Part-2

146 11 0
                                    

လူများ၏ ဆူညံသံများသည် ရှည်လျားလှသောအိပ်ဆောင်ထဲမှ ထွက်ပေါ်၍ နေလေသည်။
ကုတင်တစ်ခုထဲတွင် မိန်းကလေးငါးယောက်စု၍ စကားပြောနေသောစကားဝိုင်းသို့ ခါးသက်ချို ပြုံး၍
ဟို...ငါ့နာမည်ကခါးသက်ချိုပါ။ ဒီနှစ်မှ ပြောင်းလာတာမို့လေ အာ့တာ ငါနေရမယ့်ခုတင်ကို ရှာမတွေ့ဘူးဖြစ်နေလို့ ကူညီပေးလို့ရမလ့ဟင်။
သြော် နင်က ခါးသက်ချိုလ့
ထိုမိန်းကလေးများထဲမှ အသားဖြူဖြူနှင့် ကပြားမလေးလေး ဟုယူဆရသောသူမမှ ပြုံး၍ ပြန်ဖြေခြင်းဖြစ်သည်။
သူမ၏ အလှသည် မြင်သူတကာကိုငေးမောစေသည်။
ဒီမှာ ဒီမှာ
အာ အင်း sorryနော် ခါး နည်းနည်းသတိလက်လွတ်ဖြစ်သွားတယ်
ရပါတယ် နင်နဲ့ငါက ခုတင်ချင်းကပ်လျက်သိလ့
ငါ့ခုတင်ဘေးနားမှာ နင့်နာမည်ရေးထားတာတွေ့လို့လေ ပြီးတော့နာမည်ကလည်းနည်းနည်း ဆန်းနေတော့ မှတ်မိနေတာရယ်
ကျေးဇူးပါပဲဟာ နင်နဲ့ဆိုက်ဆိုက်မြိုက်မြိုက်ကြီးတွေ့ပေလို့ပေါ့ သြော်ဒါနဲ့ နင်နာမည်က
နန်းမဟေသီလေ ရှမ်းကပြားလေ
အာ့ကြောင့်ထင်တယ် စကားပြောရင်အသံနည်းနည်းဝဲတယ်နော်
ဟီး ဟီး
နန်းမဟေသီ မျက်လုံးလေးများမှေးစင်းသွားသည်အထိရယ်ပြလိုက်ပြီး
လာလေသွားရအောင်ငါတို့ကဟိုဘက်ခြမ်းမှာနေရမှာ
လာငါအထုတ်တွေကူဆွဲပေးမယ်
ရပါတယ် ငါနိုင်ပါတယ်
ဖယ်ပါ ခါးသက်ချိုရယ် ငါတို့က သူငယ်ချင်းတွေဖြစ်သွားပြီပဲဟာကို
လာသွားကြမယ်
နန်းဆိုသောသူမမှ ခါးလက်ကိုတစ်ဖက်ကဆွဲ၍ တစ်ဖက်မှ အထုတ်များဆွဲကာ ဦးဆောင်၍သွားလေသည်။
ခါးသက်ချိုရယ် နင်အရမ်းကံကောင်းတာပဲ ဒီလောက်ချစ်စရာကောင်းပြီး သဘောကောင်းတဲ့သူငယ်ချင်းတစ်ယောက် ရလိုက်တာဟု စိတ်ထဲမှာရေရွတ်ရင်းသူခေါ်ဆောင်နောက်သို့လိုက်လာလိုက်လေသည်
ကဲ အထုတ်တွေလဲ သူ့နေရာနဲ့ သူ ထားထားပြီးပြီ ဆိုတော့ ဘာကူပေးရဦးမလဲ ခါးသက်ချို
အာ ရပါပြီ ဒါတောင် ငါတော်တော်အားနာနေရပြီ
မဟုတ်တာ ရပါတယ်လို့
ဒါနဲ့လေ ငါကိုဟိုအရင်​ေကျာင်းတုန်းကသူငယ်ချင်းတေွခေါ်သလိုခါးလို့ပဲ ရင်းရင်းနှီးနှီးခေါ်လေ
ဟုတ်ပြီ အာ့တာဆို ငါကိုလည်း သူများတွေခေါ်သလို နန်းလို့ပဲခေါ်ပေါ့
အွင်း
နှစ်ယောက်စလုံး တစ်ယောက်နှင့်တစ်ယောက်အကြောင်းအရင်းမရှိစွာ ပြုံးပြရင်း
ခါးတစ်ယောက် ဟိုကြည့် ဒီကြည့်နှင့် ပြောစရာရှိလို့ရှိငြား စဥ်းစား၍ နေလေသည်။
ထိုစဥ်...
ခါး..
အွင်း ဘာပြောမလို့လဲ နန်း
ဟဲဟဲ ငါနင့်ကိုပြစရာတစ်ခုရှိတယ် နောက်ပြီးပြောပြမလို့ ဒါကလေ နင့်ကိုစစတွေ့ချင်းး ဟိုးငယ်ငယ်လေးကတည်းက ခင်လာတဲ့သူငယ်ချင်းတစ်ယောက်လို ခင်လို့နော်
ခါးတစ်ယောက် ပြုံး၍ ပြလေဆိုသောအမူအရာဖြင့် ခေါင်းငြိမ့်ပြလေသည်။
ကုတင် အောက်တစ်နေရာသို့ ကုန်း၍ရှာနေသော နန်းကိုကြည့်၍ သဘောကျစွာရယ်နေမိသည်
ဟိုး ရှူး တိုးတိုး ငါဒါကိုteachalတွေမသိအောင်ခိုးယူလာတာ

ဖွင့်ပြောဖို့ခက်တယ် ငယ်ရယ်Where stories live. Discover now