အယောင်ဆောင်တွေကြားမှာနေရတာ အရမ်းပင်ပန်းတယ်ဗျာ လူတိုင်းကိုအပြုံးတုနဲ့ဆက်ဆံရတာဘယ်လောက်နာကျင်ရမှန်းခင်ဗျားတို့မှန်းဆမိရဲ့လား
မင်းသားဆိုတာနဲ့အရာအားလုံးပြည့်စုံနေတယ်ထင်နေကြတာဗျ အဲ့အရာအားလုံးပြည့်စုံပါတယ်လို့ ခင်ဗျားတို့ညွှန်းဆိုနေတဲ့ မင်းသားတယောက်က အပြုံးအစစ်လေး
တစ်ပွင့်ရဖို့တောင်ခက်ခဲလွန်းလှပါတယ်ဗျာငါ့သားကြီးလာရင်အရာအားလုံးရဲ့ထိပ်မှာဖြစ်နေရမယ် ဒါမှကိုယ်ချစ်ရတဲ့သူကိုအကာကွယ်ပေးနိုင်မှာပါဆိုတဲ့ မိခင်ရဲ့ဆုံးမသံတွေကိုပုံပြင်လုပ်အိပ်စက်ခဲ့ရတယ်
မင်းအကိုလိုမဖြစ်ချင်ရင်ကြိုးစားပေါ့ကွာဆိုပြီး အမြဲနှိုင်းယှဉ်ဝေဖန်လေ့ရှိတဲ့ဖခင်ရဲ့စကားသံတွေကြားအရွယ်ရောက်လာခဲ့ရတယ်
အမြဲမနာလိုချောက်တွန်းနေတတ်တဲ့မောင်နှမ ကြားမှာ မိသားစုဆိုတာဝေါဟာရတစ်လုံးလားလို့တောင်ထင်မှတ်ခဲ့ရတယ် ဒါတွေကိုထုတ်ပြပိုင်ခွင့်လဲမရှိပါဘူးလေ
မယ်တော်ပြောသလိုထိပ်ဆုံးမှာရောက်နေရင်ကိုယ်ချစ်ရတဲ့သူကိုကာကွယ်ပေးမယ်နိုင်မယ်ဆို ကမ္ဘာကြီးပေါ်က အပြုံးလှဆုံး
သူလေးကိုကာကွယ်ပေးချင်မိပါရက်ဗျာ
နေ့စဉ်နေ့တိုင်းလသာဆောင်ကိုထွက်ပြီးသူလေးလာမလာစောင့်ကြည့်ရတာအလုပ်တစ်ခုလိုပါပဲ ထိပ်ဆုံးမှာရောက်တဲ့တစ်နေ့
ခင်ဗျားလေးကိုဘယ်သူမှမျှော်မကြည့်ရဲတဲ့
အမြင့်ဆုံးမှာထားပစ်ပြီး ဘယ်တော်ဝင်မိသားစုမှာမှမရတဲ့ အချစ်မျိုးတွေပေးပစ်မယ်
မယ်တော်ကတော့ကျုပ်သာမာန်အရပ်သူကိုစွဲလမ်းနေတာကိုသဘောကျပုံမရဘူးဗျ
ဒါပေမယ့်တချိန်ချိန်မှာလက်ခံလာမှာပါ
ကျုပ်ရုပ်ဖျက်ပြီးတော့နန်းပြင်ခိုးထွက်တတ်လာတယ်ဒါမှ ခင်ဗျားလေးနောက်တကောက်ကောက်လိုက်လို့ရမှာလေအနားတော့မသွားရဲဘူးအဟမ်းပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုကျုပ်ရှက်တယ်ဗျ
နန်းတွင်းမှာဘယ်လောက်ပဲအပျိုစင်တွေပေါပေါ ရိုးသားစွာအလှဆုံးပြုံးတတ်တဲ့ခင်ဗျားလေးပဲကိုပဲကျုပ်စွဲလန်းတယ် ခင်ဗျားလေးဟာ
တစ်နေ့ကျုပ်ရဲ့ဘုရင်မဖြစ်လာစေရမယ်
~~~~~~~~~~~~~~~~~~~~~~~~~~
အခုတေလာ ကျွန်မကိုနောက်ယောင်ခံလိုက်နေတဲ့သူရှိတယ် အစကတော့သတိမထားမိပေမယ့် ကြာလာတော့သတိထားမိတယ်ကြောက်စိတ်ဝင်မိတာပေါ့ တစ်ခုခုများကျွန်မ
ကိုလုပ်သွားလေမလားဆိုပြီး
ဒါမယ်လေအချိန်တွေသာသုံးနှစ်ကျော်ကြာကုန်လွန်သွားတယ်သူကတော့ ကျွန်မကိုဘာဆိုဘာမှမလုပ်ခဲ့ဘူးယုတ်စွအဆုံးကျွန်မရဲ့အနားတောင်ယောင်လို့ကပ်မလာခဲ့ဘူး
YOU ARE READING
မင်းအတွက်ရည်ရွယ်သောစာစု...
РазноеFbမှာတင်ခဲ့တဲ့One shortလေးတွေကိုစုတင်မှာပါ Normal loveလဲပါဝင်တာမို့ ကြိုက်မှဖတ်ပါရှင်