[22] [final]

14.4K 872 19
                                    

"အ့ ငါ့လက်'

လက်တစ်ဖက်အပစ်ခံလိုက်ရတဲ့ Eunju
တစ်ယောက်နာကျင်သွားတာကြောင့်
Jungkook ကိုလန့်တဲ့စိတ်ကပါပိုကြီးစိုးလာ
ခဲ့သည်

"ငါ‌ရှင်လျက်နဲ့သေအောင်လုပ်မယ်လို့မင်း
ကိုပြောခဲ့တယ်နော် Ji Eunju
မင်းရဲ့အနုပညာလောကကပါကန်ထုတ်ခံရ
အောင်ငါလုပ်ပြမယ်မှတ်ထား'

လက်ညှိုးတည့်တည့်ထိုးကာသွေးအေးစွာ
ပြောနေသည့် နတ်ဆိုးသည်ချစ်ရသူအပေါ်
ဆက်ဆံပုံနှင့်လားလားမျှမဆိုင်ကြမ်းတမ်းနေ
ခဲ့သည် ဒီလိုကလည်းချစ်ရသူကိုထိသူတိုင်း
အတွက်ဆက်ဆံပုံပင်

"တောင်း..တောင်းပန်ပါတယ်
Jungkook '

ထွက်သွားတော့မို့ပြင်နေတဲ့ Jungkook ခြေထောက်ကိုဖက်ကာတောင်းပန်နေတဲ့
Ji Eunju လက်တစ်ဖက်ကထိထားတာကြောင့်
သွေးတွေကလည်းစီးကျလျက်ပင် နတ်ဆိုး
ဘောင်းဘီအောက်ခြေမှာပါအနည်းငယ်ပေ
သွားသည်

"မင်းလုပ်ထားတဲ့အပြစ်အတွက်ခံယူရမယ့်
အရာပဲ ဒီထပ်ဆိုးတာတွေလာဦးမှာမို့
စောင့်မျှော်နေပါ အာ...ပြီးတော့ငါအသံသွင်း
သွားတယ် မင်းပြောခဲ့တာတွေကို'

ပြောပြီးခပ်ဟဟရယ်ကာ ထွက်သွားသော
နတ်ဆိုးဆိုသူ
_______________________________

နောက်နေ့မနက်လူနာခန်းတွင် Jungkook
တစ်ယောက်ချစ်ရသူကိုစောင့်ရင်းဘေးတွင်
အိပ်ယာပေါ်ခေါင်းတင်ကာထိုင်ပြီးအိပ်ပျော်
နေခဲ့သည်

"Jungkook.. Jungkook ထတော့'

"ဟင် Hyung တို့အစောကြီးရောက်လာ
ကြတာလား'

"အင်း Taehyungie ကိုစောင့်ပေးမို့လေ
တိုက်ခန်းကနေလိုအပ်တာတွေပါယူခဲ့တယ်
အခုထိသတိမရသေးတာစိတ်ပူစရာပဲ
မဟုတ်လား'

ချစ်ရသူကိုလှမ်းကြည့်မိလိုက်သည်
သတိမေ့နေတာတောင်ချစ်ဖို့ကောင်းလွန်းနေတယ် ဒီလူသားကိုသူသိပ်မြတ်နိုးပြီးချစ်ရသည်

"မင်းပင်ပန်းနေမှာပေါ့ Jungkook
ဘာမှမစားရသေးဘူးမလား မနက်စာ
၀ယ်လာတယ်တူတူစားကြမယ်လာ'

Taehyungမန်နေဂျာကခေါ်နေတာမို့
တူတူ၀င်စားလိုက်တော့သည်

"Jungkook ဒီမှာတရားခံက မင်းသမီး
Ji Eunjuတဲ့ အသံဖိုင်ပါတက်လာတယ်
Taehyungကိုလုပ်ကြံတာသူတဲ့
ပြီးတော့လက်တစ်ဖက်ကထိထားသေး
တယ်တဲ့'

𝐌𝐕 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now