Part-10

69 5 0
                                    

အာ..ငါစိတ်တွေ ဘယ်လိုဖြစ်နေတာလဲ။ ဘာလို့ နှောင်းကိုပဲ ခိုးကြည့်ချင်နေရတာလဲ။ သူကိုတွေ့လိုက်ရင်လည်း ငါရင်တွေဘာလို့ခုန်နေတာလဲ။ ခါးသက်ချို နင်စာကိုပဲ အာရုံစိုက်စမ်း။ ဟုတ်တယ် ငါ စာကိုပဲ အာရုံ စိုက်ရမယ်။....
ခါး တွေးတောနေတာကို ခဏရပ် ပြီး တွက်လက်စ သင်္ချာပုစ္ဆာများကို တွက်နေလိုက်သည်။

ဆရာ မလာသေးလို့ guide teachal တွက်ခိုင်းထားတဲ့ သင်္ချာပုစ္ဆာများကို တွက်နေရာမှ နှောင်း
ဘေးခုံမှ ခါးကို ကြည့်လိုက်မိသည်။
အွင်း ဒီကောင်မလေး ငါကို ဘာလို့ရှောင်နေတာလဲ? လူကိုနှစ်သက်ပေးတဲ့နေကစပြီး ခု သင်္ကြန်ပိတ်ရက်ရောက်တော့မယ် အထိ ငါ့ကို ရှောင်နေတာ ဘာဖြစ်လို့ပါလိမ့် အရင်ကဆို ကျောင်းဆောင်ဘက်ကို အစောကြီးလာပြီး စာလုပ်တဲ့ ငယ် က အဲဒီနေ့ကစပြီး ကျောင်းတက်ချိန်မှ ရောက်ရောက်လာတယ်။ ငါသူ့ကိုစကားပြောမယ်ဆိုပြီး လာလိုက်တိုင်းလည်း သူထွက်ထွက် ပြေးသွားတယ် ငယ်ရယ် တို့ ဘာတွေများ အမှားလုပ်မိလို့လဲ ကွာ....
...................................................................
ဟိတ် ကျောင်းသူလေးတွေ မမပြောစရာရှိလို့
စာရင်းကိုင် အမရဲ့စကားကြောင့်အခန်းထဲမှလူများအာရုံစိုက်လာကြသည်။
အော် teachalလဲ ရှိနေတာပဲ
Teachal ညီမ ပြောစရာလေးရှိလို့ဝင်လာတာ
အေး ပြောလေ ညီမလေး
ကဲ ကလေးတို့ ကျောင်းပိတ်ရက်လည်းရောက်တော့မှာ ဆိုတော့ ဒါရိုက်တာ ဆရာ ဆရာမကြီးတွေက မပြန်ခင် အစီစဥ်လေးတစ်ခုလိုက်ဖို့ တိုင်ပင် ကြတယ်
အဲဒါကလေ အတန်းလိုက် ပြဇာတ် တိုက်ပြီး ပြိုင်ကြရမှာ
၁၀တန်းက စာမေးပွဲမဖြေရသေးတော့လေ အခန်းမခွဲရသေးဘူးဆိုတော့ နှစ်ဖွဲ့ပြိုင်ရမယ်တဲ့
ပါမယ့်သူတွေ ကလေးတို့ အတန်းပိုင်teachalဆီ စာရင်းပေးလိုက်ကြနော်
Teachal အာ့ဆို ညီမသွားပြီနော်
အေးအေး ညီမ
ကဲ........ဘယ်သူတွေပြိုင်ကြမှာလဲ ၂ဖွဲ့ဆိုတော့ များကြီးပြိုင်လို့ရတယ်နော်
ခုနှစ်မှဒီကျောင်းကို ပြောင်းလာတဲ့ ကလေးတွေလည်း ပါကြနော် သိလ့ ဘာမှ ရှက်စရာမလိုဘူး
ပါချင်တဲ့ လာစာရင်းပေးလို့ ရပါပြီရှင်..
နှောင်း
နန်း ခေါ်သံကြောင့်
ပြော....
