-Unicode-
" မြန်မြန်သေပေးဖို့နည်းလမ်းများရှိလား? "
အနက်ရောင် ဆံဖျားတွေကို မီးခိုးဖျော့ရောင်ဖောက်ထားတဲ့ ခပ်ဖွာဖွာဆံပင်တွေကိုထိုးဖွရင်း ထွက်လာတဲ့ ခပ်လျော့လျော့အသံ။ ဘယ်အရာကိုမှ စောက်ဂရုစိုက်ခြင်းရှိမနေတဲ့ အဲ့လူရဲ့လက်မှာ သွေးစီးကြောင်းရင့်ရင့်တွေက ခြောက်ကပ်ကပ်နဲ့ပဲ ခိုတွဲတယ်။ လက်တင်စာလုံးဆက်ထိုးထားတဲ့ လက်ဖျံစောင်းကတက်တူးဟာတော့ အနက်ရောင်ကြွကြွရှိတယ်။
" ကျည်ဆန်ဖြုန်းရမဲ့နည်းလမ်းမဟုတ်ဘဲ ငါလည်း လက်သိပ်မလှုပ်ရတော့မဲ့ ဖြေရှင်းနည်းမျိုးပေါ့ "
သားရဲတစ်ကောင်က သူ့ရဲ့သားကောင်ကိုဘယ်လောက်ထိဆော့ကစားတတ်တာလဲ။ ရင့်ရင့်သီးသီးမဟုတ်တဲ့ အပြုအမူတွေနဲ့တင် သူ့ရှေ့ကလူက ကြောက်ကြောက်ရွံ့ရွံ့ပဲ။ မဲ့ရွဲ့နေတဲ့ ခြောက်ခြားမှုအမူအရာတွေက အော်ဂလီဆန်စရာကောင်းလှပေမဲ့ ယောန်ဂျွန်း လေပူတစ်ချက်ပဲမှုတ်ထုတ်လိုက်တယ်။
ပျင်းစရာ။
မီးထင်းနေတဲ့ ရုံးခန်းထဲမှာ ပေါ်ပေါ်ထင်ထင်ကျူးလွန်ဖြစ်ဆဲ လူသတ်မှုဟာ ဘာမှရေရေရာရာမရှိဘဲပြီးသွားမှာကိုတော့သူမနှစ်သက်လှပါဘဲ။
"ကျောက်စိမ်းပန်းချီကားဘယ်မှာလဲ? မှတ်မိအောင်ပြောရရင် ခများခိုးသွားတဲ့ ကျောက်တလက်လက်နဲ့ လေးထောင့်ချပ်ကြီးလေ "
" ငါဘာမှ ဘာမှမသိဘူး !! "
အသက်လေးဆယ်ကျော် ဦးလေးကြီးရဲ့အသံကဝူးဝူးဝါးဝါး။ ယောန်ဂျွန်း စုပ်တစ်ချက်သပ်လိုက်တယ်။
" ဆရာရေ့ စိတ်မကောင်းပေမဲ့ သူဌေးက အဲ့ပန်းချီကို ပြန်လိုချင်တယ် ဗျ"
ယောန်ဂျွန်းရဲ့ ရွတ်ရိရွတ်ချော်စကားသံဟာ သားကောင်ရဲ့ အကြောက်တရားကို ခပ်တိုးတိုးဆွတယ်။ ချွေးသီးချွေးပေါက်တွေတသီကြီးနဲ့လူက ကယောင်ခြောက်ခြားပဲရေရွတ်တယ်။
" ငါမသိဘူး မသိဘူး !!! "
" နောက်ဆုံးသေခါနီး ဆုတောင်းစကားကဒါပဲလား? "
အသံထွက်မလာတော့တာများ သူမသတ်ခင်သေသွားတော့မလားအောက်မေ့ရတယ်။ စောက်သဲငယ်လိုက်တဲ့ စားဖားကြီးတွေပဲ။ လေဝဝရှုနေရင်းနဲ့တောင် လောဘတက်ကြမဲ့ သကောင့်သားတွေက ဒီလိုအချိန်မျိူးကျရင် အဖြစ်ကိုမရှိတတ်ကြတော့တာ။
YOU ARE READING
𝐌𝐲𝐬𝐭𝐢𝐜 : the city of hell ✞︎ (yj.bg)
Fanfictionမီရယ်လူမျိုးတွေအကြောင်း မင်းတို့ကြားဖူးလား။ မှော်အတတ်တွေရှိတယ်လို့ လူတွေပြောကြတယ်။ တန်ဖိုးအကြီးဆုံး ရှားပါးရတနာတွေ ပိုင်ဆိုင်ကြသတဲ့။ နှမြောစရာကောင်းတာက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတည်းက သူတို့က ပျောက်ကွယ်သွားကြပြီတဲ့။ ဒါပေမဲ့ သူတို့ရဲ့ လျို့ဝှက်ဆန်...