မောင်ချစ်တဲ့ပုံကိုမြင်ခဲ့ဖူးတဲ့ကျွန်မက
မောင်မချစ်တော့တဲ့ပုံကိုလဲမြင်တာနဲ့ သိတာပေါ့ရှင်။ တွဲလာတဲ့တစ်လျှောက်လုံးမှာမောင်က သူ့ထက်အသက်3နှစ်ကြီးတဲ့ ကျွန်မကို ကလေးတစ်ယောက်လိုပဲဆက်ဆံတယ်။မနက်တိုင်းဝက်ပုတ်လေးရေဆိုပြီးဖုန်းဆက်နိုးတဲ့အသံလေးလဲကွယ်ပျောက်ခဲ့တာတစ်နှစ်ကျော်ပြီ ။အလုပ်မအားဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပဲ မောင်အမြဲထုပ်လာတတ်တဲ့မောင့်လက်ရာထမင်းဘူးလေးကိုအတူမစားရတာကြာလှပြီ ။
ဒီနေ့ကျွန်မတို့10နှစ်ပြည့်Anniနေ့လေ မောင့်နဲ့အတူလျှောက်သွားဖို့ဖုန်းဆက်ကြည့်တော့ အစည်းဝေးရှိတာကြောင့်မအားဘူးတဲ့မောင်မေ့နေတယ်ထင်ပါရက်။
ဝမ်းနည်းတဲ့စိတ်တွေကိုမျိုသိပ်ပြီးသူငယ်ချင်းတွေနဲ့အတူမုန့်ပတ်စားဖို့ပဲ ပြင်လိုက်တော့တယ်။
အဲ့တာမောင်မဟုတ်ဘူးလို့ပြောပေးကြပါ မဟုတ်လောက်ပါဘူးမောင်နဲ့တူတဲ့သူနေမှာပါ ပြုံးရယ်နေတာများ ကမ္ဘာပေါ်ကအပျော်ရွှင်ဆုံးလူလို့တောင်ထင်မှတ်လောက်တယ်။
မောင်သာအဲ့လိုပြုံးတတ်ရင်ကောင်းမယ်။
မောင်နဲ့တူတဲ့လူလို့ကိုယ့်စိတ်ကိုယ်ဖြေသိမ့်ပြီးပြန်ဖို့လုပ်ခဲ့ပေမယ့်။အဲ့လူရှေ့ကကောင်လေးရဲ့ ကိုနေခမောင်လို့အော်သံနဲ့အတူ ကျွန်မရဲ့ဖြေသိမ့်နေတဲ့စိတ်တွေအကုန်ပျက်စီးသွားသလိုပါပဲ .....
ဒါဆိုသေချာတယ်မောင်ပေါ့....
မောင်ကပြုံးတတ်ခဲ့တာလားကြည့်ပါအုန်း
လွန်ခဲ့တဲ့10နှစ်လုံးလုံးမပြုံးခဲ့တဲ့မောင်က သူ့နာမည်အပြည့်စုံခေါ်ရင်စိတ်ဆိုးတတ်တဲ့မောင်ကလေ ပြုံးရယ်နေတာများ ကလေးလေးကြနေတာပဲ မောင့်အပြုံးတွေကိုရနေတဲ့ကောင်လေးကို ကျွန်မ မနာလိုဖြစ်လိုက်တာ။ကျွန်မငူငူကြီးရပ်ကြည့်မိနေခဲ့တယ်။ သူငယ်ချင်းတွေရဲ့ဆွဲခေါ်မှူနောက်မှာ ကျမတိတ်ဆိတ်စွာအတွေးလွန်ပြီးလိုက်ပါလာခဲ့မိတယ် ။ကျွန်မ မပြိုင်ခင်ကတည်းကရှုံးခဲ့တာလားမောင် ကျမကိုချစ်ခဲ့တဲ့အချိန်နဲ့တောင်မတူဘူး။
YOU ARE READING
မင်းအတွက်ရည်ရွယ်သောစာစု...
LosoweFbမှာတင်ခဲ့တဲ့One shortလေးတွေကိုစုတင်မှာပါ Normal loveလဲပါဝင်တာမို့ ကြိုက်မှဖတ်ပါရှင်