နင် ဒီနှစ်ပါပါ့လ့
ဟာ ငါမပါချင်ပါဘူးဟာ...
နင်ကလည်း ခု၁၀တန်းနော် ဒီအခွင့်အရေးက ဒီနှစ်နောက်ဆုံးဟ
နောက်ပြီး နင်ပါရင် ငါက ခါးကိုပါ မရရောက်အောင်ပါခိုင်းမို့ကို
အင်း အာ့ဆို နင်သူ့ကို မေးကြည့်လေ သူပါ ပါမယ်ဆိုရင် ငါတစ်ယောက်ထဲ ဖြစ်နေမှာ သူကိုမေးကြည့်လိုက် ဦး..
အိုကေ.
ခါး...
အွင်း ပြောလေနန်း
နင်ပါမှာလ့...
ဟီး.. ငါမပါတော့ပါဘူး
ဟာ ဘာလို့လဲ ပြဇာတ်ကရတာ သဘောမကျလို့လ့
အဲလို မဟုတ်ပါဘူး ဒီတိုင်း..
ဘာမှ ဒီတိုင်းမနေနဲ့ ငါကို ချစ်ရင် နင်ပါရမှာပဲ ငါလည်းပါမှာ လုပ်ပါနော်
ဟင် နင်ကပါမှာလ့
အွင်း အာ့ကြောင့်မို့....
ကောင်းပြီလေ အာ့ဆို ငါလဲ ပါမယ်လေ...
အာ...အာ့ကြောင့် ခါးကိုချစ်နေရတာ.
ဟွင့် အပိုတွေပါ
တကယ်ပါလို့
ငါနင်အတွက် စာရင်းသွားပေးလိုက်မယ်နော်
အေးအေး
နှောင်း ကြားတယ်မလ့
ငါစာရင်းသွားပေးလိုက်ဦးမယ်..
အေးအေးသွား
နန်းထွက်သွယးတော့ နှောင်းထုံးစံ အတိုင်း နံရံကို မှီ ပြီး ဘေးခုံက ခါးကို ကြည့်လိုက်မိရာ...
ရုတ်တရက် ခါးနှင့် အကြည့်ချင်းဆုံသွားသည်။
ဒီ မျက်ဝန်း...ဒီ မျက်ဝန်းလေးတွေကို တစ်သက်စာ ငေးမေယကြည့်ချင်မိပါရဲ့။
နှောင်း စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
ထို အခိုက်အတန့်တွင်
သူမလေး မှ ပြုံးပြလာသော အပြုံးတစ်ချက်ကြောင့်
နှလုံးသားကို နက်ရှိုင်းသော ချောက်ထဲသို့ ပစ်ချလိုက်သလို ဒိုင်းကနဲ နှလုံးခုန်မြန်လာပါတော့သည်။
နှောင်းပြန်ပြုံးပြလိုက်တော့
ရန်ခုန်သံလေးမှာ စာဆက်လုပ်နေတော့သည်။
Zin LaiLai Aung
-ဒီ အပိုင်းက roတာမပါဘူးဆိုတော့ ပျင်းနေလောက်မယ်ထင်တယ် နောက်ပိုင်းကျ sweetတယတွေ ဘာတွေ ပါမှာပါရှမ် သည်းခံပြီးဒီ အပိုင်းလေးကို ဖတ်ပေးကြပါ
-ကိုယ်လေ ပြောပြချင်တာလေးလဲရှိလို့ပါ ကိုယ် ဒီficလေးကိုပစ်ထားမိလိုက်တယ်ရယ် ကိုယ်လည်း ဒီကြားထဲ စိတ်ညစ်စရာလေးတွေရှိနေလို့ မရေးဖြစ်လိုက်တာ ပြန်ရေးပါလို့ ပြောတဲ့သူလေးတွေ ရှိနေတော့ ဒီficလေးကို ခွန်အားဖြစ်ပြီး ဆက်ရေးလိုက်တာပါပုံမှန်လေး upပေးနိုင်အောင်ကြိုးစားပ့မယ်
💛

ဖွင့်ပြောဖို့ခက်တယ် ငယ်ရယ်Where stories live. Discover now