အပိုင်း (၁၂)

188 24 2
                                    

Unicode

ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တာကြောင့် Kai အိပ်ယာနောက်ကျမှထလာသည်။ ကျောင်းပိတ်ရက်တိုင်း ဒီအချိန်မှသာထခြင်းဖြစ်ပြီး အလန်းမလိုပေ အမြဲတမ်း ဆယ်တစ်ခွဲဝန်းကျင်ဆိုရင်သာပုံမှန်နိုးလာတတ်၏။

မနေ့ညကပြောသံကြားရသည်မှာ ဒီနေ့အိမ်အကူအလုပ်သမားတွေ၏ နားရက်ဖြစ်သည်တဲ့။ ဆိုတော့ တစ်နေကုန်အပြင်ထွက်စားရင်စား မဟုတ်ရင် deliနှင့်မှာစားရမည့်ပုံဖြစ်သည်။

ဒါဆို Taehyunကရော...

အတွေးထဲသို့မဆီမဆိုင်ဝင်လာသူကြောင့် Kaiမျက်မှောင်ကြုံ့လိုက်မိသည်။ သူ့ဟာသူ ဘယ်လိုဘဲစားစားငါနဲ့မှဆိုင်မနေဘဲလေ။ သို့သော်လည်း ခြေလှမ်းတို့က အခန်းတံခါးကိုဖွင့်နေပြီးဖြစ်သည်။ မျက်နှာချင်းဆိုင်မှ အခန်းအားကြည့်လိုက်မိရင်း အောက်ထပ်သို့ဖြည်းဖြည်းချင်းဆင်းလာခဲ့သည်။ ဒီအချိန်ဆိုသူလည်းထလောက်ပြီထင်ပါ၏။ အောက်ထပ်တွင်မရှိလျှင်တော့ သူ့အခန်းထဲတွင်ရှိနေလိမ့်မည်ပေါ့...

အောက်ထပ်သို့ရောက်ခါနီးလေး ရရလာသော ဟင်းမွှေးနံ့ကြောင့် Kaiဗိုက်ကလေးပင်ဆာလာခဲ့သည်။

ယခုသူအောက်ထပ်သို့ဆင်းလာခြင်းက Taehyunများဘာလုပ်နေလည်းသိချင်၍ ဖြစ်သည်။ သို့သော်ဘယ်နားမှာရှိနေသည်ကိုမသိ၍ မသိမသာရှာရဦးမည်ဖြစ်သော်ငြား အမွှေးရနံ့များဖြင့်ဆွဲဆောင်နေသော kitchen roomဘက်သို့ခြေဦးလှည့်လိုက်သည်။

ဒီနေ့ဟင်းချက်တဲ့အန်တီကြီးတွေက နားရက်ဆို..
ဒါဆိုဘယ်သူချက်နေတာလဲ?
Kai ဖြည်းဖြည်းချင်းပင် လျှောက်သွားရင်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မှင်သက်သွားခဲ့သည်။

ညအိပ်ဝတ်စုံ အပြာနုရောင်လေးနှင့် မျက်နှာထက်တွင်လည်း အပြုံးလှလှတို့တည်ရှိနေရင်း ဘာကိုသဘောကျပြီးများ ချက်ပြုတ်နေသည်မသိ။ လှုပ်ရှားမှုတိုင်းကို Kaiမျက်တောင်မခက်တမ်း ကြည့်နေမိခဲ့သည်။

တည်ကြည်နေရင်လည်း ချောသလောက်။
ပြုံးလိုက်ရင်လည်း သိပ်ကိုနှစ်လိုဖွယ်ကောင်းနေသည်။ သဘောတကျများရယ်မောနေရင်းရော ဘယ်လိုများဖြစ်နေမလဲ သူသိချင်မိသွားသည်။ ထို့ပြင်တစ်ဆက်တည်းတွေးမိသည်က

အစမ်းသပ်ခံအသည်းနှလုံးWhere stories live. Discover now