Part-19

59 4 0
                                    

ဟင်... ကိုကြီး ရှင်းမြတ်နဲ့ နှောင်းနဲ့က မောင်နှမတွေ....
ခါး အံ့သြစွာ ဖြင့် သူတို့နှစ်ဦးကို ကြည့်နေမိသည်။
ထိုစဥ် ရုတ်တရက် အတွေးတစ်ချက် ဝင်လာပြန်ပြီ
တင်းကြပ်စွာ မိမိကို ဖက်ထားပြီး ခါးရယ် တို့ ဒီနေ့ ဒယ်ဒီနဲ့ တွေ့ခဲတယ် သူကလေ နှောင်းတို့ ထားပြီး ထွက်သွားတာ ခုမှ  ဘာလို့ပြန်ပေါ်လာတာလဲ မသိဘူး တို့လေ ကြောက်လည်းကြောက်နေမိတယ်...ဟု ပြောပြီး ငိုနေရှာသော သူမကို မြင်ယောင်လာမိသည်
ဟာ..ဒါဆို ဒါဆို နှောင်း ပြောတဲ့ နှောင်းဒယ်ဒီဆိုတာက.....
ဘုရားရေ ဘယ်လိုရေစက်မျိုးပါလိမ့်....
ခါး နှောင်းကို ကြည့်လိုက်သောအခါ
မျက်လုံးထဲတွင် ဒေါသများ အတိုင်းသားမြင်နေရသည် သိူ့သော် နှောင်း၏ ပုံစံမှာ သိမ်ငယ်ခြင်းနဲ့ ကြောက်ရွံ့ခြင်းများကလည်း ရောထွေး၍ နေလေသည်
ခါး အနားသို့ သွား၍ ထွေးဖက်ချင်မိသော်လည်း သွားရန် တွန့်ဆုတ်နေမိပြန်သည်
-----------
ညီမလေး ခု ဘယ်မှာနေတာလဲ။ဒီ မြို့မှာပဲ နေတာထား ဟင်...ညီမလေး...
တော်ပါတော့.....တော်ပါတော့...
နှောင်း တင်းကြပ်နေသော စိတ်ကိုမထိန်းနိုင်တော့၍ အော်လိုက်ခြင်းပင်။
နှောင်း ဒီမိသားစုနဲ့ကျမှ အမြဲတမ်း အရှုံးလို့သတ်မှတ်ထားတဲ့ မျက်ရည်တွေကျနေမိတာပါလိမ့်.....
တော်ပါတော့....ဒီမှာ ခင်ဗျားနဲ့လဲ ဘာမောင်နှမမှ မတော်ချင်ဘူး.... ခင်ဗျားကြောင့်..နှောင်းတို့မိသားစုပြိုကွဲ သွားရတာ......ကုန်ကုန် ပြောရရင် ခင်ဗျားကိုရော ခင်ဗျားနဲ့ ပတ်သက်နေတဒ့ သူတွေကိုရော မုန်းတယ်....
ရှတသော အသံများတွင် တုန်ရီမှု များက ကပ်တွယ်၍နေလေသည်။တစ်ခုခု ဆုံးရှုံးရမည်ကို ကြောက်နေမည့်သည့်အလား ရင်ထဲမှာ ထိုသူ့ကို ရွံ့ရှာ မှု ထပ် စိုးရိမ်မှုတို့သာ ကြီးစိုးနေသည်။
ဟုတ်သည် နှောင်း...ခါးဆိုသည့် ကောင်မလေး ကိုဆုံးရှုံး တော့မည် လား.......
ဝေခွဲမရသော အတွေးများကို ဖယ်ထုတ်ကာ ကျောခိုင်း၍ အိမ်သို့ ပြေးထွက်လာခဲ့မိသည်
.........
ဟူး..
ပြေးထွက်သွားသော ညီမကိုကြည့်ရင်း ရှင်းမြတ်တစ်ယောက်သက်ပြင်းချမိလိုက်သည်
