုက်ကပ်နေလို့လားကျုပ်အပေါင်းသင်းတချို့ကိုဆိုရွံလို့ဆိုပြီးခြေထောက်နဲ့နင်းချေပစ်လိုက်တယ်ဘာကြောင့်လဲ ကျုပ်တို့ကဘာများလုပ်နေခဲ့လဲဘယ်သူ့အသက်ကိုသတ်မိလဲဘယ်သူ့ကိုများအန္တရယ်ပေးနေလို့လဲလူတွေကသူတို့မျက်စိဆံပင်မွှေးဆူးစေတဲ့သေးငယ်တဲ့အရာတွေကိုနင်းချေမွပစ်တာသဘာဝလား။ကျုပ်လိုကောင်ကအချစ်ခံချင်တယ်လို့ပြောရင် ခင်ဗျားတို့လှောင်ရီမှာပဲနော်လူတွေရဲ့အမြင့်ဆုံးကိုပျံသန်းချင်တယ် ကျုပ်ကိုကြည့်တိုင်းဟာလှလိုက်တာဆိုပြီးချီးကျူးဝေဖန်သံတွေနဲ့ပြည့်နှက်စေချင်တကလေးတွေနဲ့လိုက်တမ်းပြေးတမ်းကစားမယ်ဘယ်လောက်ပျော်စရာကောင်းလဲ ဒါတွေကအိမ်မက်ပါလေအခုတော့ကျုပ်ကလူစည်းကားလှတဲ့ပန်းခြံအိုကြီးထဲက အကျင်ခံခူကောင်လေးတကောင်ပါလေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျုပ်နာကျင်တယ်တစ်စုံတယောက်ရဲ့အချစ်ခံဖြစ်ဖို့ကဒီလောက်နာကျင်ရလားကျဥ်းကြပ်နေတဲ့အမှောင်ထုကြီးထဲမှာကျုပ်ဘာမှမစားမသောက်ပဲသည်းခံနေထိုင်ရတာအတော်ကြာခဲ့ပြီအပြင်လောကကြီးဆိုတာဘာမှန်းကျုပ်မေ့တတ်စပြုနေပြီသန်းခေါင်ထက်ညမနက်တော့ပါဘူးတဲ့ ဒါမယ့်သန်းခေါင်ကိုတောင်ကျုပ်မကျော်နိုင်ခဲ့ရင်ဆိုတဲ့အတွေးကြီးကတစ်ချိန်လုံးကျုပ်ရဲ့အရိပ်ဆိုးလိုပဲ ဆောင်းတို့ရဲ့အအေးဒဏ်လဲကျုပ်ခံနိုင်တယ်။နွေရဲ့အပူဒဏ်လဲကျုပ်ခံနိုင်တယ် ကျုပ်ရွေးချယ်ထားတဲ့လမ်းလေကျုပ်ဆက်မလျှောက်ဘယ်သူကချီပိုးသွားမှာမို့လဲ။ကျုပ်ဒီထဲမှာနေရင်းသိလာတာတစ်ခုရှိတယ်သိလားကျုပ်ကိုရွံစရာသတ္တဝါတစ်ကောင်လို့ခေါ်ဝေါ်နေကြတဲ့လူတွေကမှတကယ့်ရွံစရာတွေဗျသူတပါးအောင်မြင်တော့မှာဆိုဆွဲချချင်တဲ့သူတွေချည်းပဲကျုပ်ဘာများသူတို့အပေါ်လုပ်ခဲ့မိလို့လဲခင်ဗျားတို့အချစ်ခံလေးတကောင်ဖြစ်ဖို့ကျုပ်မျှော်လင့်မိတာအရမ်းများမှားသွားခဲ့လေသလား..။
~~~~~~~~~~~~~~~~~~~~~~~~~~~~ရက်သတ္တတပတ်တွေကုန်လွန်ပြီးနောက်ကျုပ်အလင်းရောင်မှိန်စစကိုမြင်ရပြီဗျဘေးမှာစမ်းကြည့်မိတော့ခပ်ပျော့ပျော့နဲ့နူးညံ့တဲ့အရာလေးကိုကျုပ်စမ်းမိတယ်
ဒါဆိုဒါဆိုကျုပ်လိပ်ပြာဖြစ်ပြီပေါ့နော်ပျော်လိုက်တာဗျာနောက်ဆုံးတော့ကျုပ်ကြိုးစားမှုတွေအရာထင်လာပြီကျုပ်ရဲ့အတောင်ပံတွေကလဲလှလိုက်တာနာကျင်မှုကိုသည်းခံရင်းရလာတဲ့အတောင်ပံတွေဆိုပေမယ့်ကျုပ်သဘောကျတယ်...။
ကျုပ်လိပ်ပြာတကောင်ဖြစ်ခဲ့ရင်အောင်မြင်ပြီထင်ထားခဲ့တာအခုမှတကယ့်အစဆိုတာကျုပ်မေ့နေခဲ့တယ်အရင်လိုမျိုးစစ်မှန်တဲ့လူဆိုတာမရှိတော့ဘူးကျုပ်ဘေးမှာကျုပ်အလှကြောင့်ဝန်းရံနေတဲ့သူတွေချည်းပဲကျုပ်အတောင်ပံတွေအချိုးခံရမှာသိပ်ကြောက်တယ်အရင်ကလိပ်ပြာတွေက ကလေးတွေနဲ့လိုက်တမ်းပြေးတမ်းကစားနေတယ်ထင်ခဲ့တာဘယ်ဟုတ်မလဲသူတို့အတောင်ပံတွေအချိုးခံရမှာစိုးလို့ပြေးနေခဲ့တာကို လူတိုင်းကလှလိုက်တာဆိုပြီးချီးကျူးပါရက်ဒါမဲ့ချီးကျူးမှုရဲ့နောက်မှာရမ္မက်ဆိုတဲ့ရယူလိုမှုတွေပါလာတတ်တယ်အရင်လို့မျိုးကျုပ်ကိုဘယ်သူမှသတိမထားမိတဲ့ခူကောင်လေးတကောင်ပဲပြန်ဖြစ်ချင်ပါတော့တယ်..။~~~~~~~~~~~~~~~~~~~~~~~~~
(AN/ပထမဆုံးရေးဖူးတဲ့စာလေးမို့ အမှားပါတာရှိကောင်းရှိနိုင်ပါတယ် ချစ်သောမျက်စိဖြင့်ထောက်ရှုဖတ်ပြဝေဖန်ပြပါ)
YOU ARE READING
မင်းအတွက်ရည်ရွယ်သောစာစု...
De TodoFbမှာတင်ခဲ့တဲ့One shortလေးတွေကိုစုတင်မှာပါ Normal loveလဲပါဝင်တာမို့ ကြိုက်မှဖတ်ပါရှင်