[8]

10.6K 1K 58
                                    

"အကို့ထင် မင်းတို့သတင်းစာရှင်းလင်းပွဲ
ချက်ချင်းလုပ်ရမယ်ထင်တယ်'

"အင်းအဲ့လိုမှဖြစ်မယ်'

Kim Taehyung တိုက်ခန်းဧည့်ခန်းထဲတွင်
မန်နေဂျာနှစ်ယောက်နဲ့သူတို့နှစ်ယောက်ထိုင်ပြီး
ဒီသတင်းကိစ္စကိုဆွေးနွေးနေကြစဉ်
မန်နေဂျာနှစ်ယောက်လုံးဆီကထွက်လာသည့်စကား

"အင်းကျတော်ကောထင်တယ် Hyung'

Kim Taehyung ကပါထိုသို့ပြောလာသည်

"ငြင်းမှာလား?'

Jeon Jungkook ဆီကထွက်လာသည့်
ထိုစကားကြောင့် Kim Taehyung မျက်ခုံး
နှစိဖက်ဟာကျုံ့လျက် စိတ်အလိုမကျပေ

"သေချာပေါက်ငြင်းရမှာပေါ့ Jungkook
အဲ့သတင်းကအမှန်မှမဟုတ်တာ'

"ငါကတော့မငြင်းချင်ဘူး'

Jeon Jungkook စကားကြောင့်
အံ့ဩရသည်ကKim Taehyung နှင့်
Kim Taehyung ရဲ့မန်နေဂျာ

သေချာပေါက်သူ့မန်နေဂျာကတော့
သူ့စကားကိုအံ့ဩနေမှာမဟုတ်ဘူး
သူ့အကြောင်းသိတာမို့

"မငြင်းချင်ရအောင်မင်းနဲ့Taehyungieက
တကယ်ချစ်သူတွေမှမဟုတ်တာ'

"ချစ်သူလုပ်လိုက်မယ်ဆိုရင်ရော'

"မင်းမချစ်ပဲTaehyungieကို
လိုက်ကစားနေတာရပ်သင့်ပြီ'

"အမိန့်ပေးရအောင်မင်းက
ငါ့ပထွေးလား'

"မင်းမိုက်ရိုင်းတာပဲတော်တော်
မင်းfanတွေမင်းကိုဘာကြောင့်များ..'

"နေပါဦးငါ့fanတွေကိုငါဆက်ဆံပုံနဲ့
မင်းကိုဆက်ဆံပုံတူလို့ငါ့fanတွေကိုထည့်ပြော
နေတာလား မန်နေဂျာကမန်နေဂျာလိုနေ
Kim Taehyung ရဲ့ မန်နေဂျာ'

တစ်ဆနဲ့တစ်ဆရုတ်တရက်ပြင်းထန်လာတဲ့
စကားဝိုင်း ဘေးလူနှစ်ယောက်Kim Taehyung နှင့် Jeon Jungkook မန်နေဂျာကတော့ဒီတိုင်းသာကြည့်နေမိသည်

"မဟုတ်ပါဘုးငါပြောတာရိုးရိုးလေးပါ
Taehyungie နဲ့မင်းကတကယ်ဘာပတ်သတ်
မှုမှမရှိဘူးလေ'

"ဘသူပြောလဲငါတို့ပတ်သတ်မှုမရှိဘူးလို့
ငါညကKim Taehyung တိုက်ခန်းကိုခိုးလာပြီး
Kim Taehyungကို အလှထိုင်ကြည့်မယ်ထင်နေတာလားမင်းက'

𝐌𝐕 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now