အပိုင်း (၄)

191 33 3
                                    

ဗုဒ္ဓဟူးနေ့တွင် Kai၏မွေးနေ့ပွဲပြုလုပ်မည်ဖြစ်သော်လည်း အင်္ဂါနေ့ညတွင်ထိုအိမ်သို့ ငိုယိုကာရောက်လာသော ကလေးတစ်ယောက်ရှိလေသည်။

အချိန်မှာ ညခုနှစ်နာရီဝန်းကျင်ခန့်ရှိနေသည်။

Kaiတို့အိမ်ရှေ့သို့ ကားတစ်စီးမှာ အရှိန်နှင့်ရပ်လိုက်သောကြောင့် ကားတာယာနှင့်ကတ္တရာလမ်း၏ပွတ်တိုက်သံမှာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ ကားရပ်သွားသည်နှင့်တစ်ပြိုင်နက်Taehyun၏ အဖေမှာ Taehyunအားချီပိုးထားပြီး အလျင်အမြန်ထွက်လာကာ အိမ်ထဲသို့ဝင်လာခဲ့သည်ကို Kaiသူ့အခန်းဝရံတာမှနေ၍ မြင်လိုက်သည်။ အောက်ထပ်သို့ပြေးဆင်းကာ Taehyunနှင့်တွေ့ချင်ပါသော်လည်း မာမီနဲ့ဒယ်ဒီက မခေါ်ဘဲနဲ့မဆင်းလာရဘူးနော်ဟုမှာထား၍ သူဆင်းလို့မရပေ။ ထို့ပြင် Taehyunလေးကဒီညသားနဲ့အိပ်ရမှာဆိုသည့်စကားကြောင့် Kaiပျော်နေပါသည်။

သို့သော်လည်း ရှိုက်ကြီးတငင် ငိုနေကာအိမ်ထဲသို့ဝင်သွားသည့် Taehyunအားပြန်သတိရတော့ သူဝမ်းနည်းရပြန်သည်။ ဘာလို့အမြဲတမ်းငိုနေ၊ထိခိုက်နေရသည်ကိုသူမသိ။ တွေလည်းမတွေးတတ်ပါ။ ညကျမှသူ့အရုပ်တွေအများကြီးပေးဆော့ကာ ဘာဖြစ်လို့လဲဟုမေးလိုက်တော့မည်ဖြစ်သည်။

Kaiတစ်ယောက်တစ်ခုခုအား စဥ်းစားနေဟန်ပြုမူပြီးနောက် ဝရံတာမှအထဲကိုဝင်ကာ ခုတင်ပေါ်သို့အပြေးအလွှားတက်လျက် စောင်ပုံအောက်ဝင်ကာ မျက်ဝန်းနှစ်စုံအား မှိတ်ထားလိုက်တော့သည်။

တစ်ခဏကြာသောအချိန်တွင် အိမ်ရှေ့မှ ကားမောင်းထွက်သံကိုသူကြားလိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးမှိတ်ထားရင်း မျက်နှာထက်အပြုံးတို့ဖြစ်ပေါ်လာလေသည်။

နောက်ထပ်ဆယ့်ငါးမိနစ်လောက်အကြာ၌ သူ့အခန်းဆီသို့လျှောက်လာနေသည့် ခြေသံတို့ကိုကြားလိုက်သည်။ တံခါးပေါက်ဘက်ကိုကျောပေးကာ တစ်ဖက်သို့အမြန်လှည့်အိပ်လိုက်သည်။

ဒေါက် ဒေါက် ဒေါက်*

ကျွီ*

တံခါးခေါက်သံနှင့်အတူ တံခါးဟာလည်းပွင့်သွားခဲ့သည်။

Seyoonသည် Taehyunလေးအား ချီထားလျက်ပင်အခန်းထဲသို့ဝင်လာခဲ့သည်။ Kaiလေးအားစောင့်နေမည်ဟုထင်သော်လည်း တံခါးဖွင့်လာတာတောင်မသိသည်မလို့ အိပ်ပျော်သွားပြီထင်။

အစမ်းသပ်ခံအသည်းနှလုံးWhere stories live. Discover now