Unicode
ကျောင်းပြီးရင် တရားဝင်လက်ထပ်ကြမယ်ဆိုကာမှ ကျောင်းကလည်းမပြီးနိုင်သေး။ ထို့ပြင် ကိုရီးယားတွင်ယောကျာ်းလေးချင်းတရားဝင်လက်ထပ်ယူလို့ရသည့် ဥပဒေလည်းမရှိသေးတာမလို့ ကျောင်းပြီးတာနဲ့ Taehyunရော Kaiရော အမေရိကသို့အပြီးသွားကြမည်ဖြစ်သည်။ လက်ထပ်ပွဲကိုလည်း ဟိုမှာပဲကျင်းပမည်ပေါ့။
တစ်ယောက်ကိုတစ်ယောက် ချစ်ပါသည်ဟု ဝန်ခံလိုက်သည့်နေ့ကနေစလို့ ရန်ဖြစ်စကားများသည့်ရက် ဟူသည် မရှိခဲ့။ စိတ်ဆိုး၊စိတ်ကသိကအောက်ဖြစ်စရာရှိလျှင်လည်း ချက်ချင်းထုတ်ပြောကာ ညှိယူကြ၏။ တစ်ခုရှိသည်က Kaiအလွန်စိတ်ဆိုးသွားလျှင် တိတ်ဆိတ်သွားတတ်သည်။ ဘာမှလည်းမပြောတော့။ ထိုအခါမျိုးတွင်တော့ Taehyu ကအလိုက်တသိကိုယ့်အမှားကိုယ်ရှာကာ Kaiနှင့်ပုံမှန်ကြန်မဖြစ်မချင်း ချော့တတ်သည်။
အရင်ကစကားများခဲ့သည့်အချိန်များအား အတိုးချကာ ချစ်နေပုံရပါသည်။ ကျောင်းမှာလည်းတတွဲတွဲ၊ အိမ်မှာလည်းတပူးပူးနှင့် ခွဲနေသည့်အချိန်မှာ မရှိသလောက်ပင်။ သဲလိုက်ကဲလိုက်ကြသည်မှာ ကြားလေပင်ဝင်စရာမရှိပေ။ ဘေးလူများပင် အမြင်ကတ်နေကြတော့သည်။
"ဖုန်းတကြည့်ကြည့်နဲ့ ဘာဖြစ်နေတာလဲ သားKai"
"ဗျာ....ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်ရင်လည်း ဖုန်းကိုတစ်နေရာတင်ထားပါတော့ အဲ့ဒီစာရင်းတွေကမှားလို့မရတာသိတယ်မလား"
"ဟုတ်ကဲ့ပါ ဖေဖေ"
Kai လက်ထဲမှဖုန်းကို စားပွဲပေါ်တစ်နေရာတွင်တင်လိုက်ပြီး မျက်စိရှေ့က ကွန်ပျူတာနှင့် စာရွက်စာတမ်းများကို ပြန်အာရုံစိုက်ကြည့်လိုက်မိသည်။ သို့သော်ထိုစာရွက်များထံတွင် အလုံးစုံစိတ်မနှစ်ထားနိုင်ပေ။ ဖေဖေက ကျောင်းပိတ်ရက်များတွင် သူ့ကုမ္ပဏီကိုလာစေ၍ အလုပ်သင်ပေးသည်။ တစ်ချိန်ဒီကုမ္ပဏီကိုသူဦးစီးရမည်မဟုတ်ပါလား။ ထို့ကြောင့်ဒီလိုရက်များတွင် သူအလုပ်ထဲသို့စိတ်နှစ်ကာ ကောင်းကောင်းလိုက်လုပ်သည်။ သို့သော် ယခုတွင်တော့ ကောင်းကောင်းမလုပ်နိုင်ပေ။
YOU ARE READING
အစမ်းသပ်ခံအသည်းနှလုံး
Fanfictionအချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် ဒါမှမဟုတ် ကံကြမ္မာကိုသာပြင်ဆင်ခွင့်ရမယ်ဆိုရင် အဲ့ဒီနေ့က ကျွန်တော်သူ့ကိုသိပ်ချစ်ကြောင်း ဝန်ခံခဲ့မိမှာ...