Part-15

89 6 0
                                    

ကဲ...ကဲ.. ကလေးတို့...
စာရေး မမ၏ စကားကြောင့် ​​​ပြဇာတ် တိုက်နေသည့်သူများ အာရုံစိုက်လာကြသည်
အားလုံး တိုက်လို့​ပြီးကြပြီလား...
ဟုတ်..
နောက်ပြီ ပြိုင်ပွဲမှာ ဝတ်ဖို့ အဝတ်တွေကို စီစဥ်ပြီးပြီလား
ပြီးပါပြီ  ..
အာ့ဆိုရင် မနေ့ကDayသမားတွေကိုလာကြိုတဲ်သူတွေကို ၂နာရီ လာကြိုဖို့ ပြောထားတယ်နော် အာ့မာ မေ့နေတဲ့ရှိလ့ ရှိရင် ကျောင်းကားနဲ့ပို့ပေးမို့
ဟုတ်..
လေးနာရီ ပြန်လာခဲ့နော် နောက်ပြီး ညအိပ်ဝတ်စုံပါ ယူခဲ့ကြ ပြိုင်ပွဲ မှာမပါတဲ့သူတွေကိုလည်းပြောပြီးပြီ အဆောင်နေတဲ့သူငယ်ချင်းတွေနဲ့မပြန်ခင် တူတူ အိပ်ကြပေါ့..
အဆောင် နေတဲ့ ကလေးတွေလည်း...ပစ္စည်းတွေ သိမ်းထားကြနော် မနက်ဖြန် ပြန်ရတော့မှာ....
ဟုတ်ကဲ့ပါ..
ကဲ... အာ့ဆိုနားကြစို့...
-----------------------------------
ခါး......
ခါး ပစ္စည်းတွေ သိမ်းရင်း နန်းခေါ်လိုက်သောကြောင့်
အင်း ပြောလေ နန်း....
ဟိုဟွာလေ... ခါး မှာ လိမ်းဖို့ make upတွေပါခဲ့လား
အဲ ဟုတ်ပါရဲ့ ခါးမှာ sun cream ရယ် moistureပဲ ပါတာ make upက မလိုလောက်ဘူးထင်ပြီ မပါခဲ့ဘူး
ဟီး.... ထင်တယ် ထင်တယ်...အဲတာကြောင့် မေးကြည့်တာ..
နန်းမှာ ပါတယ်နော် ယူလိမ်း အားမနာနဲ့
အာ...ကျေးဇူးပါနော်
နန်း..
ဟင် ခါး..
နန်းက ဒီလိုပဲလားဟင်..
ဟမ်.... ခါးက ဘာကိုပြောတာလဲ..နန်း နားမလည်ဘူး
ဪ.. နန်းက တစ်ပါးသူအတွက် အမြဲ စဥ်းစားပေးတတ်တာပဲလား
ဟီး.. ခါးကလည်း လုပ်ပြီ..
နန်းကိုလေ အရမ်းကျေးဇူးတင်တာပဲ.. ခါးအပေါ်ကောင်းပေးလို့...
ရပါတယ် ခါးရဲ့..နန်းက ခါးကို တကယ် ခင်တာပါ

ကိုယ်ချစ််ရတဲ့သူက ချစ်နေတဲ့သူ​​ဖြစ်နေတာ ​​သိရဲ့နဲ့တောင်မှပေါ့
နန်း စိတ်ထဲမှ ရေရွတ်လိုက်သည်
ခါး..
ဟင်
နင် အချစ်ကို ဘယ်လိုမြင်လဲ
ဟား... နန်းက ဘာလို့ မေးတာလဲ ကောင်မလေး ၁၀တန်းနော် အရေးကြီးတယ်
လုပ်ပါ ခါးရဲ့ ဒီနေ့တစ်နေ့ပဲ လွတ်လွတ်လပ်လပ် နေရရတော့မှာကို ပြောပြပါနော်...
ခါး မသိဘူး နန်း...နောက်ပြီး အချစ်အကြောင်းကို တွေးလည်း မတွေးချင်ဘူး ခါး...လူ တစ်ယောက်ကို ချစ်မိသွားမှာ အကြောက်ဆုံးပဲ နန်း...
