မိတ်ဆက်

705 67 11
                                    

-Unicode-

လူသားတွေက ဘယ်လောက်ထိ သိချင်စိတ်များလွန်းတတ်လဲ ?။ သိလိုစိတ် သင်ယူစိတ် ဖော်ထုတ်ချင်စိတ်။ သမမျှမျှ ရောမွှေထားတဲ့ စရိုက်လက္ခဏာနဲ့လူတွေဟာ သူလိုကိုယ်လိုရောနှောနေတဲ့ လူတွေကြားမှာပဲ မွေးဖွား လာတတ်ကြတာဖြစ်သည်။ မည်သူကမှ ကြိုမျော်လင့်မထားနေ။ မည်သူကမှ ကြိုဖန်တီးထားမနေ။

ပျင်းစရာကောင်းလွန်းတဲ့ ကမ္ဘာကြီးမှာ ဆန်းကြယ်တဲ့အရာတွေက အမြဲတမ်းတိမ်မြုပ်နေတတ်သည်။ မူးယစ်ဆေးတွေထက် ပိုယစ်မူးစရာကောင်းတဲ့ ညို့ယူချက်မျိုး။ ငွေဓနရှင်တွေရဲ့ ပျော်စရာလောကအလွှာ ဟာ ဒီလိုပဲ တစ်သီးတစ်သန့် ရှိနေလျက်ပါပဲ။ ထိုအလွှာရဲ့အလွန်မှာ နက်ရှိုင်းမှုတွေရှိသည်။ လျှို့ဝှက်ချက်တွေရှိသည်။ ပျောက်ကွယ်မှုတွေရှိသည်။ နောက်ပြီး

မှော်ဆန်မှုတွေရှိသည်။

လူတွေဟာ ပျင်းစရာကောင်းတဲ့ ဘာမှမလုပ်နိုင်မှုတွေနဲ့ပဲ စတင်မွေးဖွားခဲ့ကြတာလား? ဒါမှမဟုတ် သိုဝှက်ခြင်းခံထားရသည်လား?

Mystic ။ ဒီမြို့တော်မှာ သူမတူတဲ့ရူးနှမ်းမှုတွေရှိသည်။ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေရှိသည်။ ခများတစ်ခါမှ စိတ်ကူးမယဥ်မိတဲ့ အကြောင်းအရင်းတရားတွေရှိသည်။

စပ်စုလွန်းတဲ့ ကြောင်တစ်ကောင်ကောင်ကများ ဒီမြို့တော်ကို လည်ပတ်ကြည့်ဖို့ ကြိုးစားမိမယ်ဆို ဘယ်လို ပညတ်ချက်တွေများဖြစ်လာနိုင်ဦးမလဲ။ သေခြင်းရှင်ခြင်း အလောင်းအစားလုပ်ရဲလောက်အောင် ရူးမိုက်တဲ့ သူတွေကြားမှာ ငရဲနဲ့နတ်ပြည်ဆိုတာ အလွှာပါးပါးလေးပဲခြားလိမ့်မည်။

Mysticမှာ ဖုံးကွယ်မှုတွေရှိသည်။ ဆန်းကြယ်မှုတွေရှိသည်။ မှော်ဆန်ခြင်းတွေပြည့်၏။ မင်းရူးလောက်မဲ့ မူးယစ်ခြင်းတွေရှိသည်။

Mysticက ပုံမှန်လောကကနေကွဲပြားသည်။ ရှာဖွေသူတွေရှိသည် ဖုံးကွယ်သူတွေရှိသည်။ မင်းရူးလောက်အောင် မျက်စိလည်လိမ့်မည်။

ခပ်ရိုင်းရိုင်းရှင်သန်မှုတွေနဲ့ ကမ္ဘာတစ်ခုမှာ ကံကြမ္မာချိတ်မဲ့လူသားနှစ်ယောက်ဟာလည်းရှိသည်။

𝐌𝐲𝐬𝐭𝐢𝐜 : the city of hell ✞︎ (yj.bg)Where stories live. Discover now