425 66 87
                                    

- Unicode -

ခပ်ရိုင်းရိုင်းတီးလုံးတွေက ထယ်ဟွန်းရဲ့အာရုံ ဆီကို နားကလော်လှစွာပဲဝင်လာတယ်။ ရှုလိုက်မိတဲ့ ဆေးခြောက်ငွေ့တွေက မွှန်ထူလို့။ အနံ့အသက်မကောင်းလှတဲ့ ပေရိပေရေ နိုက်ကလပ်တစ်ခုကို အရှေ့ကလူဟာတော့ အေးအေးလူလူပဲ ဝင်သွားနေတယ်။

ချွဲယောန်ဂျွန်းဟာ သူ့ရဲ့ အရှုပ်တော်ပုံတွေထဲကို ဂန်ထယ်ဟွန်းကိုပါ ဆွဲခေါ်လာတတ်မြဲဖြစ်တယ်။ မနက်ကတင် ဘဏ်သူဌေးတစ်ယောက်ကို လက်စတုံးခဲ့တဲ့လူဟာ ညဘက်မှာလည်း ဘယ်ကို ပြသာနာရှာလိုလှမှန်းမသိခဲ့။ လက်ဖြောင့်သေနတ်သမားတစ်ယောက်ဟာ ဒီလိုရှုပ်ထွေးမှုတွေကြားထဲ ဝင်ဆန့်ချင်လှတာမဟုတ်မှန်း သိရဲ့သားနဲ့ ဂန်ထယ်ဟွန်းကို တမင်စိတ်ရှုပ်အောင် ဆွပေးရတာက ယောန်ဂျွန်းရဲ့အကြိုက်ဖြစ်တယ်။ အသန့်ကြိုက်လှတဲ့ ထယ်ဟွန်းဟာတော့ ယောန်ဂျွန်းခေါ်လာတဲ့ ပေတိပေစုတ်ကလပ်ကို သိပ်ပြီးသဘောတွေ့နေရာမဟုတ်လှပါပေ။

" ပြောတော့ အကို့ နားရက်ဆို "

ထယ်ဟွန်းခပ်ကျယ်ကျယ်အော်မေးလိုက်တယ်။ ယောန်ဂျွန်းက သူ့မျက်ခုံးတွေကို အလိုမကျပုံနဲ့တွန့်ချိုးပစ်တယ်။

" ဘွားတော်ကြောင့် "

ယောန်ဂျွန်းရဲ့ ခပ်ပြတ်ပြတ်အဖြေနောက်မှာ ထယ်ဟွန်းဟာ စုတ်စုတ်ပျက်ပျက် ခုံဝိုင်းတွေ လူတွေကို မထိမိအောင် ကြိုးစားရင်း အနောက်ကလိုက်လာနေရတယ်။ သိပ်နားထောင်မကောင်းလှတဲ့ တီးလုံးသံတွေကြားမှာ လူတွေက မူးမူးရူးရူးကခုန်နေကြတုန်းပဲ။

" သူခိုင်းတဲ့ကိစ္စနဲ့ ဒီနေရာနဲ့ ဘာဆိုင်လဲ "

ထယ်ဟွန်းစိတ်မရှည်လှစွာပဲမေးလိုက်တယ်။ ဒီနိုက်ကလပ်ထဲမှာ ရေငုပ်သလို အသက်အောင့်နေရတာကို သူကျေနပ်လှတာမဟုတ်ဘူး။

" ခဏနေမင်းသိမှာပါဆို။ စိတ်ရှည်လက်ရှည်ထားပြီး အနောက်ကနေ လိမ်လိမ်မာမာလေးလိုက်ခဲ့စမ်းပါ ညီလေးရ! "

ယောန်ဂျွန်းဟာ ခပ်စွာစွာပဲပြောတယ်။ သူရဲ့ လည်ပင်းပြည့်ဝတ်ထားတဲ့ ဆွယ်တာလက်ရှည်အနက်ရောင်က ကိုယ်ပေါ်မှာ ချပ်ချပ်ကပ်ကပ်ပဲ။ ရှုပ်ထွေးရှုပ်ပွနေတဲ့ ကလပ်ရဲ့လူအုပ်ကြားထဲကို သူက လျင်လျင်မြန်မြန်ပဲ ဖြတ်သွားတယ်။

𝐌𝐲𝐬𝐭𝐢𝐜 : the city of hell ✞︎ (yj.bg)Where stories live. Discover now