အတိတ်တွေသာ ပြန်လည်တတ်တယ်ဆိုရင် မဒမ်မေရီဟာ သူ့ရှေ့ကကောင်လေးကို တွေ့လိုက်ရခြင်းပဲ။ မမှိတ်မသုန်မျက်လုံးတွေက သိချင်စိတ်များနေတဲ့တိုင် မယုံကြည်ခြင်းတွေရှိတယ်။ တွက်ဆမှုတွေရှိတယ်။ ကုန်ဆုံးသွားတဲ့ စက္ကန့်တိုင်းအတွက်၊ လှုပ်ရှားသွားတဲ့အရာတိုင်းအတွက် မျက်ချေမပြတ်မှုတွေက ပြတ်ပြတ်သားသားနဲ့။ ဘယ်တော့မှယိမ်းယိုင်သွားခြင်းမရှိတဲ့မျက်လုံးညိုတွေ၊ ပါးပါးစေ့ထားတဲ့ နှုတ်ခမ်းထောင့်တွေ၊ ငယ်လွန်းတဲ့ အသက်အရွယ်နောက်မှာ ဖုံးကွယ်ထားမဲ့ အစွယ်တွေ။သူမရဲ့ရှေ့က ကောင်လေးဟာ အဲ့ဒီလူရဲ့ အတိအကျ ဆင်တူမှုမျိုးကို ထိကပါးရိကပါးနဲ့ပဲ။
ဒါတွေကို သူမရင်းနှီးခဲ့ပြီးသားပါပဲ။
" ကျွန်တော့်အဖေကို သိတာလား "
မမှိတ်မသုန်ကြည့်နေတဲ့မျက်လုံးတွေနဲ့ အဲ့ကောင်လေးက မေးတယ်။
" စိတ်မကောင်းသလိုတောင်ခံစားရတယ်။ ချွဲအီဂျင်းက ငါ့အကြောင်းကို တစ်ခါလေးတောင်မပြောပြဖူးတာထင်တယ်။ "
မဒမ်မေရီက မကျေနပ်ဟန်နဲ့ နှုတ်ခမ်းတွေကိုတွန့်တယ်။ သူမက မျက်တောင်ကော့ကော့တွေကို လှစ်ခနဲဖွင့်လိုက်ရင်းနဲ့ပဲ
" ချွဲအီဂျင်းနဲ့ငါနဲ့ အလုပ်အတူတူလုပ်ဖူးခဲ့တယ်။ "
ဘောမ်ကယူ သူ့ရှေ့က အမျိုးသမီးကို ပြန်အကဲခတ်မိတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ တွေးကြည့်ကြည့် အဖေက ဒီအမျိုးသမီးအကြောင်း တစ်ခါမှမပြောပြခဲ့ဖူးဘူး။ နှုတ်ခမ်းနီနီတွေကလိုတာထက်ပိုပြီးတောက်ပနေခဲ့သယောင်နဲ့ စိတ်ရှုပ်ဖို့ကောင်းတယ်။
မေရီလင်းက သူ့ရဲ့သံသဃတွေကို သတိထားမိပုံရတယ်။
'' အတိအကျပြောရရင်တော့ Victoria နဲ့ပေါ့လေ။ "
သူမစကားမှာ ကောင်လေးရဲ့ ရိပ်ချိုးမှုတွေကိုမြင်ရတယ်။ မျက်လုံးတွေဟာ တင်းတောက်လာလိုက်တာလေ။ ပဟေဠိဖြေရှင်းသူတစ်ယောက်ရဲ့ တက်ကြွမှုတွေကို ဖော်ကြူးတယ်။ ခပ်ပါးပါးတော့ ပြုံးမိသားပဲ။
" မင်းက မီရယ်လူမျိုးတွေအကြောင်းတစ်ခုခုသိထားမယ်လို့ငါထင်တယ်။ ပြောပြဖို့များ ဆန္ဒရှိမလား။ "
YOU ARE READING
𝐌𝐲𝐬𝐭𝐢𝐜 : the city of hell ✞︎ (yj.bg)
Fanfictionမီရယ်လူမျိုးတွေအကြောင်း မင်းတို့ကြားဖူးလား။ မှော်အတတ်တွေရှိတယ်လို့ လူတွေပြောကြတယ်။ တန်ဖိုးအကြီးဆုံး ရှားပါးရတနာတွေ ပိုင်ဆိုင်ကြသတဲ့။ နှမြောစရာကောင်းတာက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတည်းက သူတို့က ပျောက်ကွယ်သွားကြပြီတဲ့။ ဒါပေမဲ့ သူတို့ရဲ့ လျို့ဝှက်ဆန်...