ခါးမျက်ဝန်းထဲမှ မျက်ရည် တစ်ချို့စီးဆင်းနေသည်ကို နန်းမြင်လိုက်ရသည်
ထို့ကြောင့် နန်း ခါးရဲ့ ကျောကို လက်ဖြင့် သာသာလေး ပွတ်သပ်ပေးရင်း
ခါး... ရင်ဖွင့်ချင်ရင် နန်းကို ပြောပြလို့ရတယ်နော် နန်းကို ယုံရင်ပေါ့ နန်း နားထောင်ပေးပါ့မယ်...
တကယ်လား နန်း
တကယ်ပေါ့
နန်း...ခါးလေ ဒီကျောင်းကို တက်ရလောက်အောင် ခါးတို့မိသားစုမှာ မပြေလည်ဘူး နန်းရဲ့ ဒါကြောင့် ခါး သူများထက်နှစ်ဆ ပိုကြိုးစားနေရတာ ဒီ ကျောင်းကို ထားပေးတာကလည်း
ခါးမေမေနဲ့ဖေဖေရဲ့ Boss က ထားပေးတာလေ နောက်ပြီး ခါး ကျောင်းပြီးသွားရင် မေမေတို့Bossရဲ့သား ကိုကြီး ရှင်းမြတ်နဲ့ စေ့စပ်ရမှာ နန်းရဲ့ ခါးမှာ ခါးမှာလေ ကိုယ်သဘောနဲ့ကိုယ်ချစ်ခွင့်မရှိဘူး နန်းရဲ့......
ဟာ..ဒါက ဒါကတော့ ကွာ ကျောင်းထားပေးရုံနဲ့ ခါးရဲ့တစ်ဘဝလုံးကို သူ့သားဆီ ပုံပေးရတော့မှာလား အဓိပ္ပါယ်မရှိလိုက်တာ ခါး လဲ တစ်နေ့ကျ ကိုယ်ချစ်တဲ့သူဆိုတာ ပေါ်လာနိုင်တာပဲလေ သူတို့ဒါကို မသိတာလား ကလေးပဲဆိုပြီး သူတို့ စီစဥ်တာကို လက်ခံရမှာလား
ခါး မေမေတို့ကို စိတ်မဆင်းရဲစေချင်ဘူး ဒါကြောင့်ခါး ချစ်ရတဲ့သူ ရှိလာမှာ ကြောက်နေတာ ပေါ့နန်းရယ်
ကဲ စိတ်ညစ်စရာတွေ မတွေးနဲ့တော့ ၃နာရီတောင်ရှိနေပြီ လာရေသွားချိုး ရအောင်
နောက်ပြီး ပြဇာတ်မှာ ဝတ်ရမယ့် အင်္ကျီတွေ ဝတ်ကြည့်ရဦးမယ်
လာပါ ခါးရဲ့...
:::::::::::::::::::::::::::::::::::::::
နှောင်း ၂နာရီခွဲထဲက ပြဇာတ်မှာဝတ်ရမယ့် မင်းသားလေးဝတ်စုံကို ဝတ်ဆင်လိုက်ရင်း လည်ပင်းအထက်နားရှိ ဆံပင်မညီတညီများကို စုနှောင်၍ ချီလိုက်သည်
Wolf cut ဆံပင်ဖြစ်တာကြောင့်ဆံစများ အနည်းငယ် လျောကျနေသည်
ကိုယ့်ကိုကို မှန်ထဲမှာကြည်၍ လုံးဝ perfectလို့ပြောရင်း သပ်ရပ်ကျော့ရှင်းနေသည့် မိမိကိုယ်ကို ကြည့်၍ ပြုံးနေသည်
သော်စစ် မပြီးသေးဘူးလား မြန်မြန်လုပ်ဟ
ဟုတ်ကဲ့ပါ မမရဲ့ သားပြီးတော့မှာပါ
ဟာ သမီးလေး
မာမီ
ဟယ် သမီးလေးကလေ ဒီလိုမျိုးဝတ်ပြန်တော့လည်း ခန့်ချောကြီးတော့ ယောကျာ်းလေးကြတာတာပဲ
ယောကျာ်းလေးပဲကို မာမီကလည်း
နှောင်း အရွှန်းဖောက်လိုက်သောအခါ မာမီမှာ တခစ်ခစ်ရီနေရှာသည်
သားသား ပြီးပြီ
ဟာ သားလေး မာမီရဲ့သားလေးက ချစ်စရာလေးပဲ
ဝက်ဝံလေး လို ကပြရမှာလ့ ချစ်စရာ​လေး
ဟီး ဟုတ်တယ် မာမီရဲ့
မမ မမတို့မိန်းကလေးဘက်နဲ့ သားသားတို့က ခွဲထားတာဆိုတော့ သားသားကတာကို မမ မကြည့်ရတော့ဘူး နောက်ပြီး မမ ကတာကိုလည်း သားသားမကြည့်ရတော့ဘူးပေါ့ ဟင့်...
