အပိုင်း (၅)

192 34 3
                                    

Unicode

"မင်းကို ယောကျာ်းလေးတစ်ယောက်နဲ့ စေ့စပ်ပေးတော့မလို့"

"ဘယ်လို..."

Kai မျက်နှာထက်တွင် ရုတ်တရက်ဆိုလာသောစကားအား မယုံနိုင်ခြင်းများစွာဖြင့် အံ့သြထိတ်လန့်မှုတို့အပြည့်ဖြစ်သွားခဲ့သည်။ သူနားကြားမှားလိုက်တာများလား။
သို့သော် မဟုတ်ခဲ့။

"မင်းကို စေ့စပ်ပေးတော့မလို့ ယောကျာ်းလေးတစ်ယောက်နဲ့"

"......"

Kaiဘာကိုမှ ဆက်မစားနိုင်ပါ။
အတည်ပေါက်ကြီးလာကြည့်ကာပြောနေသော ဒယ်ဒီ့က်ုဆက်မကြည့်တော့ဘဲ မာမီ့ဘက်ကိုကြည့်မိတော့ သူ့ကိုကြည့်နေတဲ့မာမီ့မျက်ဝန်းတို့မှာ ဒယ်ဒီပြောတာအမှန်တကယ်ဖြစ်ကြောင်း သူ့အားထပ်မံပြောဆိုနေသယောင်။ ကိုင်ထားမိသောဇွန်းနှင့်ခက်ရင်းမှာ ဘယ်အချိန်ကတည်းကအောက်သို့ကျသွားသည်မသိ။ သူသတိပြန်ဝင်လာချိန်၌ သူ့လက်ထဲတွင် ဇွန်းနှင့်ခက်ရင်းဟာရှိမနေတော့။

သူအလွန်ပင် ထိတ်လန့်နေလျက်..

"အခု...အခု...သားကို ယောကျာ်းလေးတစ်ယောက်နဲ့စေ့စပ်ပေးမယ် ပြောလိုက်တာလား"

မာမီ့ကိုကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။
သူအံ့သြကာမယုံနိုင်တာမလို့ အသံတို့မှာလည်းတုန်ယင်နေသည်။ ထိုအခါ မာမီက အခုထိမယုံနိုင်ဖြစ်နေသည့်သူ့အား စိတ်ပူသလိုကြည့်လာကာ

"ဟုတ်တယ် သားငယ် မင်းကို Taehyunလေးနဲ့စေ့စပ်ပေးတော့မလို့ မှတ်မိသေးလားသူ့ကို"

"ဘယ်က Taehyunလဲ သားကဘာလို့စေ့စပ်ရမှာလဲ မဖြစ်နိုင်တာတွေ ယောကျာ်း ချင်း-"

"အကုန်စီစဥ်ပြီးပြီ"

"......."

ဒယ်ဒီက သူ့မနက်စာသူဆက်စားနေရင်းမှပြောလာခြင်း။ အကုန်စီစဥ်ပြီးပြီ... ဒါဘာသဘောလဲ။
သူ့ကိုအသိပေးရုံပြောပြတာမျိုး။
လိင်တူချစ်ကြ၊ကြိုက်ကြတာတွေကို သူမကန့်ကွက်ပါ။ သို့ပေမယ့် သူဟာတော့ Gayတစ်ယောက်မဟုတ်ချေ။

"အကုန်စီစဥ်ပြီးပြီဆိုတာ ဘာလဲ ကျွန်တော်gayမဟုတ်ဘူး သားကိုမတိုင်ပင်ဘဲ ဒယ်ဒီတို့က ကျစ်* မိန်းကလေးဆိုလည်းထားပါတော့ ယောကျာ်းလေးနဲ့တဲ့ သားလက်မခံနိုင်ဘူး"

အစမ်းသပ်ခံအသည်းနှလုံးWhere stories live. Discover now