မောင်ရှင်းမြတ်ရယ် စိတ်မကောင်းမဖြစ်ပါနဲ့ ကွယ် အာ့ဒီ ကလေးကလည်း ဖခင်အရင်းနဲ့ အတူမနေရရှာတော့ မောင်ကောင်းမြတ်ပေါ်မှာ စိတ်ခုနေတာရှိမှာပါကွယ်
ဟုတ် အန်တီ ကျတော်လည်း အာ့တာကြောင့် သည်းခံနေတာပါ ညီမလေးတို့လည်း မမှားဘူးရယ်ပါ
ကဲပါ ထားလိုက်တော့ လာ သမီး အိမ်ပြန်ရအောင်လေ
ခါး ပြေးထွက်သွားသော နှောင်းကိုကြည့်၍ ရင်ထဲမှာ အောင့်သက်သက်နှင့်ပင် ခံစားရသည်
ဘာလို့ ဘာလို့ သူငိုနေရင် သူဝမ်းနည်းနေရင် ငါရင်တွေနာနေရတာလဲဟာ...နှောင်းရယ် ခါး..ခါး နှောင်းကို နှစ်သိမ့်ပေးချင်မိတာ အမှန်ပါ
သမီး...
မေမေခေါ်လိုက်သောကြောင့် ခါးတွေးနေသည်များကို ဖယ်ထုတ်လိုက်ကာ
ဟုတ်..ဟုတ်ကဲ့မေမေ....သွားရအောင်လေ အာ့ဆို
..............
နှောင်း အိမ်သို့ရောက်ခါနီးတွင် ကျဆင်းနေသော မျက်ရည်စများကို လက်နှစ်ဖက်ဖြင့် ခက်ကြမ်းကြမ်း သုတ်လိုက်ရင်း ခိုဝင်နေသော အသံကို ဟန်ချက်ညီစွာ ထိန်းလိုက်ရင်း အိမ်ထဲသိူ့ဝင်လိုက်သည်
ဝင်ဝင်ချင်းမှာပင် နွေးထွေးသော ထမင်းဝိုင်းမှ မာမီ၏ အသံ ကိုကြားလိုက်ရသည်
ဟာ သမီးလေးနှောင်းပြန်လာပြီလား မာမီကလေ သမီးကို လာကြိုချင့တာ သမီးက မလာနဲ့ သူငယ်ချင်းတွေပြန်မှ လမ်းလျောက်လာခဲ့မယ်ဆိုလို့
ဟုတ်တယ် မမ သားသားလဲ မမကြောင့် လမ်းလျောက်ပြန်လာရတာ...
တရားခံက မမပဲ
ထို တန်ဖိုးထားရပါသော လူသားနှစ်ယောက်၏ အသံများကို ကြားလိုက်ရခြင်းသဘ် နှောင်းအတွက် နာကျင်ရသမျှ အရာရာ ပြေပျောက်သွားလိုပင်
Sorryပါမောင်လေးရယ် ဘာလဲငြိုငြင်တာလား
ဟွန့် ငြိုငြင်တ.မဟုတ်ဘူး စိတ်ဆိုးတာ
အာ....အကောင်ပေါက်ကလေးကလည်း စိတ်မဆိုးပါနဲ့ ဒီက ကိုကိုက bubble teaဝယ်တိုက်မယ်လေ...
ဟုပြောကာ မောင်လေးနားဝင်ထိုင်လိုက်သည်
တကယ်နော်
တကယ်လို့ ဒါမယ့် ကိုကိုလို့ခေါ်ရင် ဝယ်တိုက်မယ်
ဟွန့်ကိုကို ရပြီလား
ဟီး ချစ်စရာလေးငါ့မောင်လေးက
ကဲကဲ သမီး ကြိုက်တဲ့ မုန်းဟင်းခါးချက်ထားတာ စားလိုက်ပါဦး..
ဟီး ဟုတ် မာမီ...
ရှင်းမြတ်.....ပတ်သက်နေတာ ခါးး.....ကိုယ် ဘယ်လိုလုပ်ရမှာလဲ ခါးရယ် ဘာလို့သူနဲ့မှ ရင်းနိးနေရတာလဲကွာ.....
Zin LaiLai Aung
Thank for reading

ဖွင့်ပြောဖို့ခက်တယ် ငယ်ရယ်Hikayelerin yaşadığı yer. Şimdi keşfedin