တရားမျှတပါတယ်...(𝑰𝒕 𝒊𝒔 𝒇𝒂𝒊𝒓 🎀𝒑𝒂𝒓𝒕.1)

1 0 0
                                    


"ကို မင်းကိုချစ်တယ်ကောင်မလေး"

"ငါကတော့နင့်ကိုပြန်မချစ်နိုင်ဘူး"

"ကို ဘယ်လိုပုံစံပြောင်းပေးရင်မင်းပြန်ကြိုက်နိုင်မလဲ မင်းလိုတာအကုန်ပြောကိုအကုန်ပြောင်းပေးမှာ"

"ငါနဲ့အဝေးဆုံးမှာနေတဲ့သူကိုပိုကြိုက်တယ်"

"သေချာတယ်နော်ကောင်းပါပြီဗျာ"

အဲ့ဒီနေကစပြီးသူ ကျွန်မနောက်ကိုတစ်ကောက်ကောက်လိုက်တော့တာပဲ။သူအားတဲ့အချိန်တိုင်းကျွန်မနောက်ကိုလိုက်တယ်ဒါမဲ့အနားဘယ်တော့မှမကပ်ဘူး။အမြဲခပ်ခွာခွာကပဲလိုက်တယ် ။ကျွန်မ မချစ်တာမဟုတ်ပါဘူးမချစ်ချင်တော့တာပါ ကျွန်မရဲ့ဖြတ်သန်းလာခဲ့တဲ့ဘဝကြီးမှာကောင်းမွန်တဲ့သူဆိုလို့တစ်ယောက်မှမတွေ့ခဲ့ဖူးဘူး။

ကျွန်မ မိဘတွေတောင်ကျွန်မကိုမချစ်နိုင်တာ သူကချစ်ပါသတဲ့လား။ကျွန်မအမှန်တိုင်းပြောရရင်မယုံဘူး ။ကျွန်မဘဝထဲဝင်လာပြီးထပ်နာကျင်အောင်လုပ်မှာကိုသိပ်ကြောက်တယ် ကျွန်မဘဝထဲမှာရှိနေတဲ့လူတွေနဲ့တင်နာကျင်ရတာလုံလောက်နေပါပြီ။သူကပါထပ်နာကျင်အောင်ပြုလုပ်လာမယ်ဆိုကျွန်မသေလိမ့်မယ်။

အခုလဲအိမ်ပြန်နေတာလေ။ သူလဲအနောက်ကနေပါလာတယ်ဆိုပေမယ့်ကျွန်မအတွက်တော့အကျင့်ဖြစ်သွားလို့နေမယ်ဘယ်လိုမှမနေတော့ဘူး။သူက ကျွန်မအရိပ်လိုမျိုးတောင်ထင်လာမိတယ် သူများတွေအတွက်တော့အိမ်ပြန်လမ်းကအချိုမြိန်ဆုံးတဲ့။ ကျွန်မအတွက်တော့လှောင်ချိုင့်တစ်ခုလိုပါပဲ။ စာမေးပွဲအမှတ်စာရင်းထွက်ပြီ . .အဆင့်2တဲ့ ဒဏ်ကြေးလိမ်းဆေးဝင်ဝယ်သွားအုန်းမှပါ။ ကျွန်မအိမ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ

အိမ်ရှေ့တွင်ဖိနပ်ချွတ်ကာတံခါးလေးဖွင့်ရုံရှိသေး ပူထူသွားသောပါးပြင်ကြောင့်အသက်မဲ့စွာမော့ကြည့်လိုက်သည်။

"မိနန်း ညည်းကျောင်းဆက်မတက်ချင်တော့ဘူးလားဟမ်!!ဘယ်လိုတောင်စောက်သုံးမကျတဲ့ကောင်မလဲ။ အဆင့်2တဲ့ညည်းကအမြဲဒုတိယပဲနေချင်တဲ့ဟာမလား ။ညည်းစောက်ရှက်မရှိပေမယ့်ငါတို့ရှက်တယ် သွားကြိမ်လုံးသွားယူပြီးဒူးထောက်နေ ။လူလိုနားမလည်တဲ့ဟာမကိုလူလိုဆုံးမလို့မရဘူး။ညည်းနှစ်ရက်ထမင်းမမြိုနဲ့ကောင်မ"

You've reached the end of published parts.

⏰ Last updated: Mar 23, 2022 ⏰

Add this story to your Library to get notified about new parts!

မင်းအတွက်ရည်ရွယ်သောစာစု...Where stories live. Discover now