Unicode
မိဘရင်ခွင်ကိုမျက်နှာအပ်ရင်း ဆိုးချင်သလောက်ဆိုး၊ ဆော့ချင်သလောက်ဆော့၊ ချွဲချင်သလောက်ချွဲနေရမည့် ငယ်လွန်းတဲ့အရွယ်လေး။ ယခုတော့ ထိုအရွယ်ကလေးငယ်လေးတစ်ယောက်က သွေးမတော်သားမစပ်သည့် သူစိမ်းအိမ်တစ်အိမ်ရှိ ဧည့်ခန်းတွင် ဆိုဖာပေါ်မှာကျုံ့ကျုံ့လေးထိုင်နေရင်း ရှိုက်ကြီးတငင်ငိုနေသည်။ ထိုကလေးငယ်၏ ဘေးတစ်ဖက်တစ်ချက်ဆီတွင် ထိုအိမ်ကြီးသခင်ဇနီးမောင်နံှနှစ်ယောက်ထိုင်နေကာ ထိုကလေးငယ်အားစိတ်မကောင်းကြီးစွာ စိတ်ရင်းတို့ဖြင့် ချော့မြူနေလေသည်။
"သားဖေဖေက ညနေကျရင်ပြန်လာခေါ်မှာပါသားရဲ့ ပုံမှန်ဆိုသားကိုကုမ္ပဏီခေါ်သွားနေကျမလား ဒီနေ့ကအရေးကြီးတဲ့အစည်းအဝေးရှိလို့ ဦးဦးတို့အိမ်မှာခဏထားခဲ့တာပါ မငိုနဲ့တော့နော်"
"တီတီတို့ကလည်း သားစားချင်တာစား ဆော့ချင်တာဆော့ လုပ်ချင်တာတွေလုပ် အကုန်အလိုလိုက်ပေးမှာပါ မငိုနဲ့တော့နော်"
"ဟင့်အင်း ဖေဖေ့ကိုပြန်ခေါ်ပေး ဖေဖေ့နဲ့ဘဲပြန်လိုက်ချင်တာ ဖေဖေနဲ့ဘဲဆော့ချင်တာ ဟင့် . . အီဟီး"
လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကာ အကြပ်ရိုက်နေရသည်။ ထိုကလေးငယ်အားဘယ်လိုပင်ချော့ရမှန်းမသိ။ Jung Hyukကဒီနေ့တစ်နေကုန်လုံးဝမအား အစည်းအဝေးတွေတက်စရာရှိနေသည့်အပြင် ကလေးမှာလည်းကျောင်းပိတ်ရက်ဖြစ်နေသည်မလို့ သူ့မှာအကျပ်ရိုက်နေရှာသည်။ အိမ်တွင်အမေဖြစ်သူနှင့်မထားခဲ့ချင်ဘူးဟုဆိုကာ ဖုန်းဆက် အကူအညီတောင်းလာသည်။ ပုံမှန်ကျောင်းပိတ်ရက်တွေဆို ကုပ္မဏီခေါ်သွားနေကျဖြစ်ပြီး အခုကအမှန်တကယ်ပင်မအားပုံရပါသည်။
ငယ်သူငယ်ချင်းတွေလည်းဖြစ် စီးပွားဖက်တွေလည်းဖြစ်သည်မလို့ ဒီလောက်ပြဿနာလေးကတော့အလွယ်တကူ ကူပေးနိုင်သည်။ ထို့ပြင် Jung Hyukတို့မိသားစုပြဿနာကိုလည်း သိသင့်သလောက်သိထားသည်မလို့ ထိုကလေးလေးအတွက်လည်းစိတ်မကောင်း။"မာမီ. . .ဒယ်ဒီ"
ထိုစဥ် ဧည့်ခန်းအပေါက်ဝမှ မျက်နှာငယ်လေးနှင့်ရပ်ကာအော်ခေါ်လာသော သားဖြစ်သူကြောင့် အမေဖြစ်သူကြည့်လိုက်မိရင်း. . .
YOU ARE READING
အစမ်းသပ်ခံအသည်းနှလုံး
Fanfictionအချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် ဒါမှမဟုတ် ကံကြမ္မာကိုသာပြင်ဆင်ခွင့်ရမယ်ဆိုရင် အဲ့ဒီနေ့က ကျွန်တော်သူ့ကိုသိပ်ချစ်ကြောင်း ဝန်ခံခဲ့မိမှာ...