"ရပ်စမ်း!!'
ရိုက်ကွင်းအတွင်း Jungkook၏ ရပ်စမ်း
ဆိုတဲ့အသံဟာဟိန်းကနဲပင်"ကဒ်! ရပ်မယ်'
Directorလည်းခနတာရပ်ခိုင်းလိုက်သည်
Taehyungကတော့ဘာမှမသိကြောင်တောင်
တောငိနှင့်ပင်"ဒီမှာ Director ဒီအခန်းကဖက်ရမဲ့အခန်း
မပါဘူးလေ ဘာလို့အသက်ကိုဖက်ခိုင်းတာလဲ'"ဟင်ကျတော်မဖက်ခိုင်းပါဘူး'
"ခင်ဗျားမဖက်ခိုင်းရင်ကျတော့်အသက်က
ဖက်မလားဗျ ကျတော့်ကိုမလှိမ့်တပတ်
လာမလုပ်နဲ့နော် ဇာတ်ညွှန်းတွေအကုန်
ဖတ်ပြီးပြီ အလွတ်တောင်ရနေပြီ '"Jeon ဘာဖြစ်တာလဲ'
ဒေါသထွက်နေသည့် Jungkookနဲ့အတူ
မျက်နှာလေးဇီးရွက်လောက်သာရှိတော့သည့်
Directorအနား Taehyungနဲ့Eunjuရောက်လာ
ကြသည်"ဒီအခန်းကဖက်ရမဲ့အခန်းမပါဘူးလေ အသက်'
"ဟုတ်တယ်လေ Jeon'
"အဲ့တာဆိုဘာလို့ခါးကိုလှမ်းဖက်လဲ
အသက်ကသက်သက်အသားယူချင်တာလား?'"ဟာမဟုတ်ပါဘူး
Directorကလှမ်းဖက်ရမယ်ဆိုလို့'Taehyungထိုသို့ပြောတော့
Jungkookကစိတ်တိုစွာ Directorဘက်လှည့်
လာတော့"မဟုတ်ဘူး ကျတော်မပြောမိပါဘူး Taehyungကို'
"ဒါမဲ့ Eunjuက Directorကလှမ်းဖက်ခိုင်းတယ်
ဆိုပြီး ရိုက်နေရင်းကြီးပြောလာတာမို့
ကျတော်လှမ်းဖက်လိုက်တာပါ'Taehyungထိုသို့ပြောတာနဲ့အကုန်လုံးရဲ့
အကြည့်တွေက မင်းသမီး Ji Eunjuဆီ
ရောက်လာကြသည်"အဲ့တာက ပိုပီပြင်မယ်ထင်လို့
မင်းသားTaehyung ကိုပြောလိုက်တာပါ'"ပိုပီပြင်အောင်ဟုတ်လား?'
Jungkookကအေးစက်တဲ့အနေအထားဖြင့်
Eunjuရှေ့ရောက်လာသည်"Jungkook shiiကဘာကိုမကျေမနပ်
ဖြစ်ရတာလဲ?ဒါကဇာတ်ကားရိုက်ရုံလေးပါ
Taehyung shiiရဲ့ကောင်လေးကဒီလိုမျိုး
အတွေးတိမ်နေမယ်မထင်ထားဘူး'သူခိုးကလူပြန်ဟစ်လို့ပါလားဟု
Jungkook တွေးမိသည် Ji Eunjuရဲ့
အသက်အပေါ်ကြည့်တဲ့အကြည့်တွေကို
သူရိပ်စားမိသည် အသက်အပေါ်ဘလောက်
လိုချင်တပ်မက်နေလဲသိသာသည်
YOU ARE READING
𝐌𝐕 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionငါ့ကိုငြင်းရင် မင်းနှုတ်ခမ်းတွေကိုပေါက်ပြဲအောင်သာမက အသက်ရှူကျပ်အောင်ပါနမ်းရှိုက်ပစ်မှာနော် Kim Taehyung _____________________________ Jungkook မင်းဘာလို့ငါ့ကိုနားမလည် ပေးနိုင်တာလဲ မင်းကိုချစ်လွန်းလို့မင်းဖြစ်နေလို့ငါဘာမှနားမလည်နိုင်တော့တာ Kim Taeh...