ဟာ သော်စစ်ကလည်း အာလိုမတွေးပါနဲ့ ဟိုမှာ သားတို့အဖွဲ့ပျော်ပျေယ်ကြီး ကပြီး ပထမဆုရအောင်ယူခဲ့နော်
ဟီး ဟုတ် မမ
အား မမအသည်းလေးက လိမ္မာလိုက်တာ
ကဲကဲ မောင်နှမနှစ်ယောက် လာကျောင်းလိုက်ပို့ပေးမယ် မာမီ
ဟုတ်ကဲ့
သော်စစ်ကို အရှေ့ကျောင်းတံခါး​​ပေါက် မှ ပို့ခဲ့၍ နှောင်းကို အနှောက်တံခါးပေါက်သို့လိုက်ပို့သော မာမီကို လက်ပြ၍ နှုတ်ဆက်လိုက်သည်
ဦးလေး သမီးကို တံခါး လာ ဖွင့်ပေး ပါဦး
ကျောင်းစောင့်ဦးလေးကြီးကို ​ပြောလိုက်တာသောအခါ
ဟာ သမီးလေး က ဒီနေ့ တယ်သန့်နေတာပါကော
လာလာ သမီးလေး လာ
ဟုတ်
နှောင်း ကျောင်းထဲကို ဝင်လိုက်တာနှင့် ဘေးမှ ကောင်မလေးများမှ ပြုံး၍ တိုးတိုး တိုးတိုး ပြုံးနေသောကြောင့် အနေကြပ်လာရသည်
ကိုကိုက ချောလိုက်တာ
အနောက်မှ ပြောလာသော စကားသံကြောင့်
လှည့်ကြည့်လိုက်ရာ မင်းတို့ကို ဟို တနေ့က ခါးကို တိုက်သွားပြီး မတောင်းပန်ပဲထွက်သွားတဲ့ ကလေးမလေးတွေမဟုတ်လား
မင်းတို့ တမင်လုပ်တာမလား ငါသိနေတယ်နော်
ညီမကို ကလေးမလို့မခေါ်နဲ့ ညီမနာမည်က ဝတ်မှုံဦး နောက်ပြီး ဟုတ်တယ် သူ့ကို တမင် ဝင်တိုက်လိုက်တာ
အမြင်ကပ်လို့ ကိုကို့ ကို ကပ်နေလိုက်တာများ ချဥ်စရာကောင်းလိုက်တာ
ဒီမှာ ငါ့ကို ကိုကိုလို့ ခေါ်စရာဘာအကြောင့်မှ မရှိဘူး ဝတ်မှုံဦး နောက်ပြီး ခါးကို နောက်တစ်ခါ ကိုယ်ထိလက်ရောက် လာလုပ်ပြီ ဆိုရင်တော့ ငါအဆိုး မဆိုနဲ့နော်
နှောင်း ပြောပြီး လှည့်ထွက်သွားမည့်အလုပ်
သူများထောက်ပံ့ကြေးကိုယူပြီး ကျောင်းတက်ရတဲ့ ဇနပုဒ်က ဆင်းရဲတဲ့ မိန်းမကိုများ ကိုကို က အဖက်လုပ်ချင်နေတာလား
ဟု ပြောလိုက်သော ကြောင့်
နှောင်း စိတ်မထိန်းနိုင်လောက်အောင် အထိ ဒေါသ ထွက်လာရသည်
မင်းတို့နော် ငါလုပ်လိုက်က ရင် သေတော့မယ်
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဒေါသထွက်နေသောနှောင်း ပုံစံကိ​ုကြည့်၍ ဝတ်မှုံနည်းနည်း လန့်သွားသည်
ပြောမင်းတို့ ဘယ်လို သိတာလဲ
ညီမ ကျောင်းအုပ်ကြီး ရုံးခန်းထဲ ပစ္စည်းသွားပို့ ရင်း သူ့ကိုယ်ရေးအချက်အလက် မှတ်တမ်းကို ကြည့်မိသွားလို့ပါ
