-Unicode-
" အချစ်လေး! "
ယောန်ဂျွန်းရဲ့ ခပ်စာစာအသံက သူ့နားထဲဝင်လာတာနဲ့ ဘောမ်ကယူရဲ့ နားထင်ကြောတွေက အနည်းငယ်ရှုံ့တွသွားတယ်။ သူနားထောင်နေတဲ့ တယောတေးသွားအသံရဲ့ နောက်မှာ ချွဲယောန်ဂျွန်းရဲ့ အနှောင့်အသွားမလွတ်စကားတွေက တွဲခိုနေပါရဲ့။ ကျောင်းဝန်းသေးသေးတစ်ခုရဲ့ ချောင်တစ်နေရာက သစ်ပင်ခပ်အုပ်အုပ်ကို သူဘယ်လိုရှာထားရတာမို့လဲ။ လက်ထဲက သမိုင်းကျမ်းစာအုပ်တစ်အုပ်ကို အသံမြည်အောင်ဆောင့်ပိတ်လိုက်ရင်း မျက်မှန်ကိုင်းကို သူဆွဲချွတ်လိုက်တယ်။ နေ့လယ်နေ့ခင်းရဲ့ ငြီးစူစူဖြစ်ရခြင်းအကြောင်းအရင်းခံဟာတော့ စစနောက်နောက်ဟန်နဲ့ပဲရှိနေခဲ့တယ်။
တစ်တောက်တောက်ခေါက်တဲ့သစ်တောက်ငှက်။ ဘယ်လိုတောင်နှောက်ယှက်လွန်းတဲ့ လူလဲ။
ချွဲယောန်ဂျွန်းဟာ ခပ်ညွတ်ညွတ်ပြုံးတဲ့အကြည့်တွေကို သူ့ဆီတည်တယ်။မပြုံးမရယ်ဆိုတဲ့ ဘောမ်ကယူရဲ့ မျက်နှာဟာ သူ့အတွက် ပေါ့ပေါ့ပါးပါးကြည်နူးစရာတစ်ခုဖြစ်နေလိမ့်မယ်။
ကာကီရောင်ဆွယ်တာလေးဟာ တိုးဖွလွန်းတဲ့ သက်ပြင်းတစ်ချက်ကိုချတယ်။ သူဟာ ယောန်ဂျွန်းကို ထပ်ပြီးအာရုံစိုက်ဖို့အကြံစည်မရှိလှဘူး။ နားကြပ်ဖြူတွေဆီကတေးသွားကို အသံတင်လိုက်တယ်။
နေ့လယ်နေရောင်ခြည်က မိုးအုံ့တဲ့ တိမ်တွေကြောင့် ခပ်ပါးပါးပဲရှိနေကြတယ်။ယောန်ဂျွန်းဟာ ကာကီရောင်လေးရဲ့ဘေးက မြက်ခင်းစိမ်းတွေပေါ်မှာသက်တောင့်သက်သာဝင်ထိုင်လာတယ်။ ဘောမ်ကယူဟာ သူ့ကိုမျက်နှာလွှဲထားလေရဲ့။ ချွဲယောန်ဂျွန်းဟာတော့ ခပ်စစရယ်မြဲ။
ရိုက်ချိုးလို့မရတဲ့ သူ့လက်တွေက ကောင်လေးဆီက နားကြပ်တစ်ဖက်ကို ဆတ်ခနဲဆွဲယူရင်း သူ့နားမှာတပ်လိုက်တယ်။ ကောင်လေးဟာ ပြောလို့မောဟန်တူပါရဲ့။ တုံ့ပြန်မှုတစ်ခုမှမဆိုခဲ့ဘူး။
" ဘာတွေနားထောင်နေတာလဲ? "
"Tchaikovskyရဲ့ Violin Concerto"
ဘောမ်ကယူက လေပြေအေးနဲ့တစ်ချက်သာဆိုတယ်။ ဆွေးသွဲ့သွဲ့ တယောတေးသွားဟာ မိုးမအုံ့တအုံ့ရာသီဥတုအောက်မှာ ခပ်ပြေပြေရယ်။
YOU ARE READING
𝐌𝐲𝐬𝐭𝐢𝐜 : the city of hell ✞︎ (yj.bg)
Fanfictionမီရယ်လူမျိုးတွေအကြောင်း မင်းတို့ကြားဖူးလား။ မှော်အတတ်တွေရှိတယ်လို့ လူတွေပြောကြတယ်။ တန်ဖိုးအကြီးဆုံး ရှားပါးရတနာတွေ ပိုင်ဆိုင်ကြသတဲ့။ နှမြောစရာကောင်းတာက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတည်းက သူတို့က ပျောက်ကွယ်သွားကြပြီတဲ့။ ဒါပေမဲ့ သူတို့ရဲ့ လျို့ဝှက်ဆန်...