[1]

19.8K 1.3K 83
                                    

"Kim Taehyung ဒူးထောက်စမ်း
ငါ့ရှေ့မှာ'

"Kim Taehyung နှုတ်ခမ်းတွေကတကယ်
နမ်းလိုက်မိရင်နူးအိနေမလားပဲ'

"Kim Taehyung ကိုငါပဲအနိုင်ကျင့်မှာ'

"Kim Taehyung မင်းကသေသည်အထိငါ့ဟာ
ဆိုတာမမေ့နဲ့နော် ကြားလားငါပြန်မလာခင်ထိ
ကောင်းကောင်းနေကောင်းကောင်းစားထား'

"ငါသွားပြီနော် Kim Taehyung '

Smrik တစ်ခုဖြင့်လှောင်ပြုံးသူ့ကိုလုပ်သွား
တော့ထိုလူ....

"အားး'

လန့်နိုးလာခဲ့သည် အိမ်မက်ပဲဒါကအိမ်မက်ပဲ
ညတိုင်းလိုလိုဒီစကားသံတွေပဲပြန်မက်နေခဲ့
သည် ထိုလူသားဟာသူနဲ့နှစ်တွေကြာအောင်
ဝေးကွာသွားတာတောင် အခုထိဒုက္ခပေးနိုင်ပါ
တုန်းလား ကြောက်တယ် Jeon Jungkook ကို
မူးမေ့မတတ်ဒီတိုင်းတွေ့လျှင်ကို သူကြောက်မိသည်

"အိပ်မပျော်တော့ဘူး TVကြည့်ရင်ကောင်းမလား'

အချိန်ကိုကြည့်မိတော့ 2:00 AM
ဒီအချိန်ဆိုသူ့မန်နေဂျာ မင်ချွိုင် ကိုလည်း
ဖုန်းဆက်ရင်မကောင်းပေအိပ်တုန်းပဲနေမှာပေါ့
မန်နေဂျာဆိုမှဟုတ်ပါသည် သူဟာအခုနိုင်ငံ
ကျော်မင်းသားတစ်ယောက်ပါ

"ဘာကားကြည့်ရင်ကောင်းမလဲ'

TVကိုဖွင့်ပြီး တစ်လိုင်းပြီးတစ်လိုင်းပြောင်း
နေမိသည် ရုတ်တရက်TV လိုင်းတစ်ခုကိုကြည့်
မိတော့ TV ဖန်သားပြင်ပေါ်တွင်ပေါ်လာသည့်
နာမည်ကြီးအဆိုတော်တစ်ဦး Jeon Jungkook
သီချင်းဆိုနေသည့်ပုံရိပ်...

အလျင်အမြန်ပင်TV ကိုပိတ်ကာ ဒူးပိုက်ပြီးခေါင်းကိုလက်ဖြင့်အုပ်ပြီးငိုနေမိသည် ငယ်ငယ်တည်းကမိဘတွေဆုံးပါးသွားတဲ့သူ့အဖို့သူ့ဘ၀ဟာ တစ်ကောင်ကြွက်သာသာပင် ကိုယ့်ဘာသာကျောင်းရအောင်တက်ပြီး နိုင်ငံကျော်ရုပ်ရှင်မင်းသားဖြစ်အောင်သူကြိူးစားခဲ့သည် ဝါသနာပါတာမို့ပင်Jeon Jungkookဟာလည်းသူ့ကိုမသိဘူးဆိုတာမဖြစ်နိုင်ပေ သိနေလောက်မှာ သူသိနေလောက်မှာ ကျတော့်ဆီပြန်လာပြီးနှိပ်စက်ဖို့အချိန်ယူနေတာနေမယ် ကျတော်သိပ်ကြောက်တယ်သူ့ကိုကျတော့်ဘ၀ရဲ့အကြီးမားဆုံးစိတိဒဏ်ရာတွေဟာအထက်တန်းနှစ် သူနဲ့စတွေ့ချိန်မှာစတင်ရရှိခဲ့တာပဲ..

𝐌𝐕 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now