ဟ...မင်းတို့ တော်တော် စပ်စုတဲ့သူတွေပဲ အေး နောက်တစ်ခါ ခါးကိုလာနှောက်ယှက်ရင်တော့ ငါ လက်ပါမိမှာနော် အာ့တော့ မင်းတို့ သူနဲ့ ကင်းကင်းရှင်းရှင်းမှာ နေ ငါ ဒါပဲ ပြောမယ်
ဒေါသနှင့် လျောက်လာလိုက်ရာ နှောင်းတို့နေတဲ့Diamond အဆောင်သို့ရောက်လာခဲ့သည်
နှောင်းတံခါးဖွင့်လိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ရင်မှာ အေးချမ်းသွားရသည်
အော် နှောင်းတောင် ရောက်လာပြီပဲ ငါရေသွားဖြည့်မလို့ တံခါးဖွင့်တော့မလို့ နင်ဖွင့်လိုက်တာပဲ အတော်ပဲ ဟီး
​အာ လူကို ပြုံးပြနေတာ ရူးမတတ်ပါပဲ ခါးရယ်
ပွဲတက်ဂါဝန် ဝတ်စုံ အပြာရောင်လေးကို ဝတ့ဆင်ထားပြီး makeup ပါးပါးလေးနှင့် ပန်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးမှာ ချစ်စရာ အတိပင်
ခါးကို ငေးကြည့်နေသောနှောင်းကို တချက်ကြည့်လိုက်ရာ suitအပြည့်နှင့် ဆံပင်ကို စည်းထားသော နှောင်းမှာ အရင်နေ့ကနှင့်မတူပဲ အမြင်ဆန်းနေတော့သည်
စူးရှ ရွန်းလဲ့နေသော မျက်ဝန်း ဖြောင့်စင်းနေသော နှာတံတို့မှာ ဆွဲဆောင်မှု အပြည့်ပင်
ဆံပင်ကို စုစည်းထားသောကြောင့် မေးရိုးများမှာလည်း ထင်ထင်ရှားရှားတွေ့နေရသည်
အားးး ကြိုက်လိုက်တာ
ဟင် ခါး ငါဘာတွေတွေးနေမိပါလိမ့်
ခါး သတိကပ်လိုက်ပြီး မျက်တောင်ကို တစ်ချက် ခက်လိုက်ပြီး နှောင်း ငါသွားလိုက်ဦးမယ် အထဲမှာ နှောင်းရှိနော်
အာ ကိုယ့်ရဲ့ စင်ဒရဲလားလေး
ဟင် ရုတ်တရက် နှောင်းမှ ပြောလာသော စကားကြောင့် လူမှာ အပူရှိန်တွေ တိုးလာပြီး နှလုံးခုန်မြန်လာတော့သည်

မိမိပြောလိုက်သော အခါ ပါးများနီရဲလာသော သူမလေးကို ကြည့်၍ နှောင်း သဘောကျမိသည်
ဒီလိုလေ ကိုယ်နဲ့ ခါးနဲ့က စင်ဒရဲလား ဇာတ်ရုပ်နဲ့ ကပြရမှာလေ အာ့တာကြောင့် ကြိုလေ့ကျ​င့်ထားတာ
အော် အင်းအင်း ငါသွားတော့မယ်နော်
ခါးလှည့်ထွက်လိုက်ပြီး ခုန်နေသော ရင်ခုန်သံကို လက်နှင့် ဖိထားမိလိုက်သည်
Zin LaiLai Aung
-အမ် ​ကြိုက်ကြလားတော့မသိဘူး ဟီး💚🌸

ဖွင့်ပြောဖို့ခက်တယ် ငယ်ရယ်Where stories live. Discover now